Wednesday, May 08, 2013

ဘယ်သူက "မွတ် စစ်စစ် ရေမရောဘူး " လဲ.


Pa Yit
(၁)

"အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊
မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို
စီမံချက်ချမှတ် အရေးယူရန်"
(ဒေါက်တာမြတ်ဥာဏစိုး..)

'ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။
လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။
မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့ အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ
ကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်'

(၂)

"၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဘင်္ဂလီ ဆူပူမှုကြောင့် ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေလုံခြုံရေးနှင့် လူဝင်လူထွက်
စီမံခန့်ခွဲရေး ဆိုင်ရာ မဟာဗျူဟာမြောက် ရေတို၊ ရေရှည် အထူး အစီအမံတို့ဖြင့် ဦးစားပေး ဆောင်ရွက်ရန် "
(ဒေါက်တာအေးမောင်..၊)

ယင်းအဆိုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက..

"ဒီအချိန်မှာ ဒီအဆိုကို ဆွေးနွေးဖို့ စောနေသေးတယ်လို့ ယူဆပါတယ်။
ဘာလို့လဲဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ရလဒ်က ထွက်မလာသေးဘူး။ ဒီအချိန်မှာ ဆွေးနွေးအတည်ပြုလိုက်ရင် ကော်မရှင်ကို ဖိအားပေးသလို
ဖြစ်သွားမှာစိုးတယ်။ အဲဒါကြောင့် ဒီအဆိုကို ဆိုင်းငံ့ထားသင့်ပါတယ်"

ဟု...ပြောကြားခဲ့သည်။

-------------------------------

အဆိုပြုတာဘယ်ပါတီတွေကလဲ..၊

ငြင်းတာဘယ်ပါတီကလဲ..၊

သဘောပေါက်..၊

ကဲ ..

အဲဒီတော့..၊

ကြာလဲကြာနေပြီ..၊

ဖင်ပိတ်ငြင်းပီး..

ကြိုတင်ပြင်ဆင်ဖို့

အချိန်ဆွဲထားတာလဲ ပြည့်ပြီ..၊

အစီရင်ခံစာလဲထွက်ပြီ..၊

လွှတ်တော်ကြီးရေ..၊

စောင့်ကြည့်လျှက်ပါဗျာ..၊

ဟဲဟဲဟဲ..
.