မီးရှို့တရားခံအား
ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်ခုတ်သည့်
ဖြစ်စဉ် နှင့် ဇော်မတက်အုပ်စု၊ ဟင်္သာရပ်ကွက်မှ သေဆုံးမှု သတင်းဖော်ထုတ်ချက်
(ရခိုင်ပြည်နယ် သတင်းများ)
မီးရှို့တရားခံအား ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်ခုတ်
နစက၊ နယ်မြေ(၈) စခန်း(၁၇) ဥဒေါင်း ကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီး တပ်စိတ် တစ်စိတ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ ၀၀၃၅ ချိန်
တွင် ဥဒေါင်း ကျေးရွာ အုပ်စု ကုန်းတန်း ကျေးရွာတွင် လှည့်ကင်း ဆောင်ရွက်နေစဉ် နလက ကျေးရွာအား မီးရှို့ ဖျက်ဆီး ရန်ကြီုးစားမှု တွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေသူ ဆော်လီမူလာ (ဘ) ရှော်မူ လုပ် သည် နေ အိမ်သို့ ပြန်လည်ရောက် ရှိနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှ သတင်း ပေးပို့ခဲ့ သဖြင့် ၄င်းအဖွဲ့ နှင့် အတူ တရားခံ၏ နေအိမ်အား ၀၁၀၀ နာရီတွင် ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် တရားခံမှ အဖမ်း ခံခြင်း မရှိဘဲ ဓားရှည် ဖြင့်ခုတ်ရာ ဒုရဲအုပ် ဖြိုးဝေအောင် ၏ ၀ဲဘက် လက်မောင်းတွင် ၂ လက်မ ခန့် ပြဲရှ ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းမှ အမ်အေ ၁၃ သေနတ် ဖြင့် ၁ ချက်ခန့်ချောက်လှန့် ပစ်ခတ် ခဲ့ရာ တရားခံ၏ ၀ဲဘက် လက်မောင်းတွင် သေနတ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရပြီး ဒုရဲအုပ် ဖြိုးဝေအောင် နှင့် တရားခံ ဆော်လီမူလာ တို့အား နယ်မြေ ဆေးခန်းတွင် ဆေးကုသ လျက်ရှိပြီး တရားခံ အသုံးပြု ခဲ့သော ဓားအား ရှာဖွေ ပုံစံဖြင့် သိမ်းယူ၍ တရားခံကို တရား ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
.