Thursday, March 28, 2013

သံသယဖြစ်ဖွယ်ရာ ကြို့ပင်ကောက် အကြမ်းဖက်မှု

လောကပါလ's photo.

ကြို့ပင်ကောက် အကြမ်းဖက်မှု ဓါတ်ပုံများကို ဧရာဝတီ မှ
တင်ဆက်လာပါတယ်။ထိုအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဖျက်
ဆီး ခံထားရသော အစ္စလာမ်ဘာသာရေး အဆောက်အဦး
ပုံနှင့် အခြားဆက်စပ် မော်တော်ယာဉ် နှစ်စီး ဖျက်ဆီးခံရ
မှုကို အဓိက ဖော်ပြထားပါတယ် ။ ဖျက်ဆီးခံရသော အစ္စ
လာမ် ဘာသာရေး အဆောက်အဦးမှာ တံခါးမှအပ ကျန်
အစိတ်အပိုင်းများ ထူးထူးခြားခြား မပျက်စီးပဲ၊၎င်း၏ ဘေး
အဆောက်အဦးငယ်ကို အဓိက ဖြိုဖျက်ထားသည်ကိုတွေ့
မြင်ရပါသည်။ ဖျက်ဆီးခံရသော မော်တော်ယာဉ် နှစ်စီးမှာ
မူ တစ်စီးမှာ ဂျစ်ကားဖြစ်ပြီး ကျန်တစ်စီးမှာ ဆလွန်းကား
ဖြစ်ပြီး ထူးခြားသည်မှာ ထိုမော်တော်ယာဉ် နှစ်စီးလုံးတွင်
၉၆၉ ဟူသော နံပါတ်ကို အလွန် ထင်ရှားသော အဏုမြူ
အစိမ်းရောင် မှုတ်ဆေးဖြင့် ရေးသားထားခြင်း ဖြစ်သည် ။
၎င်းတို့ ၏ ရည်ရွယ်ချက်မှာ ၉၆၉ အမည်ဖြင့်အကြမ်းဖက်
မှုကို လုပ်ဆောင်သည်ဟု ထင်ရှားစေခြင်း ဖြစ်ပေမည် ။
သေချာစီမံထားသော ဘာသာရေး သွေးထိုးလှုံ့ဆော်မှုပင်
ဖြစ်သည် ။အကယ်၍သာ မြန်မာများလုပ်ဆောင်ခဲ့ပါမူ ထို
ကဲ့သို့သောရေးသားခြင်းမျိုး ပြုလုပ်နိုင်စရာ အကြောင်းမ
ရှိပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အပေါ် သေချာပေါက်
အကောက်ကြံ ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ပြုမူလုပ်
ဆောင်ပြီးနောက်ကွယ်တွင် အဓိကရိုဏ်းပိုမို ကြီးထွားစေ
ရန် မီဒီယာနှင့် ပူးပေါင်း၍ လှုံဆော်နေသည်ဟု သံသယ
ဖြစ်မိပါသည် ။ ဧရာဝတီသည် မည်သို့သော မီဒီယာ ဖြစ်
သနည်း ။ ၉၆၉ ကိုလွန်စွာမုန်းတီးနေသည်မှာ မည်သူတို့
ဖြစ်၍ ၊ ထောင်မြင် ရာစွန့်သော အစီအမံများဖြင့် ကျား
ကွက်ရွေ့သော ဆူပူမှုများကို တောက်လျှောက်ဖန်တီးနေ
ကြသည်ကို ရွှေမြန်မာတို့သတိရှိပါရန် နိုးဆော်အသိပေး
လိုက်ပါရစေ ။

ဝေဘန်သူများသို့..
---------------------
-ဟုတ်ချင်လဲဟုတ်မယ် ..
-မဟုတ်ချင်လဲမဟုတ်ဘူး..

ဟိုလူလိုလို ဒီလူလိုလို..
ဘာမဆိုဖြစ်နိုင်တယ်..၊

ပြောထားပြီးသားပါလေ..၊

၉၆၉ ကိုအသုံးချနေကြတယ်ပြောတော့..
လက်မခံချင်ကြဘူး..၊

သေချာမှတ်..မသေမချင်းမှတ်..၊

ဘုရားပုံကို နိမ့်ကျတဲ့နေရာမှာမှာဘယ်သူ့မှမချိတ်ဘူး..
အိပ်ခန်းထဲမှာတောင်မချိတ်ဖူး..၊
ကေတီဗီ..မာဆတ်ကို ဘယ်သူမှ ပရိတ်ကြိုးနဲ့မလာဘူး..၊

ရတနာသုံးပါးနဲ့ပတ်သက်ရင်..
ဘာပဲဖြစ်ဖြစ် ..မြင့်မြတ်တဲ့နေရာမှာသာရှိသင့်တယ်..၊

၉၆၉ ကရတနာသုံးပါးဂုဏ်တော်တွေကို..
ဝိသေသပြုထားတယ်ဆိုရင်..

ဘာလို့ လူပေါင်းစုံလက်ထဲရှိနေရတာလဲ..၊
လူပေါင်းစုံကအသုံးချနေကြတာလဲ..၊

ကိုယ့်ဇာတ်ကိုနိုင်အောင်က..နော်
နောက်တစ်ခါထပ်ပြောတာ..၊