Thursday, August 12, 2010

မတရားဖမ်းဆီးအကျဉ်းကျခံရသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)


၂၀၁၀ ခုနှစ် သြဂုတ်လ(၁၁)ရက်။
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပထမ” “ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိက” နအဖ စစ်အာဏာပိုင်က ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (တနှစ်)ပြည့်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့ ယနေ့ သြဂုတ်လ (၁၁)ရက်တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်လမ်းပြပေးသူ ဖြစ်သလို တိုင်းပြည်နှင့်လူမျိုး နိုင်ငံသူနိုင်ငံသားအားလုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိဖို့အတွက် စွန့်လွှတ်မှုများစွာဖြင့် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးသူ လည်းဖြစ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် အဓိက ဆောင်ရွက်နိုင်စွမ်းရှိသူ တယောက်လည်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အထူးပင် လိုအပ်လှပါသည်။ အဓိက ကျပါသည်။အလားတူပင် ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အလွန်ပင် အရေးကြီးပါသည်။ ဤကဲ့သို မြန်မာ့နိုင်ငံရေးအတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတိုသည် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် အမိန့်ချမှတ်ခဲ့သည့် လစဉ်(၁၁)ရက် နေ့ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ယနေ့ ဆန္ဒပြပွဲတွင် စုစုပေါင်း ၇၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)

0 comments: