ဆရာစံတောင် စံပြရပ်ကွက် NLD ရပ်/ကျေးရုံးဖွင့်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံတောင်စံပြရပ်ကွက်မှာ သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေးရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်တင် ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနဲ့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီ လုံဦး တို့ လာရောက်ခဲ့ကြပါတယ်။ နံနက် ၉ နာရီကနေ စတင်ပြီး အစီအစဉ် ၁၁ ရပ်နဲ့ ကျင်းပပြုလုပ်တဲ့ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် စုစုပေါင်း၂၀၀ လောက်ကို အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ ဗဟန်းမြို့နယ် အဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီ လုံဦးတို့က အသီးသီးအမှာစကား ဆိုခဲ့ကြပါတယ်။