Tuesday, October 23, 2012

ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်တိုင်းရင်းသားများကြား ပဋိပက္ခဖြစ်ပွား


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပုရိန်ကုန်းရွာ၌ ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်တိုင်းရင်းသားများကြား
ပဋိပက္ခဖြစ်ပွားမှုကြောင့် အိမ်ခြေငါးဆယ် မီးလောင်ခဲ့ကြောင်း ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဦးလှသိန်းက ပြောသည်။

''သူတို့တွေက လူစုတယ်ပြောတယ်။ လူစုတဲ့အခါ ကိုယ့်အိမ်ကိုယ်မီးရှို့တယ်။ မီးရှို့တဲ့အခါ ရခိုင်ဘက်ကဘုန်းကြီးကျောင်းကို မီးလောင်တယ်။ အသေးစိတ်တော့ မသိဘူး'' ဟု ၄င်းက ပြောသည်။

အဆိုပါ ပုရိန်ကုန်းရွာတွင် ဘင်္ဂါလီလူမျိုး အိမ်ခြေ ၅၀၀ ကျော်နှင့် ရခိုင်တိုင်းရင်းသား အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း
ဦးလှသိန်းက ပြောသည်။

ပဋိပက္ခများ ဆက်လက်မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦးသည် ပုဏ္ဏားကျွန်း၊
ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များမှ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ယနေ့နံနက်ပိုင်းက ထွက်ခွာသွားကြောင်း
ဦးလှသိန်း၏ ပြောကြားချက်အရ သိရသည်။
.