Thursday, July 26, 2012

မြို့ပြ၏ အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချ အဆုံးစီရင်ခြင်း ယမန်နှစ်ထက် သိသာစွာမြင့်တက်




By Popular News အဆင်မပြေသော လူမှု စီးပွား အခြေအနေကြောင့် ရန် ကုန်တိုင်းဒေသကြီး အတွင်း ကြိုးဆွဲချ အဆုံးစီရင်မှုမှာ ယမန် နှစ်ကထက် သိသာစွာမြင့်တက် လာကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှုခင်းမှတ်တမ်းဌာနရဲအရာရှိ တစ် ဦးက ရန်ကုန်တိုင်းဒေသကြီး အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုမှာ ယခင်နှစ်က အမှုပေါင်း ၄ဝ ခန့်သာရှိ ခဲ့သော် လည်း ယခုနှစ်တွင်မူ ဇူလိုင် ၁၄ ရက်နေ့ အထိ ကြိုးဆွဲချသေဆုံး မှု ၆ဝ မှု၊ အဆိပ်သောက်မှု ၆ မှု နှင့် တိုက်ပေါ်မှ ခုန်ချမှု ၂ဝ မှုဖြစ် ပွားခဲ့သည်ဟုပြောသည်။ သေဆုံးသူ အများစု မှာ အသက် ၃ဝ မှ ၅ဝ နှစ်ကြား လူလတ်ပိုင်းများဖြစ်ပြီး အမျိုးသား ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄ဝ ရာခိုင်နှုန်း ပါဝင် သည်ဟုသိရသည်။
အများအားဖြင့် ယခုနှစ်ပိုင်း အတွင်း စိတ်ကျန်းမာရေး အထူးကု ဆေးရုံသို့ရောက်ရှိလာသူ အများစု မှာ လူမှုရေးနှင့် လူမှုစီးပွားရေးအခြေ အနေများကြောင့် ရောက် ရှိလာ သူမှာ ပိုများကြောင်း ရန်ကုန်စိတ် ကျန်းမာရေး အထူးကုဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦး ကျော်စိုးက ပြောသည်။ ''ပြီးခဲ့တဲ့နှစ်က စိတ်ကျန်းမာ ရေး ဆေးရုံကို ရောက်လာတဲ့လူနာ က ၉ဝဝ ဝန်းကျင်လောက် ပဲ ရှိပေ မယ့် ဒီနှစ်မှာတော့ ၁ဝ၃၁ ဦးရှိနေပြီ။ ဒါက ဆေးရုံကိုရောက်လာတဲ့ လူနာအရေ အတွက်ပဲရှိသေးတယ်။ အပြင်မှာ ရောဂါဖြစ်ပွားနေတဲ့လူနာ အရေအတွက်က ဘယ်လောက် ပမာဏရှိတယ်ဆိုတာကို မှန်းဆရ ခက်တယ်။ သေချာတာကတော့ စီးပွားရေးနဲ့ လူမှုရေးအခြေ အနေ တွေကြောင့် စိတ်ရောဂါခံစား နေရ တဲ့သူတွေဟာ နှစ်စဉ်နဲ့အမျှ ပိုများ လာတယ်''ဟု ၄င်းကဆိုသည်။
စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး တစ်ဦးက စိတ်ရောဂါ သည် ပြောင်းလဲလာသော ခေတ် နှင့်အညီ ဇီဝကမ္မ အရဖြစ်ပွားမှုနှုန်းမှာ လျော့နည်းသွားသော်လည်း စီးပွား ရေးအဆင်မပြေမှု၊ လုပ်ငန်းခွင်စိတ် ဖိစီးမှု၊ မိသားစုနှင့်လူမှုရေးဆိုင်ရာ အဆင်မပြေမှုများအပြင် အရက်နှင့် မူးယစ်ဆေးတို့ကြောင့် စိတ်ကျရောဂါနှင့် စိတ်ကစဥ့်ကလျားရော ဂါ ဖြစ်ပွားသူမှာ ပိုမိုများပြားလာ ကြောင်း၊ ထို့အပြင် ကျန်းမာရေး အခြေ အနေကြောင့် စိတ်ကျရောဂါ ဖြစ်ပွားသူမှာလည်း တစ်နေ့တခြား ပိုမို လာခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရ ခြင်းမှာ နဂိုစိတ်ပိုင်းဆိုင်ရာ အရ နုနယ်သူများ အနေဖြင့် ပြင်းထန် သောအခြေအနေအကြောင်းတရား တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ခံနိုင်ရည်မရှိတော့ဘဲ လွဲမှားသော အပြုအမူများဖြင့် စိတ်ထွက်ပေါက် ရှာတတ်ကြောင်း၊ ရောဂါခံစားနေရ သူများအနေဖြင့် တစ်ကိုယ်တည်း သီးသန့်နေထိုင်လိုခြင်း၊ မကြာခဏ စိတ်ထိခိုက်ခံစားကာ ဝမ်းနည်းကြေ ကွဲနေခြင်း၊ မိမိဘာသာတစ်ဦးတည်း စကားပြောနေခြင်း များနှင့် ထင် ယောင်ထင်မှားဖြစ်သည့်ရောဂါ လက္ခဏာများကို အများစု ခံစားရ ကြောင်း၊ ထိုသို့စိတ်ရောဂါသည်များ အား ကာယကံရှင်၏မိသားစုနှင့် ပတ်ဝန်းကျင်မှ ပစ်ပယ်မထားသင့်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် လို အပ်သည့်အပြင် စောစီးစွာ ဆေးဝါး ကုသမှုပေးရန်လည်း လိုအပ်ကြောင်း ပြောသည်။ ''ဒီရောဂါဟာ စိတ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် လူနာ ကို ဆေးဝါး တစ်ခုတည်းနဲ့ ကုသဖို့ဆို တာမဖြစ်နိုင်ဘူး။ လူနာရဲ့မိသားစု နဲ့ပတ်ဝန်းကျင် ကပါ ဝိုင်းဝန်းစောင့် ရှောက်ပြီး စိတ်အားဖြင့် ကုသပေးဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် လူနာ အနေနဲ့ထွက်ပေါက်ရှာပြီး ကိုယ့် ကိုယ်ကိုယ် အဆုံး စီရင်တဲ့အထိ ပြု လုပ်လာနိုင်သလို အဲဒီလိုဖြစ်ခဲ့ တာ တွေလည်း အများ ကြီးတွေ့ရတယ်'' ဟု ၄င်းကဆိုသည်။
ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာ ဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက် တာဒေါ်ခင်အေးဝင်းက ယနေ့အချိန် အခါ၌ စီးပွားရေးအဆင် မပြေမှု ကြောင့် ဖြစ်ပွားရသည့် စိတ်ရောဂါ သည်များမှာ ပိုမိုများပြား လျက်ရှိပြီး ရောဂါဝေဒနာခံစားရသူ အများစုမှာ လောကဓံကို ကြံ့ကြံ့ခံနိုင် စွမ်းမရှိ သည့်နုနယ်သောအမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း၊ ၄င်းတို့ သည် စီးပွားရေးအဆင်မပြေမှုများ အပြင် လူမှုရေး အဆင်မပြေမှု များကို တွဲဖက်၍ အခံရဆုံးသူများဖြစ် ကြောင်း၊ စိတ်ပညာရှုထောင့်အရ စိတ်ရောဂါဖြစ်ပွားသူအများစုမှာ လူ မှုစီးပွားရေးအဆင်မပြေမှုကြောင့် အများဆုံးဖြစ်ပွားနေကြရပြီး ¤င်းတို့ အနက် ဆင်းရဲနွမ်းပါးသူများနှင့် လူ လတ်တန်းစားများမှာ စိတ်ဖိစီးမှု ဒဏ်ကြောင့်ဖြစ်သော စိတ်ကျရော ဂါကို ၉၈ ရာခိုင်နှုန်းခန့် ခံစားနေရ ကြောင်း၊ ထို့အတူ အဓိကရုဏ်းဖြစ် ပွားနေသော နေရာများနှင့် စစ်ပွဲများ ဖြစ်ပွားနေသည့်နေရာများတွင် နေ ထိုင်သူ ၉ဝ ရာခိုင်နှုန်းခန့်မှာလည်း အလားတူ စိတ်ရောဂါများအား ခံစား နေရကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်မှလည်း ၂ဝ၂ဝ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူအသေအပျောက် အများဆုံးရောဂါမှာ စိတ်ရောဂါဖြစ် လာမည်ဟု ထုတ်ပြန်ထားကြောင်း ပြောသည်။ သုတေသနပြုချက် အရ ကျေး လက်ထက်မြို့ပြတွင် စိတ်ရောဂါဖြစ် သူပိုများကြောင်း၊ မြို့ပြနေအများစု သည် စားဝတ်နေရေးအတွက် ရုန်း ကန်ရချိန်ပိုများသဖြင့် စိတ်ပျော်ရွှင် ချိန်နည်းလာပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် စရိုက်လည်း နည်းလာ ကြောင်း ၄င်းကပြောသည်။
''အထူးသဖြင့် ရန်ကုန်လို မြို့ကြီးမှာ ဒီလိုစိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေဟာ အခုအချိန် မှာ အရင်ထက် ပိုများလာတာ တွေ့ ရတယ်''ဟု ၄င်းကဆိုသည်။ လူမှုစီးပွားရေး အခက်အခဲ များ ကြောင့် ဖြစ်ပွားသောစိတ်ရောဂါများ မှာ လူလတ်ပိုင်းအရွယ်သာမက ၄င်းတို့အပေါ်မှီခိုနေရသော ဆယ် ကျော်သက်အရွယ်ကလေးသူငယ် များတွင်ပါ စိတ်ကျရောဂါများ ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ယနေ့ ခေတ် တွင် မိသားစုအများစုမှာ စားဝတ်နေရေးအဆင်ပြေစေရန်အ တွက် မိဘနှစ်ပါးလုံး လုပ်ငန်းခွင် အသီးသီး၌ ဝင်ရောက်လုပ်ကိုင် နေကြရပြီး ၄င်းတို့၏သားသမီး များမှာ မိဘအုပ်ထိန်းမှုနှင့် ကင်း ကွာမှုများသည့်အပြင် ပညာရေး တစ်ခုတည်းအပေါ်၌သာ အာရုံ စိုက်နေရသည်ကများကြောင်း၊ ထို ကလေးငယ်များအနေဖြင့် ၄င်းတို့ ၏မိဘများ လူမှုစီးပွားရေးအဆင် မပြေမှုနှင့် ၄င်းတို့ပတ်ဝန်းကျင်တွင် အဆင်မပြေမှုများ ကြုံတွေ့ရပါက ခံစားချက်များကို တိုင်ပင်ဆွေးနွေး မည့်သူမရှိသည့်အတွက် စိတ်ကျ ရောဂါ များခံစားရကာ စိတ်ထွက် ပေါက်အလွဲများကို အသုံးပြုလာ ကြသည်ကိုတွေ့ ရှိရကြောင်း၊ ထိုသို့ ဆယ်ကျော်သက်အရွယ် စိတ်ကျ ရောဂါခံစား ရသူများ အနက် ယောက်ျားလေးအရေအတွက်မှာ ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး မိန်း ကလေးအရေအတွက်မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း စိတ် ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာမြင့်သန်းထံမှ သိရသည်။
.