Tuesday, August 30, 2011

အမေ့အိမ်မှ တိုင်းပြည်ချစ်သောလူငယ်များ


သူငယ်ချင်းများအားလုံး မင်္ဂလာပါ...

( 28.8.11 ) Beautiful Sunday မှာ အမေ့အိမ်ပညာဒါနကျောင်းလေးက ကြည်နူးဝမ်းသာစရာ
သတင်းမြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်။
Myanmar Youth Internet Donation Group( MYD )က လူငယ်များ သူတို့ ရဲ့ 
လစာဝင်ငွေလေးတွေကို စုပေါင်းပြီး အမေ့အိမ် စာကြည့်တိုက် အတွက်
လိုအပ်နေတဲ့ စာပွဲခုန် နှစ်စုံ၊ စာအုပ်မျိုးစုံ နဲ့ဂျာနယ်မျိုးစုံတို့ 
့ကိုလာရောက်လှူဒါန်းသွားခဲ့ကြပါတယ်။ ကျောင်းကိုရောက်ပြီးမှာ
ကလေးတွေကိုတွေ့ ပြီးစေတနာ ထပ်မံဖြစ်ပေါ်လာလို့ အအေးဒါနအလှူကိုပါ
ထပ်ပြီးလှူဒါန်းသွားကြပါတယ်။ ကလေးငယ်တွေကို မိမိတို့ ရဲ
့ညီငယ်ညီမငယ်များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့ 
နွေးထွေးကြင်နာစွာ ကိုယ်တိုင်ကိုယ်ကြ အအေးတိုက်ကျွေးခဲ့ကြပါတယ်။

ဒီလိုလူငယ်တွေရဲ့  အားလပ်ရက်မှာ မိမိတို့ ရဲ့ အချိန်ကို တစ်ကိုယ်ရေ
ပျော်ရွှင်မူ အတွက်မသုံးပဲ အများအကြိုးရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ
မိမိတို့ တတ်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ဆောင်ရွက်
လာကြတဲ့ အတွေးအခေါ် နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့  တိုင်းပြည်ကို
လူငယ်တွေဘယ်လောက်ချစ်ကြောင်
တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ ကျရာ
အခန်းကဏ္ဍကပါဝင်ကူညီနိုင်ကြောင်းလူငယ်တို့ ရဲအခြေခံ စိတ်ဓါတ် ကိုပြသတာပါပဲ။

ရိုသားဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံနေကြသည့်
တိုင်းပြည်ကိုချစ်သောလူငယ်များအား တိုင်းပြည်ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုခဲ့ပါလျှင် အလွန်ဟန်ချက်ညီသော
ဖြစ်ပေါ်တိုးတက်မူများ ရရှိလာလိမ့် မည်ဟု ယုံကြည်လျှက်။

( MYD ) မှ စေတနာရှင် လူငယ်များအား လေးစာဂုဏ်ပြုအပ်ပါသည်။

ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာရေးကော်မတီ
.

0 comments: