Wednesday, May 05, 2010

ရွေးကောက်ပွဲ မဲမသမာ မှုများ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်ထိ ချမှတ် မည်ဟု ဆို(ဟုတ်ပမလားမောင်ကာလုရာ)

၂ဝ၁ဝ ရွေးကောက် ပွဲတွင် မဲ မသမာမှု များနှင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံ ရစေရန် ပြုလုပ်သော မသမာ မှုများနှင့် ဆက်စပ်ပြီး ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်ထိ ချမှတ် အရေး ယူမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တွင် တရားဝင် ဖော်ပြ ထားသည်။ ရွေးကောက် ပွဲတွင် ပုဂ္ဂိုလ် တစ်ဦး ၏ မဲပေးပိုင်ခွင့် နှင့် ရွေးကောက် တင်မြှောက် ပိုင်ခွင့် တို့ကို မပြုလုပ် နိုင်ရန် အကြမ်း ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ခြင်း ပြလုပ်လျှင် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် ခံရ စေရန် နှင့် ရွေးကောက် ခံရခဲ့ခြင်း အတွက်ငွေ၊ ပစ္စည်း၊ အစား အသောက်၊ ရာထူး အလုပ် အကိုင် နေရာ ပြောင်းရွှေ့မှု အပါအဝင် အခွင့် အရေး တစ်ခုခု အသုံးပြု လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းများ အပါ အဝင် မဲပေး ပိုင်ခွင့် နှင့် ရွေးကောက် တင်မြှောက် ခံရစေရန် မသမာသော နည်းလမ်းဖြင့် ကြိုးစား အသုံးပြု မဲရယူမှု များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များကို ဥပဒေ အရ တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် တစ်သိန်း ဖြစ်စေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ် နိုင်သည်ဟု ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ တွင်ပါရှိသော ပြဋ္ဌာန်း ချက်များ အရ သိရှိ ရသည်။ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များနှင့် စပ်လျဉ်းပြီး လိမ်လည် စွပ်စွဲ တိုင်ကြားလျှင်မူ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ် နိုင်သည် ဟု ဥပဒေက ဆိုထားပြီး ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု များသည် ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများ ရှိကြောင်း ဥပဒေတွင် ပြဆို ထားသည်။ ''ပြစ်မှု မြောက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ လိမ်လည် မှုတွေ၊ မဲ မသမာမှု တွေကို ပြည်သူ လူထု အကြား ကျယ်ကျယ် ပြန့်ပြန့်သိဖို့ လိုပါတယ်။ ဒါမှ တရား ဥပဒေကြောင်း အရ မသမာသော နည်းလမ်းနဲ့ ရွေးကောက် တင်မြှောက် ခံရတဲ့ အမှုမျိုးတွေ၊ မဲလိမ်လည် မှုတွေကို ဖော်ထုတ် စစ်ဆေး တွေ့ရှိ အရေးယူ နိုင်မှာပါ'' ဟု ရန်ကုန် တရားရုံးချုပ်ရှေ့နေ တစ်ဦးက ရှင်းလင်း ပြောကြား သည်။ source/HANTHAWADDY

0 comments: