"ဒီနှစ် နွေကသိသိသာသာပူတယ်ဗျ။ အရင်ကမြို့ထဲမှာကို ကုက္ကိုပင်ကြီးတွေ၊မန်းကျည်းပင်ကြီးတွေ၊ထနောင်းပင်ကြီးတွေရှိလို့ အရိပ်ရတယ်။ အခု အများစုက အလှစိုက် တည်ပင်တွေပဲဖြစ်သွားပြီ။ပူမှန်းပိုသိသာလာတာပေါ့ဗျာ။ လျှပ်စစ်မီးအခက်အခဲကြောင့် အဲယားကွန်းလည်းမသုံးနိုင်၊ ရေစက်လည်းမမောင်းနိုင်တော့ အချို့ရက်တွေဆို မနက်လင်းကတည်းက မိသားစုလိုက်ပုသိမ်ကြီးက ချောင်းမ ကြီးလို၊ဆည်တော်လေးလို၊ရေနီမြောင်းလို၊တောင်သမန်အင်းလို နေရာတွေမှာ အရိပ်ခိုပြီးရေချိုးအ၀တ်လျော်ကြရတာပါပဲ"ဟု အောင်နန်းရိပ်သာရပ်ကွက် မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
နန်းရှေ့ ရေနီမြောင်းတစ်လျောက် တွင်လည်း နံနက်စောစောတွင် မြို့တွင်းမှကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်၍ ရေချိုးအ၀တ်လျော်သူများ၊ညနေနေ၀င်ချိန်၌လည်း အလုပ်သိမ်းပြန်ရင်း ရေချိုးအ၀တ်လျော်သူများနှင့်များပြားလာပြီး ရန်ကင်းတောင်အရှေ့ဘက် နည်းပညာတက္ကသိုလ်အနီး မြောင်းမကြီးတွင် ကုက္ကိုပင်၊ထနောင်းပင်၊လက်ပံပင်အရိပ်ကြီးများအောက် မိသားစုလိုက်လာရောက်ကာ အနားယူရေချိုး၊ အ၀တ်လျော်ကြကြောင်း တွေ့ရှိရသည်။
source။။11joul

0 comments:
Post a Comment