Saturday, September 14, 2013

ဘောင်ထဲမှာ


ဘဘဦးတင်ဦးနဲ့ ဒေါ်စုက..
စစ်တပ်အပေါ် မှာ ပုံမှန်အခြေအနေဆိုတာ
သေချာပါတယ်.၊

တပ်မတော်သားတွေချစ် တဲ့..
ဘဘဦးတင်ဦး ဟာ..
ဘာ့ကြောင့် ဒီလိုနိုင်ငံရေးလမ်းကြောင်းကို
လျှောက်ဖြစ်သွားတယ်ဆိုတာ 
သမိုင်းမှာရှိသလို..

ဒေါ်စုရဲ့ အခြေအနေကလဲ..
အဲဒီတုန်းက အုပ်ချုပ်ခဲ့တဲ့...
အာဏာရှင်တွေရဲ့ စိုးရိမ်မှု၊ အာဏာမက်မှုနဲ့..၊
စိတ်ဓာတ်ရေးရာတွေအပေါ်မှာလဲ
အများကြီးမူတည်နေပါတယ်..၊

ဦးနေ၀င်းရဲ့စိတ်ဓာတ်ဘယ်လို..၊
ဦးသန်းရွှေရဲ့စိတ်ဓာတ်ဘယ်လိုဆိုတာကို..၊
ပြည်သူတွေသာမက..
နိုင်ငံတကာကအပါအ၀င်..အကုန်လုံးကသုံးသပ်ပြီး..
ခွဲခြမ်းစိတ်ဖြာလို့ရနေမှတော့..

ဒီလူတွေဟာ..
သူကိုင်တွယ်တဲ့ စစ်တပ်လိုအဖွဲ့အစည်းကို..၊
ဘယ်လို ကွပ်ကဲမလဲ.. ဘယ်လိုရိုက်သွင်းမလဲ.
ဘယ်လို တစ်ဘက်ပိတ်ထားမလဲဆိုတာ..

သုံးသပ်စရာမလိုအောင်ကိုမလွဲပါဘူး.၊

အဲဒီမှာမှ ဦးနေ၀င်းက ဘောင်းဘီချွတ်ခဲ့တဲ့အတွက်..၊
စစ်တပ်ဟာ နည်းနည်းပျော့ပျောင်းခဲ့ပုံရတယ်..၊
ပြည်သူက ခါးခါးသီးသိပ်မဖြစ်ဘူး..၊

ဦးသန်းရွှေက နောက်ဆုံးအချိန်အထိ..
နှစ် ၂၀ ကျော်လုံးလုံး..
ဘောင်းဘီချွတ်ခဲ့တာမဟုတ်ဘူး..
နောက်ပေါက် စစ်ဗိုလ်တွေဟာ...
စစ်အာဏာရှင်ရဲ့ လက်သံပြောင်မြောက်မှုကို.
အထင်ကြီး အတုယူမှားတွေဖြစ်သွားစေမှာမလွဲပါဘူး..
အဲဒီမှာ ပြည်သူက ခါးသီးတယ်.၊

ဦးနေ၀င်းတောင် မလုပ်ရဲတဲ့..အလုပ်ကိုတောင်
ဦးသန်းရွှေက လုပ်ရဲခဲ့တယ်..၊

အဲဒီခေတ်က ဗိုလ်ချုပ်ကို ချောင်ထိုးခဲ့တာတစ်ခုတည်းနဲ့
တင်.. သူ့ Level က သူ့အနေအထားက..ပွဲပြတ်သွားတာပေါ့..၊
ဘာပဲဖြစ်ဖြစ် သူ ..ဒီအလုပ်ကို မလုပ်သင့်ဘူးလေ..၊

အဖြေထွက်သွားတာက..အဲဒီမှာတင်..၊

ဒေါ်စုက နဲ့ဦးတင်ဦးက..။
စစ်တပ်ကိုစော်ကားတဲ့စကားမပြောပေမဲ့..၊
ဒါပေမဲ့ အာဏာရှင်ကို ပေါ်တင်ပြောတယ်..၊

စစ်တပ်နဲ့ အာဏာရှင်ကို အတူတူပဲလို့ ထင်တဲ့သူတွေက..
နာကြတယ်...

အဲဒီလိုဖြစ်အောင်ကို လဲ နောက်ပေါက်တွေကို.
ရိုက်သွင်းထားတယ်..၊ မှိုင်း နံ့တွေ ရှူခိုင်းထားတယ်..၊

နောက်တစ်ခုက ဒေါ်စုက လက်နက်ကိုင်တော်လှန်ခဲ့ရင်တော့
တစ်မျိုးပေါ့၊
တ..ဒေါ်စုက လက်နက်မကိုင်ဘူးလေ..၊
အဲဒီမှာလည်း...တစ်ကဘက်သတ်ဆိုတာ..
လယ်ပြင်မှာဆင်သွားသလိုဖြစ်ပြန်ရောလေ..၊

ဒေါ်စုလုပ်သွားတာ နိုင်ငံရေးနည်းတစ်ခုတည်းပါပဲ..၊

တကယ်ဆို နိုင်ငံရေးအမြင်နဲ့ မဟာဗျူဟာအမြင် ကို..
စနစ်တကျနဲ့ လေ့လာ ကြတဲ့ စစ်ဗိုလ်တွေဆိုရင်
နားလည်မှာပါ..

စစ်ဗိုလ်အများစုဟာ...မဟာဗျူဟာဆန်တဲ့ အမြင်မျိုးကို..
လုံးဝ အားနည်းခဲ့တာသေချာပါတယ်..၊
သေချာလည်း သင်ကြားလေ့ကျင့်ခဲ့ပုံမရဘူး..၊
ဘာလို့လဲဆိုတော့...တရုတ်လွှမ်းမိုးတာကို ..
လုံးဝ အဖြေမထုတ်တတ်..မနာတတ်သေးဘူးဗျ..

အမျှော်အမြင်ရှိရှိ သုံးသပ်တတ်တဲ့သူဆိုရင်..၊
တကယ်လေ့လာနိုင်ရင်လဲ တထွာပြတစ်တောင်မြင်မယ်လေ..၊
အဲဒီလို တစ်တောင်အထိမြင်ရင်...
အဲဒီစစ်ဗိုလ်ကို အဲဒီအာဏာရှင်က..
ပြန်ထိန်းရခက်ပြီကိုးဗျာ..၊
မမြင်ကြလေ..မထိုးထွင်းမဆင်ခြင်နိုင်ကြလေ.
သူတို့အတွက် ကောင်းလေပဲ..၊

ဗိုလ်ချုပ်ဟာ တိုင်းပြည်လွတ်လပ်ရေးယူခဲ့တာ..
ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ..
စစ်တိုက်တာတစ်ခုတည်းကြောင့်..မဟုတ်ပဲ.
မဟာဗျူဟာအမြင်နဲ့ အင်္ဂံလိပ်နဲ့ ဂျပန်ကြားမှာ..
လှလှပပ။ကစားသွားနိုင်လို့ပဲလေ..

မြန်မာစစ်သာတွေဟာ..အာဏာရှင်ခေတ်မှာ..၊
အတွေးအခေါ်နဲ့ ဆင်ခြင်လေ့လာနိုင်စွမ်းကိုပါ.
ဘောင်ခတ်ခြင်းခံရတဲ့ပုံပါပဲ..၊

ဦးကိုကိုလှိုင်တောင်မှ..စစ်တပ်ရဲ့...
သုတေသနဌာနကထွက်တာဆိုပေမဲ့.၊
တစ်သက်လုံး ကိုယ့်ရဲ့ Boss တွေကြိုက်မဲ့ 
သုံးသပ်ချက်မျိုးတွေပဲသုံးသပ်ပြခဲ့တော့..
တကယ့် နိုင်ငံရေးဇတ်ခုံပေါ်ရောက်တာနဲ့ ကွဲရောမလား..၊
တစ်ချက်ဆို...တစ်ချက်ထည်းလေ...၊

အဲဒါဥပမာပါပဲ..၊

ကျွန်တော်ကတော့ လက်တွေ့ဆန်ဆန် ဖြစ်ချင်တယ်..၊