(၁) ကျွန်တော်တို့ က လက်ပန်းတောင်းတောင်ကိုပဲ မြင်ပေမယ့် အပေါ်က စီးမိုးကြည့်တဲ့ မြင်ကွင်းမှာနိုင်ငံခေါင်းေ
(၂) အနည်းဆုံးတော့ ကျွန်တော်တို့  လူထုခေါင်းဆောင်ကို ယုံရပါလိမ့်မယ်။ မယုံရင်တောင်မှပဲ ကျွန်တော်တို့  မဖြစ်မနေ ယုံကြည်ပေးကြရပါလိမ့်မယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတာ (၄) မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ် ကျွန်တော်တို့ မှာ အစားထိုးစရာ မရှိပါဘူး။ (၅) မြန်မာ့အရေးကိုကမ္ဘာကအသိအမှတ (၆) ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက် သူဟာ လမ်းမှားချင်တယ် ဆိုစေဦးတော့ မှားလို့  မဖြစ်တဲ့သူပါ။ (၇) သူဟာ သမိုင်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်ပါ။ သူဟာ ဗိုလ်ချုပ်ရဲ့ သမီးပါ။လွယ်လွယ်နဲ့  လမ်းမှားလိုက်လို့  မဖြစ်တဲ့သူပါ။ သူ့ ကိုယ်ကျိုးထက် တိုင်းပြည်အရေးကို ဦးစားပေးရမယ့်သူပါ။ ဒီလမ်းက သူရွေးချယ်ထားတဲ့လမ်း ဖြစ်နေတဲ့အပြင် သူ့ ရဲ့  သမိုင်းပေးတာဝန်လည်း ဖြစ်နေလို့ ပါ။ (၈) တစ်ခါတစ်လေ ကျွန်တော်တို့ က ကိုယ့်ခေါင်းဆောင်ကိုယ် ပုံပြင်ထဲက လူစွမ်းကောင်း တန်ခိုးရှင်လို့  ထင်ယောင်မှားသွားလို့  တတ်ကြပါတယ်။ ဒါပေမယ့်လည်း သူဟာလည်း သာမန်လူသား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်မှု အတိုင်းအတာ ကန့် သတ်ချက်တွေ ရှိနေနိုင်တယ် ၊ အမှားတွေလည်းပဲ ရှိနေနိုင်ပြီးစိတ်ခံစားမှုေ (၉) ပြည်သူအများစုကို ကိုယ်စားပြုနေရတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့  အင်မတန်မှလည်း တာဝန်ကြီးသလို အလွန်မှလည်း ပင်ပန်းနေပါလိမ့်မယ်။ ဒါပေမယ့်လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကွ (၁၀) သူ့ ကိုမှ ကျွန်တော်တို့  မယုံရင် ဘယ်သူ့ ကို ပြောင်းပြီး ယုံကြည်ကြမှာလဲ။ ဘယ်သူကရော ကျွန်တော်တို့  မျက်စိမှိတ်ပြီး ယုံကြည်နိုင်တဲ့သူ ဖြစ်မှာပါလဲ။ (၁၁) လူသာမန်ဖြစ်နေလို့  မှားချင်တယ် ဆိုဦးတော့ ဒေါ်စုဟာ သူ့ ရဲ့  ကြီးမားကောင်းမွန်လှတဲ့ သမိုင်းကြောင်းကြီးကိုတော့ ပြောင်းပြန် ပြန်ပြောင်းရေးဆွဲမယ့်သူ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်မနေ စောင့်သိရမယ့် သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းရွက်နေရတဲ့သူပါ။ အဲဒီထက် ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မှာ အခုထိ အစားထိုးရွေးချယ်စရာနောက်ထပ (၁၂) တစ်ကယ်လုပ်နေရတဲ့ သူတွေရဲ့  အကျပ်အတည်းတွေ၊ စည်းတွေ ဘောင်တွေ ၊ ကန့် သတ်ထားခံရတဲ့ ပေးထားချက်တွေ ၊ အများပြည်သူကို ချပြလိုက်လို့  မရနိုင်သေးတဲ့ အပေးအယူ အလျှော့အတင်းတွေကိုလည်း အကုန်မသိနိုင်ပါဘူး။ ဘေးကကြည့်နေရတဲ့အတွက် မမြင်သာတာ ၊ မသိနိုင်တာတွေလည်း ရှိနေမှာ အမှန်ပါ။ (၁၃) အဲဒါကြောင့်ကျွန်တော်တို့ က ပြည်သူတွေအနေနဲ့  ဝေဖန်စရာရှိရင် ဝေဖန်ကြရပါလိမ့်မယ်။ ထောက်ပြစရာရှိတဲ့အခါ ထောက်ပြကြရပါလိမ့်မယ်။ သတိပေးစရာ ရှိတဲ့အခါ သတိပေးကြရပါလိမ့်မယ်။ (၁၄) ဒါပေမယ့်ကျွန်တော်တို့  ကိုယ့်ခေါင်းဆောင်ကိုယ် ယုံကြည်ကြရပါလိမ့်မယ်။ မဖြစ်မနေကိုယ် ယုံကြည်ပေးကြရပါလိမ့်မယ်။ (၁၅) ကျွန်တော်တို့ ဟာ သမိုင်းမှာ အင်မတန်မှ အရက်စက်ဆုံး ၊ အကောက်ကျစ်နိုင်ဆုံးလို့  ရာဇ၀င်မှာစာတင်လောက်တဲ့ အာဏာရှင် လက်ဟောင်းတွေ၊ အာဏာရှင် အသွင်ပြောင်းတွေ ၊ အာဏာရှင် တဖြစ်လဲ တွေကို ရင်ဆိုင်နေကြရတာပါ။ သူတို့ ရဲ့  အာဏာ တည်မြဲဖို့ အတွက် ၊ သူတို့ ရဲ့  အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆို ဘာကိုမဆို လုပ်ဝံ့ကြသူတွေနဲ့  ရင်ဆိုင်နေကြရတာပါ။ (၁၆) လှည့်ကွက်အမျိုးမျိုး ၊ ခွင်အမျိုးမျိုးဆင်ထားရင်း ၊ ဂတိဆိုတာမရှိ ၊ တာဝန်ယူမှုဆိုတာ နားမလည်ချင်ယောင်ဆောင် ပြည်သူကို ထပ်ခါထပ်ခါ လိမ်ဖို့  နည်းနည်းမှ အရှက်သိက္ခာ မရှိသော ကမ္ဘာ့ အံ့ဖွယ် အစိုးရဆိုတဲ့ အာဏာရှင်လက်ဟောင်းကြီးများက (၁၇) ဒီအခြေအနေက ကျွန်တော်တို့ ပြည်သူတွေအတွက် စိတ်ချရပြီလို့  ပြောလို့  မရနိုင်သေးတဲ့ အခြေအနေပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု လွတ်လပ်မှု စား ၀တ် နေရေး ဘာတစ်ခုကမှ အာမခံချက်မရှိသေးတဲ့ အခြေအနေပါ။ (၁၈) အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့  ပြည်သူအားလုံး အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ပြီးမှ ရုန်းကန် လာခဲ့ကြရတာပါ။ ဒီလောက်နဲ့  ဒီလို အခြေအနေမျိုးနဲ့ တော့ ကျွန်တော်တို့  လက်လျှော့လိုက်ဖို့  အဆုံးရှုံးခံလိုက်ဖို့  မဖြစ်နိုင်ပါဘူး။ (၁၉) ဆက်လိုက်ရင်ဆိုင်ကြရမှာပါ။ အဲဒီလို အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆက်လက်ပြီး ခေါင်းဆောင်ပေးမှုကို ကျွန်တော်တို့ ပြည်သူတွေ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ (၂၀) အာဏာရှင်တွေကိုဆက်လက်ရင်ဆို (၂၁) ၂၀၁၅ မှာ ထပ်ပြီးတော့ မဲမလိမ်ဖို့  ၊ အရပ်သားစစ်စစ် အစိုးရ တက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကို ပြည်သူတွေ ဆက်ပြီးတော့ လိုအပ်ပါတယ်။ ဒီမိုကရေစီကိုသာ အမှန်လိုချင်တယ်ဆို ၊ အာဏာရှင်လက်အောက်ကနေသာ အမှန်တစ်ကယ် လွတ်မြောက်ချင်တယ်ဆိုရင် လူထုခေါင်းဆောင်ကို အခုနေတော့မျက်စိမှတ်ပြီး ယုံကြည်ပေးကြရပါမယ်။ (၂၂) ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ အခုနေမှာတော့ သူ့ ထက်ပိုယုံကြည်ပေးလို့  ရမယ့်သူ မရှိလို့ ပါ။ (၂၃)ကိုယ် နှုတ်အမူအရာ နူးညံ့ငြင်သာ လေရုံနဲ့  တော့ တာဝန်ယူမှု ဆိုတာတွေကို အကြီမ်ကြိမ် ရှောင်လွှဲလေ့ရှိတဲ့ ကျွန်တော်တို့ ရဲ့  လက်ရှိသမ္မတကြီးကို ကျွန်တော်တို့  ပြောင်းပြီး ယုံကြည်လိုက်လို့  မရပါဘူး။ (၂၄) တစ်ချိန်က စစ်ခေါင်းဆောင်ဟောင်းကို ယုံတာထက် လူထုခေါင်းဆောင်ကို ယုံကြည်လိုက်တာက ပြည်သူတွေအတွက်ဘေးထွက်ဆိုးက (၂၅) ပြည်သူ့ အကျိုးစီးပွားထက် အာဏာရှင်ဟောင်းကြီးတွေရဲ့  အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်များကိုသာ ဦးစားပေးပြီး ကာကွယ်ပေးသွားရမယ့် တာဝန်ရှိနေတဲ့ လက်ရှိ အာဏာရှိသူများ ရဲ့  ဖျက်ဆီးမယ့် လှည့်ကွက်တွေထဲကို ပြည်သူတွေ လိုက်ပါစီးမျောလို့  မဖြစ်ပါဘူး။ (၂၆) ကျွန်တော်တို့  ပြည်သူတွေ အချင်းချင်းပဲ သတိပေးအသိပေးပြီး သွေးစည်းညီညွတ်ကြရမှာပါ။ (၂၇)နွားကွဲရင် ကျားဆွဲမယ့်မူကို အာဏာရှင်လက်ဟောင်းကြီးများ ပြင်ထားကြပါပြီ။ အဲဒါကို ရည်ရွယ်ပြီးလှည့်ကွက်တွေကို (၂၈) အရာရာတိုင်းအတွက် ဒေါ်စုကို ထိုးကျွေးဖို့  ပြင်နေကြပါတယ်။ လူထုက သူတို့ ရဲ့  လူထုခေါင်းဆောင်ကို မုန်းသွားဖို့  ၊ အကြည်အညိုပျက်စေဖို့  အမျိုးမျိုး ကြံစည် နေကြပါတယ်။ (၂၉) အဲဒီလှည့်ကွက်တွေထဲကို ပြည်သူတွေ မ၀င်ကြဖို့  အရေးကြီးနေပါတယ်။ သတိရှိကြဖို့  ၊ အသိရှိကြဖို့  လိုအပ်နေပါတယ်။ ဒီမိုကရေစီ စံနစ်သာ ခိုင်မြဲသွားဖို့  ၊ အရပ်သားစင်စစ်သာ အမှန်တကယ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့  အရေးကြီးပါတယ်။ (၃၀) ခေါင်းဆောင်က ပြည်သူကိုစွန့် ပစ်လို့  ဖောက်ပြန်ပါတယ်ဆိုရင်တော့လည (၃၁) ပြည်သူအားနဲ့  ပြည်သူကြိုက်တဲ့ ခေါင်းဆောင်ကို အမှန်တစ်ကယ် ရွေးကောက်တင်မြှောက်ခွင့် ရရှိတဲ့ အချိန်ထိ ပြည်သူတွေ စည်းလုံးဖို့ ၊ အာဏာရှင်လှည့်ကွက်ထဲ မ၀င်ကြဖို့  အရေးတစ်ကြီး လိုအပ်ပါတယ်။ပြည်သူ့ အား ဆိုတာကို လိုအပ်တဲ့ အချိန်မှာ အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့  ပြသတတ်ရပါလိမ့်မယ်။ ။ -------------------------- Pyay Chit Thu ရဲ့ ထိရောက်တဲ့အရေးအသားပါ. ကျေးဇူးတင်ပါတယ် ကို Pyay Chit Thu မူရင်းnote လင့်.. https://www.facebook.com/ |
skip to main |
skip to sidebar
.
Wednesday, March 20, 2013
"ဘုန်းတော်ဘွဲ့တော့မဟုတ်..လက်တွေ့ပါ"
Labels:
ဆောင်းပါး
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တ...
-
နာမည်ကျော် ရုပ်ရှင်ကား တစ်ကား ဖြစ်သော The Last Airbender ဇာတ်ကား တွင် ပုဂံ ဘုရား ပုထိုးများ ၏ ပုံရိပ် များကို ထည့်သွင်း အသုံးပြု ထားကြောင်...
-
နရီလင်းလက် Friday, April 09, 2010 ယ ခုနှစ် ရန်ကုန် သင်္ကြန်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ကို ကန့်သတ် ထားသော်လည်း နှစ်သက်ရာ နေရာတွင် မဏ္ဍပ် ဆောက်နိုင်သ...
-
ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဘုန်ကြီးကျောင်း သုံးကျောင်းနဲ့ လူနေအိမ်တချို့ကို ဘုရားဂေါပကလူကြီးတွေက အဆောက်အအုံ ဟောင်းနွမ်းတွေ ပြုပြင်ဖိ...
-
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး ဆွေးနွေ...
-
Myanmar Defense League - MDL ဒန်ပေါက်အလွန်ကြိုက်ပါသည်. မြန်မာရောင်းသော ဒန်ပေါက်မှ စားချင်ပါသည် ဆိုသော မျိုးချစ် မြန်မာများအတွက် သတင်းကောင်...
-
မောင်အေး ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။ “ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိ...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
ဒီဓာတုလက်နက်ဟာ စိုးစွပ်တဲ့နေရာတွေကို ပစ်ဖောက်လိုက်မယ်ဆိုရင် မီးလောင်စေပါတယ်။ အဲဒီရေနဲ့တွေ့ထိအခါမှာ အက်စ်အဖြစ်ပြောင်းလဲပြီး အဝတ်အထည်၊ အသားတေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988