Friday, March 29, 2013

စွမ်းအားရှင်တွေရှိသေးလား

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)

*** မေးသင့်တာပေါ့ မေးပေးဖို့ တစ်ယောက်က တောင်းဆိုထားတာလေးတင်ပေးတာပါ***
လက်ရှိအခြေအနေအရ စွမ်းအားရှင်တွေရှိသေးလား ဆိုတာ ကြံ့ဖွံ့ပါတီကို ပွင့်ပွင့် လင်းလင်းဘဲ မေးခွန်းထုတ် ကြရမဲ့ အချိန်ရောက်နေပါပြီ

အမှန်အတိုင်း ပြောရရင် ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်များကို အဖွဲ့ အစည်း တခုခုက ဦးဆောင်ပြီးပုံဖော်နေတယ်လို့ ယုံကြည်ပါတယ် ။ လုပ်ကိုင် ဆောင်ရွက်ပုံများကို ကြည့်ရင်လည်း ဘယ်သူတွေက ဦးဆောင်နေလည်း ဆိုတာ အတော်လေးကို သိသာထင်ရှားနေပါတယ် ။

ဒါကြောင့် စွမ်းအားရှင်တွေရှိသေးလား ဆိုတာ ကြံ့ဖွံ့ပါတီကို ပွင့်ပွင့် လင်းလင်းဘဲ မေးခွန်းထုတ် ကြရမဲ့ အချိန်ရောက်နေပါပြီ

၁။ စွမ်းအားရှင် အဖွဲ့အစည်းဟာ ယနေ့အထိ ရှိနေဆဲလား။ ဖျက်သိမ်းလိုက်ပြီလား ?

၂။ ရှိခဲ့တယ်တဆိုရင် တရားဝင် မှတ်ပုံတင်ထားရဲ့လား၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လိုအလုပ်တွေကို
အဓိကထား လုပ်ကိုင်နေကြသလဲ၊ အဖွဲ့ဝင် အင်အား နဲ့ အဖွဲ့အစည်းမှာ ဘယ်သူတွေ ဦးဆောင်ပါဝင်
ကြသလဲ၊ ဆိုတာကို သိအောင် မေးမြန်းသင့်ပါပြီ ?

၃။ သီးခြားအဖွဲ့အစည်း တခုအဖြစ် ရပ်တည်နေဆဲ မဟုတ်ဘဲ၊ ယခင်ကလိုဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေး အသင်းလက်အောက်မှာဘဲ ထားရှိတယ်ဆိုရင်၊ ဘယ်သူတွေက အဲဒီ စွမ်းအားရှင် အဖွဲ့အစည်း
ကို ချယ်လှယ် အုပ်ချုပ်နေတာလဲ ?

၎။ အကယ်၍ ဖျက်သိမ်းလိုက်ပြီ ဆိုရင်လဲ၊ ယခင်က အဲဒီအဖွဲ့ကို အသက်သွင်းဖွဲ့စည်းခဲ့တဲ့ ကြံ့ဖွံွှံပါတီ ကို
မေး မြန်းချင်တာက-

(က) ဘယ်လိုရည်ရွယ်ချက်ကြေင့် စွမ်းအားရှင် အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာလဲ ?

(ခ) ထိုအသင်းအဖွဲ့ရဲ့ အဓိက ဆောင်ရွက်ခဲ့တဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်ကိစ္စရပ်များ၊ အသင်းရဲ့
လှုတ်ရှားမှု့ ပုံစံ၊ အသင်းဝင် အင်အား၊ အဓိက ဦးဆောင်သူများ၊ ဦးဆောင်သူများကို ဘယ်လိုပုံစံ
နဲ့ ရွှေးချယ်ခဲ့သလဲ၊ အသင်းဝင်များကို ဘယ်လိုပုံနဲ့ စုဆောင်းခဲ့သလဲ၊ ဘာတွေ လုပ်ဘို့ တာဝန်ပေး
ခဲ့လဲ၊ တိုင်းနှင့်ပြည်နယ် နေရာအနှံ့ဘယ်လို ဖြန့်ကျက်ထားသလဲ ?

ဆိုတာတွေကို တိတိကျကျ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ကြီး များ အနေဖြင့် ပြည်သူလူထုကိုယ်စား မေးမြန်းပေးကြပါရန် လေးစားစွာ တောင်းဆို အပ်ပါတယ်။