Wednesday, April 14, 2010

ရခိုင်ရိုးရာသင်္ကြန် သိမ်ဖြူကွင်းအတွင်း၌ ကျင်းပ




၁၃၇၁ခုနှစ် ရခိုင်ရိုးရာသင်္ကြန် ကို  ဧပြီလ ၁၂ရက်နေ့က သိမ်ဖြူကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
''ရခိုင်သင်္ကြန်ကို နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲနဲ့ သင်္ကြန်ရေ လောင်းပွဲဆိုပြီး အဆင့်သုံးဆင့်နဲ့ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ညနေမှာ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ လုပ်ပါတယ်။ မနက်ဖြန် သင်္ကြန်အကြိုနေ့ကစပြီးတော့ သင်္ကြန်ရေလောင်းပွဲကိုကျင်းပမှာပါ''ဟု ရခိုင်အမျိုးသားတစ်ဦးက ဆိုပါသည်။
သင်္ကြန်ရေလောင်းပွဲတွင် သင်္ကြန်မဏ္ဍပ်အတွင်းရှိ လောင်းလှေကြီးများ၏ နောက်တွင် မိန်းမပျိုများသည် ယောက်ျားပျိုများ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ မဏ္ဍပ်များကို လှည့်လည်သွားလာကြရင်း ရေ၀င်လောင်းလေ့ရှိကြောင်းနှင့် အဆိုပါ ရခိုင်သင်္ကြန်ပွဲသို့ ရခိုင်အနုပညာရှင်များလည်း တက်ရောက်မည်ဟု သိရပါသည်။
''ဒီနံ့သာသွေးပွဲကရလာတဲ့ နံ့သာတွေနဲ့ ဘုရားဆင်းတုတွေကို ရေသပ္ပာယ်မှာဖြစ်ပါတယ်။ ရခိုင်ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့လည်း ဒီလိုနံ့သာသွေးပွဲကို ကျင်းပရတာလည်းဖြစ်တယ်''ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။



သတင်း။။Eleven Journal

0 comments: