ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် အနီးဆုံးတွင်တည်ရှိသော X2O ရေကစားမဏ္ဍပ်အပါအ၀င် ကန်တော်ကြီးပတ်လမ်း (ကန်ရိပ်သာလမ်း)အတွင်းရှိ ရေကစားမဏ္ဍပ်အချို့ သင်္ကြန်နောက်ဆုံးနေ့တွင် ရေပြန်ကစားနေကြောင်း တွေ့ရှိရသည်။ သို့သော် အဆိုပါ မဏ္ဍပ်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီသင်္ကြန်ရက်များကကဲ့သို့ ရေကစားသူများပြားမှုမရှိကြောင်းလည်းတွေ့ရသည်။ ထို့အပြင် အချို့မဏ္ဍပ်များမှာမူ လုံးဝပိတ်သိမ်းထားပြီး ရေကစားခြင်းမပြုတော့ကြောင်း တွေ့ရသည်။
''ကျွန်တော်က X2O မဏ္ဍပ်မှာ ရက်အားလုံးရေကစားဖို့လက်မှတ်ဝယ်ထားတာပါ။ မနေ့က ဖြစ်ရပ်ကြောင့် ဒီနေ့ရေကစားမဏ္ဍပ်ဖွင့်မဖွင့် မသေချာသလို ကျွန်တော်ကိုယ်တိုင်ကလည်း ကစားချင်စိတ်မရှိတော့ဘူး။ ဒါပေမယ့် တစ်နှစ်မှတစ်ခါ ပျော်ရတဲ့ သင်္ကြန်ဆိုတော့လဲ ပျော်ချင်ပါးချင်တဲ့စိတ်က ရှိသေးတာပေါ့။ ဒါပေမယ့် ကိုယ့်အသက်အန္တရာယ်ထက်တော့ အရေးကြီးတာဘာမှမရှိပါဘူးဗျာ။ အခု သူငယ်ချင်းတွေနဲ့ မဏ္ဍပ်မှာ မထိုင်တော့ဘဲ လျောက်လည်ဖို့ထွက်လာရင်းနဲ့ မဏ္ဍပ်ပြန်ဖွင့်နေတယ်ဆိုတာကြားလို့ လာကြည့်တာပါ''ဟု X2O ရေကစားမဏ္ဍပ်တွင် All Days လက်မှတ်ဝယ်ထားသူတစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့ထင်တာက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်အားလုံးနီးပါး ရေကစားမှာမဟုတ်ဘူးလို့ထင်ထားတာ။ ဒီဘက်ရောက်တော့ မဏ္ဍပ်တွေ တချို့ဖွင့်နေတယ်ပြောလို့ ၀င်ကြည့်တာပါ။ မဏ္ဍပ် နှစ်ခု၊ သုံးခုလောက်ကတော့ ရေကစားတာရပ်ပြီး စက်တွေသိမ်းနေတာတွေ့ရတယ်။ ဖွင့်တဲ့ တချို့မဏ္ဍပ်တွေကျတော့လဲ ရေကစားတဲ့သူ မပြောပလောက်တဲ့ အရေအတွက်ပဲရှိတာတွေ့ရတယ်။ ဒီလမ်းထဲရေပက်ခံလာတဲ့ ကားလဲ သိသိသာသာကို မရှိသလောက်နည်းသွားတယ်''ဟု သင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့) ကန်တော်ကြီးပတ်လမ်းအတွင်း ၀င်ရောက်လည်ပတ်သူတစ်ဦးက ရှင်းပြခဲ့သည်။
ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်များကကဲ့သို့ အင်းယားလမ်းအတွင်း မဏ္ဍပ်ဆောက်လုပ်ခြင်းကို ခွင့်မပြုခဲ့ဘဲ ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်အကြီးဆောက်လုပ်ခွင့် ၄၆ ခု ခွင့်ပြုခဲ့ရာတွင် ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ် အကြီး ၁၆ ခုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ ကန်တော်ကြီးပတ်လမ်းအတွင်းရှိ မဏ္ဍပ်အကြီးများမှာ ပေ ၆၀ နှင့် ပေ ၁၀၀ ကြားရှိသော ရေကစားမဏ္ဍပ်များဖြစ်ကြောင်း သိရသည်။
သင်္ကြန်နောက်ဆုံးနေ့တွင် ရန်ကုန်မြို့ရှိကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းနှင့် မြို့တွင်းဧရိယာများရှိ ရေကစားမဏ္ဍပ်များတွင် ပုံမှန်အတိုင်း ရေကစားနေကြသော်လည်း ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင်မူ ရေပက်ခံထွက်သည့်ကားများ သိသိသာသာ နည်းပါးသွားကြောင်း တွေ့ရှိရပါသည်။
|
skip to main |
skip to sidebar
source/weekly eleven journal
Saturday, April 17, 2010
ဗုံးပေါက်ကွဲမှုနှင့်အနီးဆုံးတွင် ရှိနေသော X2O မဏ္ဍပ်အပါအ၀င် မဏ္ဍပ်အချို့ သင်္ကြန်နောက်ဆုံးနေ့တွင် ရေပြန်ကစားနေ
Labels:
သတင်း(ပြည်တွင်း)
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် အနီးဆုံးတွင်တည်ရှိသော X2O ရေကစားမဏ္ဍပ်အပါအ၀င် ကန်တော်ကြီးပတ်လမ်း (ကန်ရ...
-
အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့...
-
T Myanmar Sexy Dancer, Khay Mi Ko Show Off Her Pantyhose Myanmar Hot and Sexy Dancer, Khay Mi Ko showed off her sexy pa...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
၂၀၁၂ ခုနှစ် မေလ(၃၀)ရက်။ မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမို...
-
(63) နှစ်မြောက် အာဇာနည်နေ့ အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ...
-
ဒီကနေ့ ၀ါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ်ရဲ့ "Freedom C ollection" အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က s...
-
by BurmaVJMedia အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့မှ ဦးတင်ဦးနဲ့ ဦးလှဖေတို့ဟာ မေလ ၁၃ ရက်နေ့ မနက် ၁၀:၃၀ နာရီ က ဧရာဝတီတိုင်း အိမ်မ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988






0 comments:
Post a Comment