Wednesday, May 05, 2010

၇ တန်း ကျောင်းသူ လေး တဦး အား နအဖ စစ်သားဟောင်း တပ်ဖွဲ တဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်


သျှမ်းပြည် မြောက်ပိုင်း၊ မိုင်းရယ် မြို့နယ်၊ လုခိုက် ကျေးရွာ အုပ်စု၊ နားယန်း ကျေးရွာနေ အဖ စိုင်းတိနှင့် အမိ နန်းလိုင်(နာမည်ရင်း မဟုတ်) တို့၏ သမီး အသက် ၁၃နှစ် အရွယ် ၇ တန်း ကျောင်းသူလေး နန်းရွက်(အမည်ရင်း မဟုတ်) အား
ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက် မြင့်ဆွေ ဦးဆောင် သည့် နမ့်လောင်းချောင်း သဲကျုံး ရောင်းသည့် ရဲဘော်ဟောင်း အဖွဲ့က မုဒိမ်းပြု သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။
“ပြီးခဲ့ တဲ့လ နောက်ဆုံးပတ် ကပေါ့ ရွာနီး ချုပ်စပ် သူမ ကျွဲကျောင်း သွားတဲ့ အချိန်မှာ မိုင်းရယ် - သီပေါ လမ်းမကြီး ဘေး နမ့်လောင်းချောင်း တံတား အပေါ်ဘက် သဲတူးဖို့် လာကြတဲ့ တပ်ရင်း (၆၄)မှ စစ်ထွက် လေးယောက်က မုဒိမ်း ကျင့်ပြီး သတ်ဖြတ် ခဲ့တယ်” ဟု ရွာသား တစ်ဦးက ပြောပါသည်။

ထိုစစ်သား ထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက် မြင့်ဆွေ၊ အသက် (၄၉) ရှိ စစ်ထွက် ထွန်းသိန်းနှင့် အမည် မသိ သေးသော ၎င်းတို့၏ တပ်ထွက် အဖော် နှစ်ယောက် ဖြစ်ကြောင်း ရွာသား များက ပြောပြပါသည်။

“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်း သဲသောင်ပြင်မှာ ပစ်ထား ခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့်သို့ဆက်လက်ပြောပြပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။

သတင်း(ပမကဖ) 

0 comments: