Wednesday, February 05, 2014

ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်၍ အဆိုတင်သွင်းချက်နှင့် ဦးအောင်စိုးရဲ့အဆိုကိုပြန်လည် ဖြေကြားချက်

ဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း

ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။ 
ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်- 
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။ 
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။
ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။ 
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးရဲ့အဆိုကိုပြန်လည် ဖြေကြား-------

ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဖြစ်ပါတယ် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသားအချို့နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိပဲနှင့်ရှောင်တခင် တွေ့ဆုံခဲ့တဲ့နေရာမှာ ပြောကြားခဲ့တယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံး သိကြောင်း မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ် ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက်အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်းဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတာဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလည်း ဘာလိုလည်း ဘာလုပ်ပေးရမလည်းမေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ် အကူအညီ မပေးခခြင်လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီးပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့လူတစ်ယောက်ရဲ့ စိတ်ခံစားဖြစ်ကြောင်း ၅ နှစ်လောက်တာဝန်ထမ်းခဲ့တဲ့အတွက်ရွှေမျိုးအရင်းခြာလို သဘောထားတာဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆိုမိခဲ့တယ်လို့ဒီလို.ူဆမယ် ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထားရှိပါတယ်။ညွန်ချုပ်တစ်ယောက်ကို ကျနော် တို့ထားခဲ့တယ်။ ပြီးတဲ့အခါကျတော့ ကျေးရွာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့အတွက် ကျောင်းသားတွေအတွက် စားပွဲ ကလားထိုင် အစုံ ၃၀ လုပ်ပေးခဲ့တယ်။ ဒီအချက်တွေကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ကျနော်အနေနဲ့ တင်ပြလိုပါတယ်။ ပလုံးတုံတုန်း ရွာသားတွေနဲ့ တွေ့တဲ့ အခါမှာလည်း ရွှာသားတွေက ၀န်ကြီးနဲ့ တွေ့ဖို့လာခေါ်ကြပါတယ် အဲလိုတွေ့ဆုံတဲ့အခါမှာလည်း စကားအသုံးအနှုန်းလွှဲမှာမှုတွေ ပါသွားခဲ့ပါတယ်။ပါသွားနိုင်ပါတယ်။ ကျနော်တို့ကတော့ သေသေချာချာ မသိရပါဘူး။အဲဒီရွာမှာ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလတုန်း က နယ်မြေခံအရာရှိကြီးတစ်ယောက်အနေနဲ့ ရွာသားတွေနဲ့ အတူ လက်တွဲပြီးတော့သဲသောင်တွေနဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပုလုံးတုန်းနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့စွန့်စွန့်စားစား လုပ်ခဲ့တာဖြစ်ပါတယ် အဲ့တာကိုယ်ထူကိုယ်ထ တံတားဖြစ်ပါတယ် အဲ့လိုမိုင်နဲ့ချည်ပြီးရှည်တဲ့ ဒီလိုလုပ်ငန်းတစ်ခုကို ကျေးရွာလူထုနှင့်အချိန်ယူပြီးတော့ ဒီလိုရင်းရင်းနှီးနှီးလက်တွဲပြီးတော့လုပ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တယ် ဒါတွေရဲ့အကျိုးဆက်ကိုကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီရွာရဲ့ဆိမ်ကမ်းဟာသာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနဟာလည်း ဒီပုလုံးတုံတုန်းကျေးရွာ တံတားချင်းကပ်လမ်းတွက် ဒီလိုအပ်တဲ့ လမ်းခင်းပေးဖို့ ဒီဘပ်ချက်ကို ဒီလွှတ်တော်မှာ တင်ပြထားပြိးဖြစ်တာလည်း ထည့်သွင်းစဉ်းစားရပါမယ် ဒီတံတားတွင်မကပါဘူးကျေးရွာ မီးလင်းရေးအတွက် ဆိုလာမီးတွေတပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ် အဲ့တော့ရွာသူ၊ ရွာသားတွေအပေါ်မှာ ဦးအုန်းမြင့်ထားရှိတဲ့စေတနာကိုလည်းလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မှန်းစကြည်လို့တွေနိုင်ကြောင်း တင်ပြလိုပါတယ် ဥက္ကဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား ဒါမှမဟုတ် ကောက်ကျစ်သောအကြံနဲ့စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစာရမယ့်အချက်ဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျွန်တော်တို့က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး နောက်ခံအကြောင်းတရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက်နယ်မြေခံလူထပင်းရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ် ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါလို့ ဥက္ကဌကြီးအားတင်ပြလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ 
ထပ်ဆင့်ရှင်းလင်းရာတွင် ---- ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးအလေးထား ပြီးတာ့မှစဉ်းစားဆောင်ရွက်နတာဖြစ်ပါတယ် ကျွန်တော်တို့စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ရံကြော စဉ်းစားရမယ့် ကိစ္စမဟုတ်ပဲနဲ့ သူ့ရဲ့နောက်ခံအကြောင်းတရားတွေ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ထို့အတူဒေသမှာပြောခဲ့တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေ ဒါတွေကိုပါ ကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ် ဒါမှလည်းပဲကျွန်တော်တို့ အဖြေမှန်နဲ့ နည်းစပ်မှာဖြစ်ပါတယ် ဒါမှလည်းပဲ ကျွန်တော်တို့ဟာပိုပြီးတော့အမျှော်အမြင်ရှိရာ ကြမှာဖြစ်ပါတယ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ကြမယ်ဆိုရင် အဆုံးဖြတ်တွေဟာမှန်မယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူးဒါကြောင့်မိုလို့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပါတ်သက်ပြီး အချိန်အနည်းငယ်လိုခြင်ပါတယ်လို့တင်ပြခြင်းဖြစ်ပါတယ် လေးစားပါတယ်။