Saturday, August 04, 2012

မလေးရှားရောက် မြန်မာ၊ရခိုင်လူမျိုးများ သတိထားကြရန်(အရေးကြီးသတင်း)

မလေးရှားနိုင်ငံ ကွမ်လာလန်ပူမြို့တွင် တည်ရှိသောဦးစောအောင်ပိုင် မြန်မာ့ဥယျာဉ်ဆိုင်(ရခိုင်ဆိုင်) ကို အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။


ယနေ ညနေ ၅နာရီခန့်ကအဆိုပါမည်မသိ ဘင်္ဂလီမူဆလင်များကဆိုင်ခန်များကိုဝင်ရောက်ဖက်ဆီးသွား
ကာအကြမ်းဖက်သွားကြသည်ဟုဆိုသည်။


အဆိုပါမြန်မာ့ဥယျာဉ် ဆိုင်ပိုင်ရှင်ဦးစောအောင်က ရွေမြန်မာမီဒီယာဂရုသို့  ယခုလို့  ပြောသည်။





" အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်လို့  ထင်တဲ့ သူတွေကိုရိုက်ပါတယ်။တစ်ချို့ ရခိုင်တွေကလည်း ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ကျနော့်ဆိုင်ကို ရောက်လာတာကြတယ်လေ။

ကျနော့်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။

ဘင်္ဂလီတွေ ၅၀ နီးပါးလောက်ရှိမယ်ထင်တယ်။ကျွန်တော်တို့  ချက် ချင် ရဲစခန်းကို အကြောင်းကြားတယ်။ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု ပြောသည်။

" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်ဟု၎င်းဆိုသည်။

အခုလိုမျိုး အကြမ်းဖက်အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် နောက်ပြီး မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ဆိုသည်။ မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)ကိုခေတ္တပိတ်ထားသည်ဟုလည်းသိရသည်။

ရွှေမြန်မာမီဒီယာ