Showing posts with label အတုအပသတိပြု. Show all posts
Showing posts with label အတုအပသတိပြု. Show all posts

Wednesday, November 30, 2011

ဇေကမ္ဘာ ဦးခင်ရွှေ အား ဒေါက်တာဘွဲ့အတုရောင်းသည့် အွန်လိုင်းပေါ်မှ ကျောင်းအတု အားတရားစွဲဆိုခဲ့ခြင်း

Washington University မှ ဇေကမ္ဘာ ဦးခင်ရွှေ အား မည်သည့် အခါကမှ မည်သည့်ဘွဲ့မျိုးကိုမျှ မပေးအပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခြင်း
 


ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။ 

ထို့အပြင် ၄င်း၏ ကျောင်းနာမည်ကို အလွဲသုံးစားပြုလုပ်ပြီး ဒေါ်လာ ၈၀၀၀ ဖြင့်ဦးခင်ရွှေ အား PhD အတု ရောင်းချခဲ့သော အွန်လိုင်းပေါ်မှ ကျောင်းအတု အားတရားစွဲဆိုခဲ့ကြောင်းသိရှိရပါတယ်။
 
မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိကြောင်း လူငယ်များ နားလည်စေရန် ဖြန့်ဝေနိုင်သည်။
အောက်ပါသတင်းစာမျက်နှာတွင်သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
 
 ရွှေမန္တလေးနက်မှ.