Friday, September 06, 2013

သူများချည်းမပြောနဲ့ ကိုယ်မျက်ချေးကိုယ်မြင်အောင်ကြည့်

ပြည်ပ အလှူငွေလက်ခံရင် ပါတီတွေကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဦးတင်အေးခင်ဗျား

ကြံ့ခိုင်ရေးပါတီရဲ့ ငွေစာရင်းလေးလည်း အချိန်မီရှင်းပေးဖို့ ပြောပေးပါအုံး 

၂၀၁၅ မတိုင်မီ ကြံ့ခိုင်ရေးပါတီ ငွေစာရင်းရှင်းတမ်း ထုတ်ပြန် နိုင်မည်လော

ပြည်သူ့ ပိုက်ဆံတွေ နဲ့ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးအသင်းကြီးဟာ ပါတီဘဝကူပြောင်းမသွားခင်မှာ ငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုင်ခဲ့တယ်လို့ မကြားမိပါဘူး ၊

ကြံ့ခိုင်ရေးအသင်းရဲ့ လည်ပတ် သုံးစွဲခဲ့တဲ့ ငွေပမာဏဟာ နဲနဲနောနော မဟုတ်ပါဘူး ၊ ကျပ် ဘီလီယံ နဲ့ ချီရှိပါတယ် ၊

အဲဒီပိုက်ဆံတွေဟာ ဘယ်သူဌေးသူကြွယ်တွေကမှ ထောက်ပံ့ခဲ့တာမဟုတ်ပါဘူး ၊ တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအိတ်ကပ်ထဲက ပိုက်ဆံတွေပါ ၊

အဲဒီပိုက်ဆံတွေကို ဘယ်နေရာတွေမှာ ဘယ်လို သုံးစွဲခဲ့သလဲ ရှင်းပြ ပြောကြားဖို့ အတွက် အဲဒီအသင်းကို ဦးစီးဥိးဆောင်ပြုခဲ့တဲ့သူတွေမှာ တာဝန်ရှိပါတယ် ၊

၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတဲ့ အာဏာမလွှဲခင် အစိုးရရဲ့လုပ်ရပ်တွေဟာ အပြစ်လို့ပြောခွင့်မရှိစေရ နောက်ကြောင်းပြန် အရေးယူခံရခြင်းမရှိစေရ ဆိုတဲ့အထဲမှာ ကြံ့ခိုင်ရေးအသင်းရဲ့ ငွေရေးကြေးရေး တွေ

မပါပါဘူး ၊

အဲဒီလောက် များလှတဲ့ ပိုက်ဆံတွေ ဘယ်နေရာမှာ သုံးခဲ့တာလဲ ၊ ဘာတွေ ဝယ်ခဲ့တာခဲ ၊ အခုဘယ်လောက်ကျန်သေးလဲ ၊ ဒါတွေဟာ ရူးချင်ယောက်ဆောင်ပြီး အီးယောင်ဝါး လုပ်သွားလို့ မရပါဘူး ၊

မဖြစ်မနေ လူထုကို ချပြ ရှင်းပြရမယ့် စာရင်းတွေပါ ၊

ကျနော်တို့ စောင့်ကြည့်နေပါတယ် ၊ အခု ပါတီခေါင်းဆောင်ဆိုပြီး အတည်အခန့်နဲ့ လူကြီးလူကောင်းပုံစံ နေနေတဲ့သူတွေ ၊ ၂၀၁၅ မတိုင်မီ အဲဒီငွေစာရင်းကို ရှင်းနိုင်ပါ့မလား ဗျို့ . . .
 —