Wednesday, September 01, 2010

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အဖွဲ့ပေါင်းစုံ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ


ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့ပေါင်းစုံမှ ၂၉-၈-၂ဝ၁ဝ နေ့က Recycle Center တွင် ကျင်းပသော အစည်းအဝေး၌ အောက်ပါအချက်များကို ဆွေးနွေး ဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။
  1. “၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး” ဟူသော တိကျသည့်ရည်ရွယ်ချက်ကို အဆိုပါ ရွေးကောက်ပွဲ ပြီးသည့်အချိန်ထိ အချိန်အကန့်အသတ်ဖြင့် အကောင်အထည်ဖော် လှုပ်ရှားရန် အတွက် “၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)”၊ အင်္ဂလိပ်ဘာသာဖြင့် 2010 Election Boycott Committee (Japan) ကို အောက်ပါ အဖွဲ့အစည်းများဖြင့် စတင် ဖွဲ့စည်း လိုက်သည်။
၁၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ (NLD-LA – JB)
၂၊  မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် (LDB)
၃၊  Burma Democratic Action (BDA)
၎၊  Democratic Federation of Burma (DFB)
၅၊  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်  (နိုင်ငံခြားရေးရာကော်မတီ) (ABFSU)
၆၊  လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဂျပန်ဌာနခွဲ (DPNS)
၇၊  BRSA
၈၊  Save Burma
၉၊  Peaceful Burma
၁ဝ၊  မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်) (FWUBC)
၁၁၊  SCI
၁၂၊  အလင်းအိမ်
၁၃၊  National Democratic Front (Burma) NDF (B) Representative for Japan
၁၄၊  Palaun National Society (PNS)
၁၅၊  Arakan League for Democracy (Exile-Japan)
၁၆၊  Chin National Community-Japan (CNC-Japan)
၁၇၊  မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန် (HRWUB)
၁၈၊  မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်
၁၉၊  အဟာရစာစောင်၊ ဂျပန်
၂ဝ၊  Human Resource Development Program (HRDP)
မှတ်ချက်၊ ပူးပေါင်းပါဝင်လာမည့် နောက်ထပ် အဖွဲ့များကိုလည်း ဖော်ပြပေးသွားမည် ဖြစ်သည်။
  1. ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ယင်းတို့အနက် လောလောဆယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများ (Electoral public education) ကို ဆောင်ရွက်မည်ဖြစ်သည်။ အနာဂတ် ကံကြမ္မာ ဆုံးဖြတ်ခံရမည့် မြန်မာပြည်သူ တရပ်လုံးအား ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ ဥပဒေများ၊ ဆန္ဒမဲ၊ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခြေအနေ စသည်တို့၏ အခြေခံအချက်များ၊ တန်ဖိုးများနှင့် အကျိုးသက်ရောက်ပုံများဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်သည်။
  2. လူထုအား နှိုးဆော်ရေး (Public awareness campaign) အတွက် ပထမအကြိမ် အစည်းအဝေး၌  ဆုံးဖြတ်ထားသည့် Global Action Campaign အစီအစဉ်ကို ဆက်လက် ဆွေးနွေးခဲ့ပါသည်။  ၁၈-၉-၂ဝ၁ဝ နေ့တွင် တိုကျိုမြို့တော်၌ နေ့လည် ၂ နာရီ လူစုကာ အခမ်းအနား စတင်ပြီးနောက် နေ့လည် ၃ နာရီမှ စတင်ထွက်ခွာ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။ (တရားဝင် ဖိတ်ခေါ်စာကို မကြာမီ ထုတ်ပြန်ပါမည်။) ထို့ပြင် Global Action Campaign ကို ပိုမို ကျယ်ပြန့်ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် မိမိတို့ လက်လှမ်းမီရာ နိုင်ငံတကာ မြန်မာအဖွဲ့အစည်းများထံ လက်ဆင့်ကမ်း အကြောင်းကြားပေးကြရန် အတည်ပြုသည်။
  3. နောက်တပါတ်အကြာ လာမည့် တနင်္ဂနွေနေ့ (၅-၉-၂ဝ၁ဝ) နေ့လည် (၁) နာရီမှ ညနေ (၄) နာရီထိ AUN ရုံးခန်းတွင် အဖွဲ့ပေါင်းစုံ တတိယအကြိမ် အစည်းအဝေး ကျင်းပရန် ဆုံးဖြတ်သည်။
  4. ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ ပြန်ကြားရေးလုပ်ငန်းများကို လောလောဆယ်တွင် ကိုရဲငြိမ်း (အလင်းအိမ်) (ဖုန်း- 080-5070-0080) မှ တာဝန်ယူ ဆောင်ရွက်ပေးနေမည် ဖြစ်သည်။

0 comments: