
ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..
နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..
ဒီမိုဝေယံ
0 comments:
Post a Comment