By Pyay Chit Thu
ဂဏန်းတွေထည့်ထားတဲ့ခြင်းကို အဖုံးအုပ်ထားစရာ မလိုဘူးတဲ့ ။ တစ်ကောင်က အပေါ်တက်မယ်ကြံတာနဲ့  ကျန်တဲ့အကောင်တွေက ၀ိုင်းပြီးတော့ ဆွဲဖဲ့ကြ ဖြုတ်ချကြတာပဲတဲ့ ။အဲဒါနဲ့ ပဲ ဘယ်သူမှကို အပေါ်မရောက် နိုင်ကြတော့ပါဘူး တဲ့ ။
မြန်မာတွေက ဘယ်တုန်းကမှ မညံ့ခဲ့ကြပါဘူး ။ လူညွန့် တုန်းနေကြတဲ့သူတွေ မဟုတ်ကြပါဘူး ။ခေတ်အဆက်ဆက် အမျိုးမျိုး အဖုံဖုံ စံနစ်တစ်ကျ ဖျက်ဆီးခံ ထားခဲ့ကြရတာပါ ။ ကိုယ်ရည်ကိုယ်သွေးတွေကို ချွန်ထွက်မလာအောင် ပုံသွင်းနှိပ်ကွပ် ခံထားခဲ့ကြရတာပါ ။
အခု အသိညဏ်တံခါးကို ဖွင့်ကြည့်ကြရမယ့် အချိန် ရောက်နေပါပြီ ။ သူများ ၀ါဒဖြန့် တိုင်း လိုက်ပြီးတုန်လှုပ်နေကြရတော့မယ့် အချိန် မဟုတ်ပါဘူး ။ မြန်မာတွေက ပျော်ပျော်နေတတ်တယ် ။စိတ်နာလွယ်တာနဲ့ အမျှ ခွင့်လွှတ်လွယ် ၊ ကျေအေးလွယ်ကြပါတယ် ။ စိတ်ဆိုးလွယ်တာနဲ့ အမျှမေ့ပြစ်ဖို့ လည်း လွယ်ကူကြပါတယ် ။ သွေးအေးလွယ်သလို ၊ အင်မတန်လည်း သွေးဆူလွယ်ကြတာပါ ။
ကိုယ့်ဘာသာကို ကိုယ်သာ အကြည်အညို နဲချင်နဲမယ် ၊ အရိုအသေ နဲချင်နဲမယ် ၊ ဘာသာရေးနဲ့ ပတ်သက်လာရင် အင်မတန်မှ အကဲဆတ်လွန်းတဲ့ လူမျိုးလည်း ဖြစ်ပါတယ် ။ ဆတ်ဆတ်ထိ မခံနိုင်တဲ့ လူမျိုး ဖြစ်ပါတယ် ။ အတိတ်ကို တသသပြန်တွေးပြီး ၀မ်းနဲရင်သာ နဲမယ် ၊ သင်ခန်းစာယူဖို့ ကြတော့ အမေ့မေ့အလျော့လျော့လည်း ရှိနေတတ်ကြပါတယ် ။ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်လဲဆိုရော ဘာမှထပ်မစဉ်းစားတော့ပဲ မဲတွေစုပြုံ ပစ်ထဲ့တတ်ကြတဲ့ လူမျိုးတွေပါ ။
းကိုယ့်ဘာသာ ၊ ကိုယ့်သာသနာကို သနားစရာကောင်းလောက်အောင် အကြည်ညို လွန်ကြတယ် ဆိုရင်လည်း မမှားပါဘူး ။ စံနစ်တကျ ဝေဖန်ဆန်းစစ်မှု အားနဲခဲ့ကြတော့ ဒါကိုပဲ အုပ်ချုပ်မင်းလုပ်ကြသူ အဆက်ဆက်က နိုင်ငံရေးကစားကွက် ၊ လှည့်ကွက်အဖြစ် အကြိမ်ကြိမ် အသုံးချနိုင်ခဲ့ကြတာပါ ။ကျွန်တော်တို့  ပြည်သူတွေကလည်း အကြိမ်တိုင်းကို သွေးဆူလွယ် ၊ အကဲဆတ်လွယ်နေကြတုန်းပါ ။
အခုအချိန်က ကျွန်တော်တို့  အဲဒီလိုအလှည့်စား ခံကြရတော့မယ့် အချိန်မဟုတ်တော့ပါဘူး ။အသိညဏ်ရှိရှိ ၊ သတိကြီးကြီးထားပြီး ဘယ်သူ့ လှည့်ကွက်ထဲမှ မ၀င်အောင် နေကြရပါလိမ့်မယ် ။
ရခိုင်ပြသနာက ကျွန်တော်တို့ ရဲ့  အနောက်ဖက်တံခါးပေါက် မလုံလို့ ဖြစ်တဲ့ ပြသနာပါ ။အစိုးရရဲ့  စီမံကွပ်ကဲမှုအမှားတွေနဲ့  အုပ်ချုပ်သူတွေရဲ့  အစဉ်အဆက်ဖောက်ပြန်လာခဲ့ကြတဲ့လာဘ်စားမှုတွေကြောင့် နယ်မြေကျုးကျော်ခံရမှု ပြသနာပါ ။ အဲဒီလူတွေ ကျွန်တော်တို့ နဲ့ အသားအရောင် ၊ ကိုးကွယ်ရာဘာသာ မတူတဲ့ ပြသနာ မဟုတ်ပါဘူး ။
ကျွန်တော်တို့ ရဲ့  အစိုးရမင်းများနဲ့ သာ အဓိက သက်ဆိုင်တဲ့ ပြသနာ ဖြစ်ပါတယ် ။ တိုင်းပြည်ကို တစ်လက်မမျှ မပေးရအောင် ကာကွယ်ရမယ် ၊ ဘယ်လူမျိုးမှ ကိုယ့်နိုင်ငံသားတွေကိုမမြိုရအောင် ကာကွယ်ပေးရမယ်ဆိုတဲ့ တာဝန်အတွက် အုပ်ချုပ်သူ အစိုးရမှာ မဖြစ်မနေ တာဝန် ရှိနေတာပါ ။ သူတို့ တာဝန်ယူကြရမှာပါ ။ အဲဒီလူတွေက ဘာလူမျိုးဖြစ်နေနေ ၊ ဘယ်အသွေးအရောင် ရှိနေနေ ၊ ဘယ်ဘာသာ ကိုးကွယ်နေနေ ၊ အဲဒါကို မုန်းတီးကြရမှာ မဟုတ်ပဲ ကျွန်တော်တို့ တိုင်းပြည်ကို ၊ကျွန်တော်တို့ ရဲ့  လူမျိုးတွေကို ကာကွယ်ပေးဖို့ ကိုသာ ကျွန်တော်တို့  တောင်းဆိုကြရမှာပါ ။
ကျွန်တော်တို့  အိမ်ထဲကို လူစိမ်းမ၀င်အောင်သာ ကျွန်တော်တို့ မှာ ကာကွယ်ခွင့်ရှိတယ် ၊ ကိုယ့်အိမ်နီးချင်း ဘယ်သူဖြစ်သင့်တယ်လို့ တော့ တောင်းဆိုလို့  မရနိုင်ဘူးမို့ လား ။ အခုကျွန်တော်တို့  ကြုံတွေ့ နေရတာက နိုင်ငံပိုင်နက် ကျူးကျော်ခံနေရတဲ့ အခန့် မသင့်ရင် နိုင်ငံပျောက်သွားမယ့် ပြသနာပါ ။ လူမျိုးရေး အဓိကရုန်း ၊ ဘာသာရေးအဓိကရုန်း နဲ့  လမ်းလွဲခံလိုက်ရမယ့် ပြသနာ မဟုတ်ပါဘူး ။
နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး ။ သတိကြီးကြီးထားပြီး မျက်စိဖွင့် ၊ နားစွင့်ထားကြမှသင့်ပါလိမ့်မယ် ။ ဗိုလ်နေ၀င်း စစ်တပ်အောက် ၊ န၀တ စစ်အာဏာရှင်အောက် ၊ ဒီလောက်နှစ်တွေအကြာကြီး ဖိသိပ်နှိပ်ကွပ် ခံခဲ့ရတာ အရာရာကို ကျွန်တော်တို့  သတိကြီးကြီးထားမှ ၊ သံသယ ၀င်ကာမှတော်ကာကြ ပါလိမ့်မယ် ။ ဘယ်သူ့ ကိုမှ ကျွန်တော်တို့  အလွယ်တကူ ယုံလို့ မဖြစ်ပါဘူး ။ အခုတလောဖြစ်နေတဲ့ ကိစ္စတွေအများကြီးကို ဆက်စပ်စဉ်းစား ကြည့်ကြပါ ။ တိုက်ဆိုင်မှုတွေ များလွှန်းလှနေပါတယ် ။
NLD ဆိုတာကို တစ်ဖွဲ့ လုံး ကျွန်တော်တို့  မယုံတော့ဘူးပဲ ထားပါ ။ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ကျွန်တော်တို့  ယုံရပါလိမ့်မယ် ။ သူ့ အရည်အချင်းတွေကိုသံသယ၀င်နေခဲ့ပြီပဲ ထားပါ ၊ အခုလောလောဆယ်မှာ သူကလွဲတဲ့ ဘယ်သူ့ ကို ကျွန်တော်တို့ ယုံကြမှာလဲ ။ သူကလွဲတဲ့ တခြား လူထုတစ်ရပ်လုံးကိုခေါင်းဆောင်နိုင်တဲ့ အမျိုးသားခေါင်းဆောင် ကျွန်တော်တို့ မှာ ရှိပါပြီလား ။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ဒီမိုကရေစီ ပုံရိပ်ပါ ။ သူ့ သမိုင်းနဲ့  သူ့ ဂုဏ်သိက္ခာ ၊ သူ့ ဖခင် ဂုဏ်သိက္ခာကိုသူ မဖြစ်မနေ ထိန်းသွားရမယ့်သူပါ ။ ဘယ်လောက်ပဲ လမ်းမှားချင်ဦးတော့ သူက ဒီလမ်းကနေခြေချော်သွားလို့  မရတော့တဲ့သူပါ ။
ကိုယ့်ဘာသာကိုယ်ကာကွယ်တာ ၊ စောင့်ရှောက်ချင်တာ ကောင်းပါတယ် ။ ဆရာတော် တွေ လုပ်ရမယ့်အလုပ်လည်း ဖြစ်ပါတယ် ။ မြတ်စွာဘုရား ဟောကြားတော်မူသော ၊ ဗုဒ္ဓကြိုက်နှစ်သက်သော လမ်းစဉ်ဟုတ်မဟုတ်ဆိုတာလည်း ဘုရားသားတော်တွေကပဲ ပိုသိ ပိုနားလည် ကြမှာပါ ။
ဒီအချိန်က ကျွန်တော်တို့ ရဲ့  သိပ်နုနယ်သေးတဲ့ ဒီမိုကရေစီ ခရီးအစပါ ။ ဒီလောက်ကလေး ရောက်လာခဲ့ဖို့ တောင် အသက်တွေ ၊ သွေးတွေ ၊ ဘ၀တွေ ။ ဘယ်တော့မှ အစားပြန်မရနိုင်တော့မယ့် အချိန်တွေကျွန်တော်တို့ အများကြီး ရင်းထားခဲ့ရတာ ။ အခုမှ အရင်းတောင် မရသေး ပါဘူး ။ ရင်းစားလေးတောင်မှပြန်မရသေးတဲ့ အချိန်ပါ ။ မဖြစ်မနေကို ကျွန်တော်တို့  သွေးစည်းညီညွတ်ကြရမယ့် အချိန်ပါ ။ဘယ်လိုမှ ကွဲလို့ မဖြစ်တဲ့ အချိန်ပါ ။
ဆရာတော် ဦးဝီရသူ NLD ကို ထောက်ပြတဲ့ အချက်တွေက အကုန်မှန်တယ်ပဲ ထားပါ ။ အခြေအနေနဲ့  အချိန်အခါရွေးချယ်ပုံက မှားပါတယ် ။ သံသယသာဖြစ်မယ်ဆိုရင် အများကြီး သံသယ ဖြစ်စရာ ကောင်းပါတယ် ။ အမျိုးသားရေး ဆောင်ရွက်နေတဲ့ သူတွေနဲ့  အတိုက်အခံ အဖွဲ့ တို့  အချင်းများကြရင် အမြတ်ထွက်မယ့်သူဘယ်သူရှိပါမလဲ ....။ ကျွန်တော်တို့  အများကြီး စဉ်းစားချင့်ချိန်ကြရပါမယ် ။
ပြသနာအားလုံးမှာ နောက်ထပ်ဖြေရှင်းနည်း တစ်စုံတစ်ရာ ၊ နောက်ထပ် အဖြေရှာလို့ ရမယ့် ရှုထောင့်တစ်ကယ်ပဲ ထပ်မရှိနိုင်တာ သေချာသွားပြီလား ။ ဒီအကြောင်းကိုပဲ ဒီလို လူထုအထင်လွဲအောင် ၊ သံသယ၀င်အောင် မလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးနိုင်တဲ့ တစ်ခြားနည်းလမ်း တစ်ကယ်ပဲ မရှိတော့တာလား ။
ဘာသာရေး အဓိကရုန်း ၊ လူမျိုးရေး အဓိကရုန်းဆိုတာ ကျွန်တော်တို့ တိုင်းပြည်မှာ အုပ်ချုပ်သူတွေက အဆက်ဆက် အာရုံလွှဲဖို့  အသုံးပြုခဲ့ကြတဲ့ ခေါင်းစဉ်ပါ ။ အစိုးရညံ့ချင်းလို့  နယ်မြေမလုံခြုံတဲ့ပြသနာကနေ အခု လူမျိုးရေးတွေ ဘာသာရေးတွေ ပါလာပြီ ။ NLD ပါကြားညပ်လာပြီ ။ ၈၈တွေကို တစစီ အသရေ ဖျက်နေကြပြီ ။ ကင်တားနားလာပြီ။ဥပဒေပြင်ဖို့ ပြောပြီ ။ လွှတ်တော်မှာ ၀န်ကြီးက ဘင်္ဂါလီ လို့  စွတ်စွဲခံထားရတဲ့ လွှတ်တော်အမတ်တွေပါတဲ့ ကိုယ်စားလည်တော်ကြီးတွေကို ရိုဟင်ဂျာ မရှိပါဘူးလို့  ဖြေပြီး အမှတ်ယူနေခဲ့ပြီ ။ ကျန်တဲ့သူတွေကတော့ သုံးးစားမရတော့တဲ့ အမျိုးသားရေး သစ္စဖောက်တွေ ဖြစ်ခဲ့ကြပြီ ။
ဒီအချိန်မှာ စစ်တပ်အကောင့်ပိုင်ရှင်တွေလို့  သိသာနေတဲ့ အကောင့်တွေက တရုတ်ကို တစ်ကယ်ကြောက်တာပါဆိုတာတွေ ၊ မီးပျက်တာ နည်းတောင်နည်းသေးတယ်ဆိုပြီး တရုတ်ရဲ့  မြစ်ဆုံ ရေအားလျပ်စစ်စီမံကိန်းကိုပြန်အသက်သွင်းဖို့  လှုံ့ ဆော်နေကြတယ် ။ တောက်လျှောက်ကို ရေးတင်နေကြတာ ပါ ။ ခုနကပဲငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ ကချင်နဲ့  ထိတွေ့ မှုတွေ ပြန်ဖြစ်နေပါပြီ ဆိုတဲ့သတင်းတွေ ၊ SSA နဲ့  ရှမ်းမြောက်မှာ ဖြစ်တယ်ဆိုတာတွေ ပြန်ပြီးတော့ ပြန့် နေပြန်ပါပြီ ။
ကျွန်တော်တို့  မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဟာ သူ့ ရဲ့  အသုံးဝင်မှု အခန်းကဏ္ဍကို အမြဲအရေးပါတဲ့ နေရာကပြချင်ခဲ့ ၊ နေချင်ခဲ့တာပါ ။ အေးချမ်းသွားမယ် ဆိုရင် သူတို့  မလိုဘူး ဆိုတာမျိုး ဖြစ်သွားမှာကို သိပ်ကြောက်ခဲ့တာပါ ။အဲဒီအတွက် စစ်တပ် အစွမ်းပြလို့ ရမယ့် အရာတွေကို အမြဲရချင်ခဲ့တာပါ ။
မြန်မာ့နိုင်ငံရေးဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလတွေ ကတည်းက အမြဲကွဲခဲ့တာပါ ။ လူနှစ်ယောက်ရှိရင်၃ ဖွဲ့ ကွဲတယ်လို့  ပြောစမှတ်ပြုရလောက်အောင် မြန်မာ့နိုင်ငံရေးသမားတွေ ခေတ်အဆက်ဆက်မှာ အကွဲအပြဲ များခဲ့ကြတာပါ ။ ဒီလိုနဲ့  တိုင်းပြည် အကြိမ်ကြိမ် နွံနစ်ခဲ့ပြီးလည်း ကျွန်တော်တို့ မြန်မာတွေအခုချိန်အထိတော့ စည်းလုံးညီညွတ်ဖို့ ထက် စီကနဲဆို ကွဲလိုက်ကြဖို့  ပိုအားသန်နေကြတုန်းပါ ။
နိုင်ငံရေးသမားတွေက မစည်းလုံးရင်လည်း ပြည်သူတွေကတော့ စည်းလုံးရပါလိမ့်မယ် ။ စည်းလုံးကြမှရပါလိမ့်မယ် ။ တိုင်းသူပြည်သား တစ်ယောက်ချင်းစီက ကိုယ့်အသိညဏ်ကိုယ်မြှင့်ပြီးတော့အရာရာကို ကျွန်တော်တို့  ချင့်ချိန်ပြီးတော့ စဉ်းစားကြရပါလိမ့်မယ် ။ ယုံကြည်ကြရပါလိမ့်မယ် ။အရာရာကို သွေးမဆူပဲ အသိညဏ်ရှိရှိ ၊ သတိကြီးကြီး တုန့် ပြန်ကြရပါလိမ့်မယ် ။ မဟုတ်ရင်ကျွန်တော်တို့ ပြည်သူတွေပဲ နင်းပြားဖြစ်ကြရမှာပါ ။ ခံကြရမှာပါ ။ နာကြရမှာပါ ။ ဒီလောက်နှစ်တွေအကြာကြီး ဘယ်သူ့ ကိုမဆို ၊ ဘာကိုမဆို လုပ်မယ့်အကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့တဲ့သူတွေဆိုတာ လက်ပန်းတောင်းဘုန်းတော်ကြီးတွေ သက်သေရှိနေဆဲပါ ။
ဘယ်သူ့ ကိုမှ မယုံကြည်ပါဘူး ဆိုရင်တောင် ကျွန်တော်တို့  သတိကြိးကြီးထားဖို့ တော့ လိုမှာ အမှန်ဖြစ်ပါတယ်။ ။
ပြည်ချစ်သူ
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
T ယနေ့(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းေ...
-
Election Guide Type your summary here. Type the rest of your post here.
-
နိုင်ငံအကြီးအကဲများ နေ့ စားအလုပ်သမားတို့ ၏ ဘ၀ကိုနားမလည် ကျောသားရင်သားမခွဲခြားနဲ့  ၂၅-၂-၂၀၁၂ အခု မြန်မာနိုင်ငံမှာ ဥပဒြေ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
မြန်မာစစ်တပ်၏ လူအခွင့်အရေး ချိုးဖောက်မှုများအပေါ် အခြေခံ၍ ရိုက်ကူးထားသော ရမ်ဘို အပိုင်း၎ ( Rambo Iv: Pearl of the Cobra) တွင် မြန်မာစစ်ဗိုလ်အ...
-
လူမိုက် လူရမ်းကား သိုဟန်ဘွား မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်းဝ နေ ပြည်တော် ကျရောက်ခဲ့သည်၊ ရ...
-
ဝင့်သင်ဇာကျော် (မြစ်မခ) ဇွန် ၁၀ ၊ ရန်ကုန်မြို့။ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988