Tuesday, May 07, 2013

သမ္မတ နဲ့ ၁၈ ပါတီ အစအဆုံး

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)'s photo.
သမ္မတ နဲ့ ၁၈ ပါတီ အစအဆုံး 
(၁) 
၅ - ၅ - ၂၀၁၃ ရက်နေ့ နိုင်ငံရေး ပါတီ ၁၈ ပါတီ နှင့် နိုင်ငံတော် သမ္မတ 
တွေ့ဆုံပွဲတွင် ပြောကြားချက် များ 
ဒီတွေ့ဆုံပွဲမှာ ထူးခြားတာကတော့ သမ္မတ ကစပြီး ပေါ့ပေါ့ပါးပါး နဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုကြတာဖြစ်ပါတယ် ။ နေရာကတော့ သမ္မတ ရဲ့ လယ်တောအိမ်မှာပါ ။

နိုင်ငံတော် သမ္မတ 
ကျနော်ကပဲ စပြီးဖွင့်လိုက်ပါမယ် ။ ကျနော်တို့ မျှော်မှန်းထားတာတွေနဲ့ လုပ်ကိုင်ထားတာတွေကိုပြောပါမယ် - - -
ပါတီအသီးသီး နဲ့ မတွေ့ရတာလည်းကြာပါပြီ အခုလိုတွေ့ရတော့ ၀မ်းမြောက်ပါတယ် ။ ပါတီအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်စိတ်နှစ်ဖြာ လန်းဖြာပါစေလို့ ဆုတောင်းရင်းနှုတ်ခွန်းဆက်ပါတယ် ။ 
ဒီမိုကရေစီ ခရီးလည်း ၂ နှစ်ပြည့်ခဲ့ပါပြီ ။ ၂ နှစ်ဆိုတော့ နုနယ်လှပါသေးတယ် ။ လမ်းလျှောက်တတ်ကာစကလေးတစ်ယောက်လို စိမ်ခေါ်မှုတွေကြားမှာ လျှောက်လှမ်းနေရတာပါဘဲ ။ 
အရင်တုံးကလည်း ဒီမိုကရေစီအတွေ့အကြုံနည်းပါးလှပါတယ် ။ ဒီ ၂ နှစ်မှာ စမ်းတ၀ါးဝါးနဲ့ ကျင့်သုံးရင်း နိုင်ငံရေးအပြောင်းအလဲ အသွင်ကူးပြောင်းရေးတွေကို ပြုလုပ်လာရင်း မြန်မာနိုင်ငံဟာ မျှော်လင့်ချက်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ် ။ 
ဆောင်ရွက်ရမဲ့လုပ်ငန်းတွေဟာလည်း အစိုးရတစ်ရပ်နဲ့သာမရပါဘူး ။ ပါတီတွေ ၊ အင်အားစုတွေ ၊ လွှတ်တော်  ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ တပ်  နဲ့ ပြည်သူ အားလုံးပါဝင်ဆောင်ရွက်လို့ ထိုက်သင့်တဲ့ရလာဒ်ကောင်းတွေရလာတာပါ ။ 
အမျိုးသားအကျိုးစီးပွါး / လူမှုရေး ရှင်သန်မှု အခက်အခဲတွေ စိန်ခေါ်မှုတွေလည်းရှိပါတယ် ။ 
ပွင့်လ င်းလာတဲ့လူ့အဖွဲ့အစည်းမှာ လှုပ်ရှားမှုမျိုးစုံကိုလည်း ရှာဖွေလာကြပါတယ် ။ 
ဒီနိုင်ငံဟာ တစ်ချိန်ထဲမှာတင် စတိတ်ဘေလ်ဒင် - နေးရှင်းဘေလ်ဒင် - ပိစ်ဘေလ်ဒင် - ( State  Building , Nation  Building , Peace  Building  ) သုံးမျိုးကိုတစ်ပြိုင်နက်လုပ်နေရတဲ့အချိန်လည်းဖြစ်ပါတယ် ။ 
အမျိုးသားရေးမျှော်မှန်းချက်တွေနဲ့ နယူးမြန်မာ - မြန်မာနိုင်ငံတော်သစ် တည်ဆောက်ဖို့ 
လွတ်လပ်မျှတတဲ့ မျှော်လင့်ချက်တွေနဲ့ တန်းတူရည်တူယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သစ်ပေါ်ထွန်းဖို့ အမျိုးသားရေးပန်းတိုင်တစ်ခု ကို ရှေးရှုပြီး အားနည်းချက်တွေပြုပြင် - စိန်ခေါ်မှုတွေကိုကျော်ဖြတ် ဖို့ 
ကျန်တာတွေကတော့ ခင်ဗျားတို့ ပြောတာတွေ  နားထောင်သွားပါ့မယ် ။ 
(၂ ) ဦးခင်မောင်ဆွေ 
ငြိမ်းချမ်းရေးမရဘဲတိုင်းပြည်တိုးတက်အောင်မလုပ်နိုင်ဘူး  ။
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အခါကြီးသင့်ပါပြီ ။
ဒီအချိန်မှမရရင် နောင်အနှစ် (၂၀) ပြန်ကြိုးစားနေရမယ် ။
ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ - ဗဟိုအစိုးရရဲ့ တာဝန်တွေခွဲဝေဖို့ - တာဝန်ယူတာဝန်ခံမှုနဲ့
တာဝန်ခွဲဝေမှုတွေတိုးတက်ဖို့ လို ပါတယ် ။
တောင်သူတွေလယ်ယာမြေမှတ်ပုံတင်ဖို့ ခက်ခဲနေသေးပါတယ် ။ 
(၃) ဦးခွန်ထွန်းဦး ရှမ်းမြောက်မှာ အဖွဲ့အစည်းတွေနဲ့ဆွေးနွေးတော့ သူတို့ကတိုက်ဖို့ မစဉ်းစားပါဘူး လာတိုက်ရင်တော့ ပြေးစရာမရှိလို့ပြန်တိုက်ရမှာပါတဲ့ 
၂၀၁၂ ကလည်းပြောင်းခိုင်းတယ် အခုလည်းပြောင်းခိုင်းတယ် 
မိုးတွင်းရောက်တော့မယ် စစ်ထိုးရင် အားးလုံးအခက်အခဲတွေဖြစ်ကုန်မယ် ။
“ ၀ ” “ KIA”  “ ရခိုင်” “ ရှမ်းနီ ” တည်ငြိမ်ဖို့လည်းလိုပါတယ် ။ 
နိုင်ငံမဲ့တိုင်းရင်းသားတွေမဖြစ်စေလိုပါဘူး ။ 
နယ်စပ်ဒေသ က တိုင်းရင်းသားတွေ တစ်ဖက်နိုင်ငံကို အားကိုးနေရတာမျိုးမဖြစ်စေလိုပါဘူး ။ 
(၄) ဦးစိုင်းအိုက်ပေါင်း - တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့လုပ်ပိုင်ခွင့်တွေကို 
ဗဟိုအစိုးရက တိုးမြှင့်ပေးစေချင်ပါတယ် ။
ဥပမာ - သစ်မာတန်ချိန်တစ်သိန်း ကျော် ထုတ်ယူသုံးစွဲခွင့်ပေးတာမှာ 
ရှမ်းပြည်နယ်အစိုးရအနေနဲ့ မသိရပါဘူး ။
သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းဖို့ဆိုတာမျိုးကိုတော့ ရှမ်းပြည်နယ်အစိုးရက တာဝန်ယူရမှာပါ ။ ငြိမ်းချမ်းရေးမြန်မြန်ရဖို့ ဗဟိုအစိုးရက ဦးဆောင်ပေးဖို့တိုက်တွန်းပါတယ် ။  အမတော်ကြေး ချေးငွေကိစ္စမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၁၅ မြို့နယ်ကို ၅.၅ ဘီလီယံရပြီး  ကျန်မြို့နယ် ၄၀ မှာ  ၁.၅ ဘီလီယံ ဆိုတော့အရနည်းပါတယ် ။
(၅) ကိုငယ်ပီး - ပြည်ထောင်စုအဆင့်ကိုပီပီပြင်ပြင်မြင်ချင်ပါတယ် ။
ဘာသာရေးဘတ်ဂျက်တွေကိုလည်း မျှမျှတတ ဖြစ်စေချင်ပါတယ် 
(၆) ဦးစောသိန်းအောင် - ရပ်ကျေးအုပ်ချုပ်ရေးတွေက ရံပုံငွေမလောက်လို့ ဒေသခံတွေဆီမှာ ကောက်ခံမှုတွေဟာ မကြေမလည်ဖြစ်ရင် ငြိမ်းချမ်းရေးကိစ္စအထိ ထိခိုက်ပတ်သက်ပါတယ် ။
DKBA နဲ့ BGF  တွေ သင့်မြတ်ဖို့ 
ကျေး၇ွာတွေမှာ တပ်သိမ်းလယ်မြေတွေပြန်လည်တောင်းခံတဲ့အခါ ခြိမ်းခြောက်မှုအချို့ပါ တွေ့ရ ပါတယ် ကူညီဆောင်ရွက်ပေးစေချင်ပါတယ် ။ 
(၇) ဦးစောထွန်းအောင်မြင့် - စတိတ်ဘေလ်ဒင် နဲ့ နေးရှင်းဘေလ်ဒင် နှစ်ခုဟာ ပိစ်ဘေလ်ဒင်မှာ အခြေခံပါတယ် ။ 
ဒီအချိန်ငြိမ်းချမ်းမှဖြစ်မယ် ။ 
ဒုတိယယအချက်အနေနဲ့ မိတ္ထီလာ နဲ့ ဥက္ကံကိစ္စတွေမှာ ပြည်တွင်းပြည်ပ အမြင်မလှပါဘူး ။ 
ဘာသာရေးပိုင်းက ၀ိုင်းပြီးပူးပေါင်းဆောင်ရွက်စေချင်ပါတယ် ။ 
တတိယအချက်ကတော့ ပါတီငယ်လေးတွေ လုပ်ချင်သလောက် လုပ်ဖို့ အခက်အခဲလေးတွေရှိပါ တယ် ။ ရံပုံငွေအခက်အခဲတွေရှိနေတော့ မြင်ထားတာလေးတွေကို လုပ်ဖို့ကိုင်ဖို့ ခက်ခဲစေပါတယ် ။ 
တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ် ။ 
(၈) ရခိုင်ဒီမိုကရေစီပါတီ - တရားဥပဒေစိုးမိုးဖို့ပါဘဲ ။ ရခိုင်အပါအ၀င် အခြားဒေသတွေမှာ စပြီးဖြစ်တာနဲ့ အရေးယူနိုင်ဖို့ 
ရခိုင်မှာ သူတို့အပြောအရ ( ရိုဟင်ဂျာ ) ပြည်ပမှာ ပါကစ္စတန်အစ္စလာမ်မစ်ရိုဟင်ဂျာလန်း လို့ သုံးနှုန်းတာ ကြေညာပြီး လက်နက်ကိုင်တွေရှိလာတာ - ပြည်တွင်းက ပါလီမန်မှာ ရိုဟင်ဂျာရှိလားဆိုတဲ့မေးခွန်းမေးတဲ့အမတ်တွေရှိလာပြီး  မရှိဘူးငြ်းတာတောင် စာမဖတ်ပေမဖတ် ၀န်ကြီးလို့ ပြောဆိုပြီး တုံ့ပြန်တာ အတွင်းအပြင်ပူးပေါင်းတိုက်ခိုက်တာ  အပ်နဲ့ထွင်ရမဲ့ကိစ္စ ပေါက်စိန်နြ့မပေါက်ရလေအောင် ပထမအဆင့်နဲ့တင်အရေးယူရပါလိမ့်မယ် ။ 
မြန်မာ့ဆိုရှယ်လစ်ခေတ်မှာတောင် လူမျိုးရိုဟင်ဂျာဆိုရင်ဖမ်းခဲ့ပါတယ် ။
(((( အဲဒီအချိန်မှာ သမ္မတက ရယ်လျှက်   အခု ခင်ဗျားကဘဲ ရိုဟင်ဂျာ လို့သုံးနှုန်းတော့ ခင်ဗျားကို အရင်ဖမ်းရမယ် )))  လို့ ပြောပါတယ် - စကားချပ် 
(၉) ဦးကောင်းမြင့်ထွဋ် - လက်ပတောင်းတောင်ပြဿနာဟာကွန်မြူနစ်ဟောင်းတွေရဲ့လက်ရာ လို့ ကျနော်တို့ပါတီကသုံးသပ်ထားပါတယ် ။ ကျနော်နဲ့လည်းရင်းနှီးပါတယ် ။  အဲဒီကခေါင်းဆောင်တွေကို ကပ်ပစတီမြှင့်တင်ပေးဖို့လိုအပ်ပါတယ် ။ 
ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အခုလိုမျိုးရင်းနှီးခွင့်ရချင်ပါတယ် ။
မုစ်လင်မ်ခေါင်းဆောင်အချို့ ကျနော့်ကိုလာရောက်တွေ့ဆုံတာမျိုးတွေရှိပါတယ် ။ 
ထောင်နဲ့ချီနေတဲ့ မုစ်လင်မ်ထု ကလည်း ထိတ်လန့်နေတာ၇ှိပါတယ် 
သူတို့တွေကြားညှပ်မခံချင်ကြပါဘူး ။ သမ္မတကိုဖြိုဖို့ထောင်ထွက်တွေကချနေတယ်လို့မြင်ပါတယ် ။ 
အခင်းဖြစ်တဲ့ဒေသတွေကို နိုင်ငံရေးပါတီတွေကိုစေလွှတ်ပြီး သွားရောက်ပြောဆိုဖျောင့်ဖျစေချင်ပါ 
တယ် ။ နိုင်ငံရေးသမားတွေကပိုပြီးအပြောကောင်းပါတယ် ။ 
(၁၀) ဦးနေမျိုးဝေ - စတိတ်ဘ်ေလ်ဒင်း နေးရှင်းဘေလ်ဒင် ပိစ်ဘေလ်ဒင် သုံးမျိုးကို ရုပ်ပိုင်းဆိုင်ရာ ဖော်ဆောင်ဖို့ နောင်တော် ဦးရီးတော် ပါတီခေါင်းဆောင်တွေပြောသွားတာ  တော်တော် လေးပြည့်စုံတော့ ကျနော်က စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ကနေ ချဉ်းကပ်ပြပါမယ် ။ 
ကျနော်ပြောတဲ့အခါ ဥပမာလေးတွေပေးပါ့မယ် 
(ဥပမာ - ၁) က “၀”ကိစ္စပါ ။ “၀” တိုင်းရင်းသားတွေဟာ မြန်မာဘက်ကို ယိမ်းနေလား တရုပ် ဘက်ကိုယိမ်းချင်လားဆိုတဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက် အဲဒါနြ့ ပတ်သက်လို့ ဒါပြီးရင် ၀န်ကြီးဦးစိုးသိမ်း ကို ကျနော် “၀” နယ်မှာ ရေးထားတဲ့ စာတမ်းလေး  ပေးခဲ့ပါမယ် ။ 
(ဥပမာ -၂) မုစ်လင်ကိစ္စ ကုရ်အာန်ကျမ်းကိစ္စပါ - - ရခိုင် မိတ္ထီလာ ဥက္ကံ ကိစ္စတွေ - ဒီကိစ္စက လူမျိုးရေး မဟုတ်ပါဘူး ဘာသာရေး အခြေခံပါတယ် ။ ဟိန္ဒူ ကုလားတွေနဲ့ပြဿနာမဖြစ်ပါဘူး ။
ကုရ်အာန်ကျမ်းကိုလည်း စာမျက်နှာ ၁၁၃၀ ကျနော်အစုံဖတ်ပြီးပါပြီ - ဘာသာပြန်သူတွေက အလ်ဟားအလ္လာမက် ဃာဇီမုဟမဒ်ဟာရှင် မက္ကဆူအမခါန်း ဆိုတဲ့ပုဂ္ဂိုလ်တွေပါ ကျနော် နဲနဲဖတ်ပြပါ့ မယ် ။  ရဟူဒီ၊ခရိယာန်ဓမ္မဆရာများသည်လည်းကောင်း ဘုန်းကြီးရဟန်းများသည်လည်းကောင်း လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းလမ်းများဖြင့် စားသုံးကြကုန်၏ -- ဒါမျိုးက ဘာသာခြားတွေနဲ့ မုစ်လင်မ်တွေပဋိပက္ခ  ဖြစ်စေတဲ့ စာပိုဒ်ပါ ။
နောက်တခါ - မိမိတို့၏၏ဥစ္စာပစ္စည်းများဖြင့်သော်လည်းကောင်းအသက်ဇီဝိန်များဖြင့်သော်လည်းကောင်း စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ပြုကြလေကုန် ။
နောက်တခု - ယခုသော် အသင်တို့သည် ကာဖိရ်သွေဖီ ငြင်းပယ်သော သူတို့နှင့်တွေ့ကြသောအခါ လည်ဂုတ်များကိုခုတ်ဖြတ်ကြလေကုန် - 
အဲဒီမှာ မုစ်လင်မ်ဆိုတာ အလ္လာဟ်ရှင်မြတ်ရဲ့ အမိန့်ကို ယုံကြည်နာခံသူ ကာဖိရ်ဆိုတာ အလ္လာဟ်ရှင်မြတ်အမိန့်ကိုသွေဖီငြင်းဆန်သူ မုနာဖစ်က် ဆိုတာကတော့ မုစ်လင်မ်အယောင်ဆောင် ကိုပြောတာပါ 
ဒါမျိုးစာပေကို ထည့်သွင်းသင်ကြားခွင့်ပိတ်ပင်ဖို့လိုပါတယ် ။ ဒါမျိုးသင်ကြားခွင့်ရတဲ့ကလေးသူငယ်တွေရဲ့ စိတ်ထဲမှာ မုန်းတီးစိတ်တွေ ဖြစ်လာစေပါတယ် ။  
 ( ဥမာ - ၃ ) လက်ပံတောင်းတောင်ကိစ္စ မှာလည်း ဆူပူလှုံ့ဆော်တဲ့ လူတွေကြောင့်လို့ မမြင်သင့်ပါဘူး ။ မီးရှို့တဲ့သူတွေကြောင့်မီးလောင်ရတယ်လို့မမြင်သင့်ပါဘူး ။ လောင်စာကြောင့်မြင်သင့်ပါတယ် ။ ကွန်ကရိတွေ သံချောင်းတွေကို မီးရှို့ကြည့်ပါမလောင်ပါဘူး ။ သစ်သားတွေ ကောက်ရိုးတွေကို မီးရှို့ရင်လောင်ပါတယ် ။ 
မီးလောင်စေတဲ့လောင်စာကိုလည်းငြိမ်းသတ်ရပါမယ် ။ 
တရုတ်ဓါတ်ငွေ့ပိုက်လိုင်းလျော်ကြေးကိုကြည့်ပါ တောခြုံအုံကြားမှာတောင် တစ်ဧကကို သိန်း ၅၀ လောက်ရပါတယ် ။ ပိုက်လိုင်းမြှုပ်ပြီးရင်လယ်ပြန်စိုက်လို့ရပါတယ် ။ 
 လက်ပတောင်းမှာကျတော့ လုံးဝအရှင်းဖယ်ရှားပေးရတာကို ၅ သိန်းနဲ့ အဆင်မပြေပါဘူး  မြေအစားပြန်ပေးရင်ပေးပါ နို့မဟုတ်ရင် သိန်း ၅၀ လောက် ပေးလျော်သင့်ပါတယ် ။ 
ကြည့်မြင်တိုင်တို့ စမ်းချောင်းတို့လောက်က အတော် ဆုံးး ဆံသဆရာတွေ ၀ပ်ရှော့ဆရာတွေကို ဆည်တည်းရွာသစ်တို့ ၀က်မှေး၇ွာသစ်တို့ကို ပို့ကြည့်ပါ ထမင်းငတ်နိုင်ပါတယ် ။ 
ဒေသခံတောသားတွေဟာ အလုပ်ပြောင်းဖို့ အတော် ဆုံးဆံသဆရာ ၀ပ်ရှော့ဆရာမဟုတ်ပါဘူး ပိုက်ခက်ပါတယ်  ။ 

( ဥပမာ - ၄ ) နိုင်ငံလုံးချီမြေသိမ်းယာသိမ်းကိစ္စတွေမှာ အချို့က ပြောပါတယ် -  အစိုးရဟောင်းလက်ထက်မှာ လုပ်ကိုင်ခဲ့တာတွေကို အစိုးရသစ်က ကာဗာပေးရမယ်ဆိုတဲ့ကိစ္စပါ ။   အခုကျနော်တို့တွေ့ရှိထားတာက အစိုးရဟောင်းရဲ့ ခွင့်ပြုချက်တွေကိုပါကျော်လွန်ဖောက်ဖျက်ပြီးလုပ်ကိုင်ထားတာပါ ။ တောင်သူတွေလက်ထဲမှာ ၄၈၀၀၀၀ တန်မြေတိုင်းတဲ့ ဂျီပီအက်စ် စက်တွေဝယ်ထားပြီး တိုင်းထွာနေကြလို့တောင်သူတွေသိကုန်ပါပြီ ။
ဒါ့ကြောင့် စနစ်တကျ ပြန်လည်တိုင်းထွာရင်မိပါလိမ့်မယ် ။
စက်ကရိယာမရှိရင် တောင်သူတွေက ကူညီနိုင်ပါတယ် ။ 
( ဥပမာ - ၅ ) ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးကိစ္စကတော့ - ဖွဲ့စည်းပုံ ပါ ဥပဒေပြုဇယား(၁) က ကိစ္စ အချို့ကို ဇယား (၂) ကို ရွှေ့ရင် အတော်အတန် ပြေလည်နိုင်ပါတယ် ။ အသေးစိတ်လည်း အကြံပေးပါဦးမယ် ။
(ဥပမာ - ၆ ) ဖိအားပေးဖြေရှင်းတဲ့နည်းအစား မက်လုံးပေးဖြေရှင်းတဲ့နည်းကို ကိစ္စတိုင်းမှာ စဉ်းစားစေလိုပါတယ် ။
( ဥပမာ - ၇ ) ရပ်ကျေးနဲ့ မြို့နယ် အုပ်ချုပ်ရေးတွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဘယ်လိုမှတိုင်တန်းမရတော့တဲ့အခါ  စိတ်ရူးပေါက်တွေးပြီး လူသတ်ဂိုဏ်းဖွဲ့ရှင်းရမလားတောင် ဖြစ်ကုန်စေပါတယ် ။ အောက်ချေအုပ်ချုပ်ရေးဟာ အစိုးရကို ထိခိုက်စေပါတယ် ။ 
(၁၁) ကော်မ၇ှင်ဥက္ကဌကြီးဦးတင်အေး -  ရိုဟင်ဂျာလို့ ပါတီမှတ်ပုံလာတင်ရင်မပေးပါဘူး ။
ရိုဟင်ဂျာ တစ်ယောက် ပါတီမှာရှိရင် ထုတ်ခိုင်းပါမယ် ။ 
မထုတ်ပယ်ရင် ပါတီကို ဖျက်သိမ်းခိုင်းပါမယ် ။ 
 (၁၂) သမ္မတကြီး ပြန်လည် ဆွေးနွေးခြင်း - ( မှတ်ချက် တော်တော် ရှည်ရှည်ဝေးဝေးဆွေးနွေးပါတယ် ထူးခြားချက်များကိုသာ တင်ပြပါမည် ) 
- နေပူခံပြီး ဘယ်သူမှဆန္ဒမပြချင်ဘူး ထမင်းငတ်လို့ ဖြစ်တယ် ဆိုတာကို လက်ခံတယ် 
- ဘယ်သူမှ ( နှစ်ဘက် ) သေနတ်အလေးကြီးထမ်းပြီး လမ်းမလျှောက်ချင်ဘူး တုတ်ကောက်လေးကိုင်ပြီး စတိုင်နဲ့လမ်းလျှောက်ချင်တယ် ဆိုတာ လက်ခံ 
-  စီးပွါးဖွံ့ဖြိုးရေးမှာ အရင်းအနှီး / နည်းပညာ နဲ့ / လူ့စွမ်းအားအရင်းအမြစ်  လူ့စွမ်းအားအရင်းအမြစ်ကို လေ့ကျင့်ပေးလို့ရတယ် 
- ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလာဖို့အရာမှ အခက်အခဲရှိတယ် သူတို့က ကိုယ့်နိုင်ငံကိုချစ်လို့လာမှာမဟုတ်ဘူး - အကျိုးအမြတ် / အကာအကွယ် / အာမခံ ဒါတွေတွက်လာမယ်
- ထားဝယ်ရေနက်ဆိပ်ကမ်း G To G လက်မှတ်ထိုးဖို့ မေလလယ်မှာ လုပ်မယ် 
- ကုန်ကြမ်းအတိုင်းရောင်းချတာတွေအစား တန်ဖိုးမြှင့်ထုတ်ကုန်အထိ ထုတ်လုပ်မယ်
- အသေးစား  နဲ့ အလတ်စား စက်မှုလက်မှုတွေ အားပေးမယ်
- အများကြီးမလုပ်နိုင်တောင် ဖောင်ဒေးရှင်းချခဲ့ချင်တယ် ။ ချခဲ့နိုင်ရင်ကျေနပ်တယ် ။ 

အခမ်းအနားအပြီး - အလွတ်တမ်းများ - 
ဦးစိုးသိန်း - အားလုံးကို သေချာမှတ်သားထားပြီး မကြာမီ အကောင်အထည်ဖော်သွားမည် -
သမ္မတကြီး သဘောထား တိုက်ရိုက်လွှင့်ဦးမည် မကြာမီမျှော် - - -  

မှတ်တမ်းတင်သူ 
နေမျိုးဝေ

.
.