Wednesday, April 14, 2010

စစ်အစိုးရ နှင့် အပြည်ပြည် ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ရုံးတို့ ဆွေးနွေး ခဲ့



နိုင်ငံသား အခွင့် အရေး ဆိုင်ရာ လက်ကမ်း စာစောင် တွင် ဖော်ပြမည့် စာသား များနှင့် ပတ်သက်၍ စစ်အစိုးရ နှင့် အပြည်ပြည် ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ ရုံးတို့ ဧပြီလ ၈ ရက် နေ့ က ဆွေးနွေး ခဲ့ကြောင်း ရန်ကုန်မြို့ ရှိ အပြည်ပြည် ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ရုံးမှ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်(လ်) က ပြောကြား ခဲ့သည်။''လက်ကမ်း စာစောင် မှာ ဖော်ပြမယ့် စာသား တွေနဲ့ ပတ်သက်လို့ ဆက်လက် ဆွေးနွေး သွားရ ပါဦး မယ်'' ဟု ၄င်းက ဧပြီလ ၈ ရက်နေ့တွင် ပြောကြား ခဲ့သည်။ ဆွေးနွေး မှုကို သင်္ကြန် ကာလ အပြီးတွင် ဆက်လက် ပြုလုပ် သွားရန် စီစဉ် ထားကြောင်း လည်း သိရှိရ ပါသည်။

နိုင်ငံသား များ၏ အခွင့် အရေး များကို မြန်မာ ဘာသာဖြင့် ရိုးရှင်းစွာ ဖော်ပြ ထားမည့် လက်ကမ်း စာစောင် ကို ထုတ်ဝေ ဖြန့်ချိရန် အလုပ်သမား ၀န်ကြီးဌာန နှင့် အပြည်ပြည် ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ရုံးတို့ သဘော တူညီချက် ရရှိထားပြီး ဖြစ်သည်။ အဆိုပါ သဘော တူညီချက် ကို အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည် နှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ ILO ရုံးမှ အမှုဆောင် ညွှန်ကြား ရေးမှူး Mr. Kari Tapiola နှင့် အဖွဲ့တို့ ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော် ရှိ အလုပ်သမား ၀န်ကြီး ဌာနတွင် တွေ့ဆုံ ဆွေးနွေး ရာမှ ယခုကဲ့သို့ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ကမ်း စာစောင် တွင် နိုင်ငံသား များ၏ အခွင့် အရေး များနှင့် တရား ဥပဒေ နှင့် အညီ တရား မျတမှု ကို မည်ကဲ့သို့ ရယူ နိုင်ပုံ တို့ကို မြန်မာ ဘာသာဖြင့် ရိုးရှင်းစွာ ဖော်ပြ ထားမည်ဖြစ်ကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။

0 comments: