Thursday, October 25, 2012

ရခိုင်ပြည်နယ်-ကျောက်ဖြူမြို့နယ် မြို့ခံတစ်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်

NOM-ကျောက်ဖြူ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခု ၅နာရီဝန်းကျင်အခြေအနေကတော့ ကုလားတွေနေတဲ့ရွာတစ်ရွာ လုံးမီးကျွမ်းသွားပြီ၊သူတို့စရှို့တာပေါ့၊ဘာမှမရှိတော့ဘူး၊မြေပြင်ပဲကျန်တော့တယ်။ကုလားတွေကတော့ မော်တော်ဘုတ်အစီး(၂၀-၃၀)၀န်းကျင် နဲ့ ပင်လယ်ထဲမှာ ၅စီးလောက်ထွက်သွားပြီ။

NOM-အခု ကျောက်ဖြူမြို့ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲဗျ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခုကြားနေတာတော့ ညမထွက်ရအမိန့် (၁၄၄)ထုတ်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။တရာဝင်တော့ မကြေညာသေးဘူး။မနေ့ည (၇)နာရီလောက်က မီးလောင်ခဲ့တဲ့
ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ်ကွက် မီးလောင်တာကို သွားငြိမ်းတဲ့ သူတွေကို ကုလားတွေက ဂျင်ကလိနဲ့ ပစ်တယ်။မနေ့ညကတည်းကနေ အခုထိ မအိပ်ရသေးဘူး။

NOM-လူအသေအပျောက်ရှိလား။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-ရှိတယ်။ရခိုင်ဘက်ကတော့ ၁ ယောက် သေတယ်ပြောတယ်။ဒဏ်ရာရတဲ့သူကတော့ ကုလားရော ရခိုင်ရော မနေ့ညကတင် ပေါင်း ၃၀ယောက် လောက် ဒဏ်ရာရတယ်။
ကုလားတွေဘက်က ဂျင်ကလိနဲ့ ပစ်လို့ ဒဏ်ရာရတာလေ။ကုလားတွေ စရှို့တဲ့ မီးကို အကုန်ဝိုင်းငြိမ်းတဲ့ အချိန်မှာ ပစ်တာ။မီးသတ်ကားတွေ လာငြိမ်းတယ်။အဲ့ဒီ့လာ ငြိမ်းတဲ့ မီးသတ်ကားကိုလဲ ဂျင်ကလိနဲ့ ပစ်တယ်။
ရဲတွေ စစ်တပ်တွေ ဘယ်လိုမှ မထိန်းနိုင်ဘူး။

NOM-ရဲနဲ့စစ်တပ်က လုံခြုံရေး ဘယ်လိုပေးလဲ?

ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-ဒီနေ့ညတော့ ရဲနဲ့စစ်တပ် က လုံခြုံရေး ပေးမယ်။အခုကြားနေတာတော့ ညမထွက်ရအမိန့် (၁၄၄)ထုတ်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။သေချာတဲ့ လုံခြုံရေး အခြေအနေ တော့ မပေးသေးပါဘူး။

(NOM မှ သေချာခိုင်လုံသော ရခိုင်ပြည်နယ်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားပါမည်။)

Reference and Credit to -ဆက်သွယ်မေးမြန်သူ-လျှံဘုန်းထက်(NOM)

အေးချမ်းမွန်မှ News of Myanmarတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။