Thursday, March 28, 2013

ထပ်ပြောမယ် အကြမ်းမဖက်ကြပါနဲ့

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
Maha Thumana

မိတ္ထီလာ ဖြစ်စဉ်ကို အခုအချိန်အထိ သိရှိထားသမျှ သတင်းအချက်အလက်တွေ အရ ဖြစ်စဉ်အစမှာ ရွှေဆိုင်ပိုင်ရှင် မူဆလင် ကုလားရဲ့ ဈေးဝယ်သူအပေါ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုကြောင့် ဖြစ်ခဲ့ရတာ ဆိုတဲ့ အတွေးနဲ့ နားလည်မှု ပေးနိုင်ခဲ့သလို လူတွေသေပြီး ဗလီတွေ အိုးအိမ်တွေ မီးလောင်ပြာကျ ဖြစ်ခဲ့ရခြင်းဟာလဲ ရဟန်းတော်တစ်ပါး ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အတွက်ကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ နားလည်မှုပေးနိုင်ခဲ့ပါတယ်။ နဂိုကတည်းက မူဆလင်တွေအပေါ်မှာ အမုန်းတရား လောင်စာ ရှိနေခဲ့တဲ့အတွက် မီးမွှေးပေးတဲ့ အခြေအနေမျိုး ပေါ်လာတဲ့အခါ ဒေါသမီးတွေ တောက်ပြီး သွေးဆူတာ သဘာဝပဲ၊ ငါကိုယ်တိုင်တောင် လူသားတစ်ယောက်အနေနဲ့ အဲဒီနေရာမှာ ရှိနေခဲ့ရင် အဲဒီလို အကြမ်းပတမ်း တုံ့ပြန်မိကောင်း တုံပြန်မိနိုင်တယ် ဆိုတဲ့အတွေးနဲ့ အကြမ်းဖက်သူတွေအပေါ်မှာ အပြစ်မမြင်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း တခြား မြို့တွေမှာ ရှိတဲ့ ဗလီတွေကို မီးရှိုတာ၊ အခုနောက်ဆုံး ဇီးကုန်း ဗလီနဲ့ နေအိမ်တချို့ကို ဖြိုဖျက်တာတွေအထိ လုပ်လာတာကိုတော့ ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး။ ဒါဟာ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာသာသနာကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ လုပ်နေတာ လုံးဝ မဟုတ်ပါဘူး။ လူဗလချာတွေရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ရမ်းကားမှု သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပုံရိပ်နဲ့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။
အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ဟောပြောကြတဲ့ ဆရာတော်ဦးဝီရသူ၊ ဓမ္မဒူတဆရာတော် အရှင်ပညာဝရတို့ရဲ့ တရားတော်တွေ၊ မော်လမြိုင် ဂဏ၀ါစကသံဃာ့ကွန်ယက်ရဲ့ ၉၆၉ ဖော်ဆောင်မှုတွေမှာလဲ အခုလို အကြမ်းဖက်ဖို့ တိုက်တွန်းထားတာမျိုး လုံးဝ မပါပါဘူး။ နီးစပ်တဲ့ ဆရာတော်များလဲ ဒီလို အပြုအမူတွေကို စက်ဆုပ်ကြပါတယ်။
ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေက အားပေးအားမြှောက်လုပ်နေကြတယ်ဆိုတာတော့ သေသေချာချာ မသိလို့ စွပ်စွပ်စွဲစွဲ မပြောချင်ပါဘူး။ ဒီလို အကြမ်းဖက်နေတာတွေ အမြန်ဆုံး ရပ်သွားအောင် လုပ်ဖို့အတွက်တော့ အရှိန်အ၀ါ ရှိတဲ့ ဆရာတော်တွေကိုယ်တိုင် အစုအဖွဲ့တွေ ဖွဲ့၊ တောရော မြို့ပါ လှည့်လည် ပြီး ဗလီဖျက်တာလို အကြမ်းဖက်မှုမျိုးတွေ မလုပ်သင့်တဲ့အကြောင်း၊ အဲဒီလို လုပ်လိုက်လို့ တိုင်းပြည်နဲ့ သာသနာ ဘာအကျိုးမှ မရှိနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တွေဘက်က နစ်နာမှု တစုံတရာရှိရင် မည်သည့်အဖွဲ့အစည်းက တာဝန်ယူ ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် လာရောက်တိုင်ကြားနိုင်ကြောင်း ဆိုတာမျိုးတွေနဲ့ ဟောပြောသင့်တယ် လို့ ထင်ပါတယ်။
အခုအချိန်မှာ လုံခြုံရေးဆိုင်ရာရဲ့ ကိုင်တွယ်မှုကလဲ ထိရောက်တဲ့ အနေအထားမျိုး မဟုတ်တဲ့အတွက် ကိုယ်အသိနဲ့ ကိုယ် ၀ိုင်းဝန်းထိန်းသိမ်းပေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။