Wednesday, September 01, 2010

စစ်ခွေးအစိုးရက ခွင့်ပြုချက်နဲ့ တာဝန်ပေး စေလွှတ်သူများမှအပ အကြောင်းကြောင်းကြောင့် ပြည်ပ သို့ ရောက်ရှိနေသူ မြန်မာနိုင်ငံသားများ မဲပေးခွင့်မရှိတဲ့


ပြည်ပနိုင်ငံများသို့ အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင် ရောက်ရှိနေသူ မဲဆန္ဒရှင် ၁၀၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၇၀၀၀ ကျော် ဖြစ်ကြောင်း သိရ
        ပြည်ပနိုင်ငံများသို့ အစိုးရခွင့်ပြုချက်ဖြင့် တရားဝင် ရောက်ရှိနေသူ မဲဆန္ဒရှင် ၁၀၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ၇၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။
        အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပတွင် ရောက်ရှိနေသူများ ဆိုရာတွင် အစိုးရက နိုင်ငံပြင်ပသို့ တာဝန်ပေး စေလွှတ်ထားသော မြန်မာနိုင်ငံ၏ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး အဆင့်ဆင့်၏ သံအဖွဲ့ဝင်များ၊ သံရုံးဝန်ထမ်းများ၊ ယင်းရုံးများတွင် အစိုးရက ပေးအပ်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်နေသည့် အခြားပုဂ္ဂိုလ်များ၊ ယင်းတို့အား မှီခိုနေသော ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့် အခြားသူများ၊ အစိုးရက နိုင်ငံပြင်ပသို့ တာဝန်ပေး စေလွှတ်ထားသော ကိုယ် စားလှယ်အဖွဲ့ဝင်များ၊ အစိုးရ၏ တာဝန်ပေးချက်အရ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ၀န်ထမ်းများ၊ ပုဂ္ဂိုလ်များ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုခု၊ နိုင်ငံခြား အစိုးရ၏ ဌာနတစ်ခုခု၊ ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုတို့တွင် အလုပ် လုပ်ကိုင်နေသူများ၊ နိုင်ငံခြားပညာသင် ပုဂ္ဂိုလ်များ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် ပုဂ္ဂိုလ်များ၊ ယင်းတို့အား မှီခိုနေသော ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့် အခြားသူများတို့ ပါဝင်ကြောင်း သိရသည်။
        လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်ဖြစ်ကြောင်း သိရသည်။
        ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါရှိသည့် အခန်း (၆) မဲစာရင်း ပြုစုခြင်းတွင် 'တပ်မတော်သားများ၊ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်း ဖော်ပြရမည်'ဟု ဖော်ပြပါရှိသည်။
         ထို့ပြင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းကို ရွေးကောက်ပွဲ မတိုင်မီ သတ်မှတ်ထားသည့် အတိုင်း ကြိုတင် ကြေညာရမည် ဖြစ်သည်။
         ''ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတစ်ဦးဟာ သက်ဆိုင်ရာ မဲစာရင်းမှာ မိမိရဲ့အမည် ပါဝင်ခြင်း မရှိခဲ့လို့ရှိရင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ့သို့ မိမိရဲ့အမည်ကို ထည့်သွင်းပေးဖို့ သတ်မှတ်ထားတဲ့အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက အမည်စာရင်း ထည့်သွင်းပေးခြင်း မရှိခဲ့လို့ရှိရင် သတ်မှတ်ထားတဲ့ အတိုင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ အယူခံခွင့် ရှိပါတယ်''ဟု နိုင်ငံ ရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့သည်။
         ပြည်ထောင်စုတစ်ဝန်းလုံးတွင် ၂၀၀၈ ခုနှစ် မေလက လူဦးရေ ၅၇ သန်းကျော်ရှိကြောင်းနှင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူဦးရေ ၂၇ သန်း ကျော်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် အကြောင်းကြောင်းကြောင့် ပြည်ပ သို့ ရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှာ သန်းကျော်ရှိကြောင်း
Eleven Media Group တွင်ဖော်ပြထားပါတယ်။။

0 comments: