ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်ါမနအောနည အ့ငညုေူငုန လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။
ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင် ဆောင်းပါး ရှင်တစ်ယောက် ဖြစ်တဲ့ ဆရာ ၀င်းထွဋ်ဇော်က ``ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား´´ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်း အရာကို သူရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ``ခရိုနီများရဲ့ ရှေ့ခရီး´´ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။
ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော်က အတိုင်ပင်ခံတာဝန်ကိုပဲ ယူထားပါတယ်။ ဆောင်းပါးတွေကို အယ်ဒီတာအဖွဲ့ကပဲ ရွေးတာ ပယ်တာ လုပ်ပါတယ်။ ကျွန်တော့်ဆီတိုက်ရိုက်ရောက်လာတဲ့ ဆောင်းပါးတွေကိုတောင် ကျွန်တော်က အယ်ဒီတာအဖွဲ့ထံကိုပဲ မှတ်ချက်ရေးပြီး ပို့ပေးပါတယ်။
ပုံနှိပ်ဖော်ပြမယ့် စာမူတွေကို စာပေစိစစ်ရေးတင်တော့မှ တင်ထားတဲ့ စာမူတွေကို မိတ္တူဆွဲပြီး ကျွန်တော့်ဆီ တစ်စုံပေးပါတယ်။ အဲဒီအခါ ရုံးကို တင်ထားတဲ့ စာမူတွေကို ဖတ်ရင်း ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးကို တွေ့ရ တာပါ။ တော်ပါသေးရဲ့၊ ကျွန်တော်တို့ နှစ်ယောက်ဟာ အကြောင်းအရာ ချင်းတူပေမယ့် ချဉ်းကပ်ပုံချင်းမတူဘဲ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ရေးမိပေလို့။ သို့ပေမယ့် ခရိုနီပြဿနာအပေါ် ထားရှိတဲ့ သဘောထားချင်းက မကွဲလွဲဘူး။ ကွဲလွဲရင်လည်း ကျွန်တော့်သူငယ်ချင်းက စိတ်ကြီးကြီးနဲ့ဆိုတော့ ကျွန်တော့်ကို ပြစ်တင်ရှုတ်ချလို့ ဆုံးမှာ မဟုတ်ဘူး။ ၀င်းထွဋ်ဇော်နဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာတွဲအတူတူ၊ တစ်တန်းတည်းသား၊ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဘက်တစ်ဘက်တည်းရပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သူက ပထမ ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့မှာ ပါခဲ့သေးတယ်။ နောက်တော့ လွတ်လပ်တဲ့ ဆောင်းပါးရှင်အဖြစ်ပဲ ရေးပေးနေပါတယ်။
အပတ်စဉ်ပါနေအောင်
စာပေစိစစ်ရေးကို ကျွန်တော်တို့ ဂျာနယ်အနေနဲ့ ဗုဒ္ဓဟူးနေ့ တစ်ကြိမ်၊ သောကြာနေ့တစ်ကြိမ်၊ နှစ်ကြိမ် စာမူများ တင်ရပါတယ်။ ကျွန်တော်က ဗုဒ္ဓဟူးနေ့တင်တဲ့အထဲ ပါအောင် ရေးလေ့ရှိတယ်။ ဒါမှ အဲဒီစာမူကို စာပေစိစစ်ရေးက ပယ်လိုက်တယ်ဆိုရင် သောကြာနေ့အမီ နောက်တစ်ပုဒ်ထပ်ရေးပြီး တင်နိုင်မှာ ဖြစ်တယ်။ အဲသလို ၀ီရိယ ကောင်းကောင်းနဲ့ ရေးခဲ့ပေလို့သာ ကျွန်တော့်ဆောင်းပါးတွေ အပတ်စဉ်လို ပါနေတာ ဖြစ်ပါတယ်။
တစ်ခါတလေ အလုပ်တွေ များနေလို့ ဗုဒ္ဓဟူးနေ့ ရုံးတင်ချိန်အမီ ဆောင်းပါး မပေးနိုင်ရင် သောကြာနေ့အမီရေးပြီး ပေးရပါတယ်။ အဲဒီလို အပတ်ဆို ကျွန်တော့်မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ရပါတယ်။ သောကြာနေ့ တင်တဲ့စာမူ အပယ်ခံရပြီဆိုရင် အဲဒီအပတ် မောင်ဝံသ ဆောင်းပါး မပါ တော့ဘူးပေါ့။
ဒီမိုကရေစီရဲ့ အန္တရာယ်
ဒီတစ်ပတ်လည်း ကျွန်တော် ဗုဒ္ဓဟူးနေ့အမီ ဆောင်းပါး မရေးနိုင်ခဲ့ဘူး။ သောကြာနေ့ရုံးတင်ဖို့အမီ ရေးဖို့ပဲ ပြင်ဆင်နေပါတယ်။ ကျွန်တော်ပြင်ဆင်နေတာက ဥပဒေပြုတာဝန်ရှိသူတွေ စဉ်းစားနိုင်အောင် အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို တင်ပြဖို့ပါပဲ။ အဲဒီအခိုက်မှာ ဗုဒ္ဓဟူးနေ့ စာပေစိစစ်ရေးကို တင်ထားတဲ့ ပြည်သူ့ခေတ်စာမူ ပထမအသုတ် မိတ္တူတွေ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဖတ်ကြည့်လိုက်တော့ ဆရာဗသုန်ရဲ့ ``ဒီမိုကရေစီရဲ့ အန္တရာယ် အစပြုမလာစေဖို့´´ဆောင်းပါးဟာ ကျွန်တော် ယခုအပတ်ရေးမယ့် အကြောင်းအရာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပြန်တယ်။ သူက ဒိမိုကရေစီရဲ့ အန္တရာယ်တွေကို ထောက်ပြထားတယ်။ ကျွန်တော်ကလည်း ခုတစ်လော ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေ သိသိသာသာ ပိုပြီး အာကျယ်လာကြသလားလို့ စိုးရိမ်ပူပန်စိတ်နဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ´´ဆိုတာကို ပြဌာန်းစေလိုကြောင်း ရေးမလို့ ပြင်ဆင်နေတာပါ။
ပုဒ်မ ၁၀(က)နဲ့ (ခ)
ကျွန်တော် ဖြစ်စေလိုတဲ့ ဥပဒေအမည်နာမကို ကြည့်ပြီး စာဖတ်သူ မိတ်ဆွေများ ကြားဖူးသလိုလို ဘာလိုလို ဇဝေဇ၀ါ ဖြစ်သွားကြမယ်ထင်ပါတယ်။ ကြားဖူးကြမှာပေါ့ခင်ဗျာ။ နာမည်ကျော် ပုဒ်မ ၁၀ (က)နဲ့ ပုဒ်မ ၁၀(ခ)။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် သည့် ဥပဒေ ဆိုတာလေဗျာ။
ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တုန်းက သုံးခါ ထောင်ထဲ ရောက်ခဲ့ရာမှာ နှစ်ခါက ပုဒ်မ ၁၀(က)နဲ့ ထည့်ထားခံရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကတော့ ပုဒ်မ ၅(ည)နဲ့ ထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅(ည)က ၁၉၅၁ အရေးပေါ်စီမံချက် အက်ဥပဒေတဲ့။ ငြိမ်ဝပ်ပိပြားရေး ပုဒ်မလို့လည်း ခေါ်ပါတယ်။ ဆူပူအောင်လှုံ့ဆော်လို့ဆိုပြီး ဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။ အမှုကတော့ ဂန္ဒီခန်းမ ကြေညာစာတမ်းရေးသားရာမှာ ပါဝင်ခဲ့မှု။
ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာ ထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဥာဏ်ကြီးလှပါသော ဦးနေ၀င်းက ၁၉၇၄ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေပါ။
ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ။
စိတ်နာရတဲ့ အတွေ့အကြုံ
ပုဒ်မ ၁၀ (က)နဲ့ အကျဉ်းခံခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က အတော် စိတ်နာတယ်။ ၅(ည)နဲ့ ထောင်ချတုန်းက မိသားစု ထောင်ဝင်စာလာပြီး မိသားစုနဲ့ ၂ပတ် တစ်ကြိမ်တွေ့၊ စကားစမြည်ပြောနိုင်တယ်။ ၁၀(က)နဲ့ ကျတော့ ထောင်ဝင်စာမရှိဘူး။ မိသားစုက စားစရာနဲ့ ဆေးဝါးစသည်ကို ထောင်ဗူးဝမှာ လာပေးသွားရတယ်။ သားသမီးလေးယောက်အနက် သား နှစ်ယောက်က ကျွန်တော်အဖမ်းခံရတုန်းက ၁၂နှစ်-၁၃နှစ်သားတွေ၊ လေးနှစ်ကျော်ကြာပြီး ကမ္ဘာ့ကြက်ခြေနီ (ICRC) ကိုယ်စားလှယ်အဖွဲ့ ထောင်ထဲဝင်ကြည့်ခွင့်ရတော့မှ ကျွန်တော့်အိမ်က မိသားစု ဓာတ်ပုံကို ယူလာပြလို့ ကြည့်လိုက်ရတယ်။ သားတွေက အရပ်ကြီးတွေမိုးထိုးနေပြီ။ အမေ့ထက်မြင့်သွားကြပြီ။ ကျွန်တော် ဆေးရုံတက်ရချိန်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးတော့ သားတွေက ကျွန်တော့်ထက်တောင် မြင့်သွားပြီ။ နောက်ဆုံးအခေါက် ငါးနှစ်ကျော် နေခဲ့ရပြီးမှ ပြန်လွှတ်တယ်။
တကယ်ပြဌာန်းသင့်တဲ့ ဥပဒေ
အခု ဒီမိုကရေစီတည်ဆောက်နေတဲ့ခေတ်မှာ ပုဒ်မ ၁၀(က) (ခ)တွေ၊ ၅ (က) (ည)စတာတွေ လုံးဝမရှိသင့်တော့ပါဘူး။ တော်လောက်ပါပြီ။ နောင်လည်း တကယ်ဒီမိုကရေစီ ပီပြင်ပြီဆိုရင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး လူတွေကို ဘာပြစ်မှုမှ မကျူးလွန်သေးဘဲ ထောင်ထဲ ဖမ်းထည့်ထားဖို့ဆိုတာ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။
ခုချိန်မှာ တကယ်တမ်း ပြဌာန်းသင့်တဲ့ဥပဒေကတော့ စောစောက ပြောခဲ့တဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါး နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ဖြစ်ပါတယ်။ ဆရာဗသုန်ဆောင်းပါးထဲ ရေးထားသလို နိုင်ငံရေးပါတီအချင်းချင်း မတော်မတရား ပုတ်ခတ်စော်ကား၊ ရန်စတိုက်ခိုက်တာမျိုးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတာတွေ၊ ပြည်သူ့အခွင့်အရေး တွေကို ချုပ်ချယ်ကန့်သတ်တာတွေ၊ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန် တာတွေ စတာတွေကို အဲဒီဥပဒေနဲ့ ကာကွယ်တားဆီးဟန့်တားရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားက ရခဲ့တဲ့ စိတ်ကူး
အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က ကျွန်တော်တို့ သွားရောက်ပြီး စာနယ်ဇင်းကောင်စီလုပ်ငန်းများ လေ့လာခဲ့စဉ်က တွေ့ခဲ့ရတဲ့ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အထက်ပါစိတ်ကူး ကျွန်တော့်ခေါင်းထဲ ၀င်လာခဲ့တာပါ။ အဲဒီဥပဒေကဘာလဲဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက် ဖျက်ဆီးသူ မည်သူမဆို ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ရူပြားငွေ သန်း ၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ခန့်) အထိ ဒဏ်ငွေ တပ်ရိုက်ခံရမည်ဆိုတဲ့ အင်ဒိုနီးရှား စာနယ်ဇင်း အက်ဥပဒေ ပုဒ်မ ၁၈ ဖြစ်ပါတယ်။ ဦးတည်တာက တော့ အစိုးရအာဏာပိုင်များထဲက စာနယ်ဇင်းလွတ်လပ်ခွင့်ကို တစ်နည်းနည်း ပိတ်ပင်ဟန့်တားဖို့ ကြိုးစားသူတွေကို အရေးယူဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ကောင်းလေစွ။
ပိုကောင်းတဲ့ဥပဒေ
ကျွန်တော်ကတော့ အင်ဒိုနီးရှား ဥပဒေကို ပုံတူကူးမချချင်ပါဘူး။ သူ့ထက်ပိုကောင်းတာကိုပဲ စဉ်းစားကြည့်ပါတယ်။ အဲဒါကတော့ ``ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ကိုသာ ပြဌာန်းနိုင်မယ်ဆိုရင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဒိမိုကရေစီမြတ်နိုးသော ပြည်သူများကို ဒိမိုကရေစီဆန့်ကျင်ရေးသမား၊ ခေတ်နောက်ပြန်ဆွဲလိုသူများရဲ့ အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရုံမက တစ်နွယ်ငင် တစ်စင်ပါဆိုသလို ကျွန်တော်တို့ သတင်းစာဆရာများအတွက်လည်း အကာအကွယ်ပေးပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါဗျာ။
maungwuntha@gmail.com
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
skip to main |
skip to sidebar
Wednesday, August 01, 2012
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
သတင်း - နိရဉ္စရာ သတင်းဌာန အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
နိုဝင်ဘာ ၁၂ရက်နေ့ -------------------- ညနေ ၇နာရီ ၄၀မိနစ်မှာ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင် ထွက်ခွါပြီး ဘန်ကောက်မှာ တစ...
-
" အို ... တစ်ညီတစ်ညွတ်တည်း မှားယွင်းနေသည့် ၉၉% သော အစ္စလာမ်အပေါင်းတို့.. အသင်တို့သည် အစ္စလာမ်မှန်ကန်ကြောင်း အသေခံဗုံးခွဲလျက်သက်သေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988