Monday, January 28, 2013

အစာ အဆိပ်သင့်သည် ဟု သံသယ ရှိသည့် လူနာများ ဆက်တိုက် ကြုံနေရ

Coral Arakan News


စစ်တွေ ၊ ၂၈ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

စစ်တွေမြို့တွင်းသို့ သဲချောင်းဘက်မှ ရခိုင်လူမျိုးများ မနက်အစောကြီး ခိုးသွင်းကြသည့် ဟင်းသီးဟင်းရွက် အစားအသောက်များကို စားမိသဖြင့် အဆိပ်သင့်သည်ဟု သံသယဖြစ်ကြရသည့် နေထိုင်မကောင်းမှုများ ဖြစ်နေဆဲဖြစ်သည်ဟု ဒေသခံအချို့ က Coral Arakan အားပြောကြားသည်။

ယမန်နေ့ ညနေပိုင်းတွင် ကုလားများထံမှ တိတ်တဆိတ်ဝယ်သွင်းသည်ဆိုသည့် အမဲသားစားသည့် လူလေးဦး အစာ အဆိပ်သင့်သည် ဆိုကာ ဆေးရုံတက်နေရသည်။ ၄င်းတို့အား အဆိပ်သင့်စေသည့် အစာမှာ မည်သည့်အစာဖြစ်ကြောင်းကို ဆရာဝန်များထံမှ အတိအကျ မသိရပေ။
သံသယကို ပိုကြီး ထိုလူများကျွေးသည့် အမဲသားကို စားခဲ့သည် ဆိုသည့် ခွေးတစ်ကောင် လေဖြတ်သွားခြင်းဖြစ်သည်။

ယနေ့မနက်က ဘဲဥဟင်းစား၍ အစာအဆိပ်သင့်သည် ဆိုသည့် လူတစ်ဦး စစ်တွေမြို့ ထန်းပင်ရင်းရပ်ကွက် ရှိ ဆေးခန်းတစ်ခုသို့ ဆေးခန်းလာပြသည်။

ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေဆေးရုံတွင် မိမိ၏ သမီးဖြစ်သူအား လူနာလာစောင့်နေသူ အသက်(၃၇) နှစ်အရွယ် စပါးထားကျေးရွာသား ကိုသန်းရွှေအောင်က အာလူး၊ မရွတ် နှင့် ခရမ်းချဉ်သီး တို့အား ယနေ့မနက်ပိုင်း ဈေးမှဝယ်ကာ ချက်စားပြီးနောက်ပိုင်း အစာအဆိပ်သင့်သည့် သဘောဖြစ်သည်ဟု ဆိုကာ မိမိကိုယ်တိုင် ဆေးရုံတက်ရသည် ဟု ဆိုသည်။

ဟင်းသီးဟင်းရွက်သည်များက မိမိတို့ ပစ္စည်းများမှာ ကုလားများထံမှ ၀ယ်ခြင်းမဟုတ်ပါဟု အာမခံကာ ရောင်းသော်လည်း အရောင်းကျနေသည် ဟု ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က အဆိပ်ပါတယ် ဆိုတာ မဟုတ်ပါ ဟု လွန်ခဲ့သည့် သုံးရက်ခန့်က အာမခံထားသည်။

(Coral Arakan News)