ပင်လုံစိတ်ဓာတ် အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုထားသည့် ပင်လုံကဲ့သို့သော ညီလာခံကြီးတခုကို လွှတ်တော် ပြင်ပ၌ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။
လက်ရှိလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာသကဲ့သို့ ကိုယ်စားလှယ် အများစုသည်လည်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များ ဖြစ်နေသည့်အတွက် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လွှတ်တော် တွင်း ၌ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည) အပါအ၀င် နိုင်ငံ ရေး ပါတီ ၁၄ ခု တို့သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် မီးရထား ၀န်ကြီး ဦးအောင်မင်း၊ စက်မှု ၀န်ကြီး ဦးစိုးသိန်း တို့နှင့် ရန်ကုန်မြို့၌ ယမန်နေ့ က တွေ့ဆုံစဉ် အထက်ပါ ကိစ္စရပ်များအား အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများတွင် ဇိုမီး အမျိုးသား ကွန်ဂရက်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ စသည့်တို့ ပါဝင်သည်။
ပြည်နယ်များကို ကိုယ်စားပြုထားသည့် တိုင်းရင်းသား ပေါင်းစုံ၊ လူထုအခြေပြု လူမှုအဖွဲ့များ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်ကြီးများ၊ ပြည်ပ အဖွဲ့အစည်းများ စ သည်ဖြင့် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံကြီးတခု အမြန်ဆုံး ကျင်းပနိုင်ရေး အတွက် တိုင်းရင်းသား များက လိုလားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ၀န်ကြီး ဦးအောင်မင်း က အားလုံးပါဝင်သည့် အစည်းအဝေးကြီးတခုဟု မှတ်တမ်းတင်နေခြင်းကို သဘော မကျကြောင်း၊ အစည်းအဝေးကြီး ပုံစံ မဟုတ်ဘဲ ပင်လုံကဲ့သို့ ညီလာခံမျိုးကိုသာ လိုလားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD )ပါတီ ၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဧရာဝတီ ကို ပြောသည်။
“ဦးအောင်မင်း က စာနဲ့ရေး ရင်တော့ အစည်းအဝေးကြီးတခုဆိုပြီး ရေးတယ်ဗျ၊ အလွတ်သဘော ပြောရင်တော့ ညီလာခံ ပြော လိုက်နဲ့ ပေါ့ ၊ ကျနော်တို့ကတော့ အစည်းအဝေးဆိုတာကို လက်မခံဘူး၊ အစည်းအဝေးဆိုတာက ကန့်သတ်မှုတွေ ရှိတယ်၊ လွတ်လပ်စွာ ဆွေးနွေးခွင့် နည်းပါးသွားလိမ့်မယ်”ဟု ၎င်းက ဆို သည်။
သမ္မတ ဦးသိန်းစိန် ပြောနေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးသည် နိုင်ငံရေး ပါ တီ များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးနေရုံဖြင့် မလုံလောက်ကြောင်း၊ တိုင်း
ရင်းသား တန်းတူရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး ဆောင်ရွက်နိုင်မှသာ ထာဝရ ပြည်တွင်း ငြိမ်း ချမ်းရေး ရမည်ဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
“ဦးသိန်းစိန် ပြောသလိုပဲ ဒီမိုကရေစီ စနစ်ဖော်ဆောင်နေတယ်၊ တိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ချင်တယ် ဆိုရင် ဒီမို ကရေစီ မကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက စာပိုဒ်တွေ ပြင်ဖို့ လိုတယ်၊ ဦးအောင်မင်း ပြောတာကတော့ ဖွဲ့စည်းပုံဆိုတာက လူတွေ က ရေးဆွဲတာ၊ ဒီတော့ ပြင်လို့ရတယ် ဆိုတဲ့ သဘော ပြောသွားတယ်”ဟု ၎င်း က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော် ၏ ထောက်ခံမှု ရရှိမှသာ ပြင်ဆင်ခွင့် ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ ဥပဒေက ဆိုထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်ထောင်စု စနစ် မဟုတ်ဘဲ တပြည်ထောင် စနစ် ပုံစံဖြင့် ရေးဆွဲထားခြင်း အပေါ် တိုင်းရင်းသားများက လက်ခံနိုင်ခြင်းမရှိဟု ဆိုကြသည်။
“၂၀၀၈ ဖွဲ့စည်းပုံက ကျနော်တို့ တိုင်းရင်းသားတွေ အတွက် ရေးဆွဲထားတာ မဟုတ်တော့ လက်မခံဘူး၊ တိုင်းရင်းသား တန်း တူရေး အတွက် ဖွဲ့စည်းပုံ ပြင်ကို ပြင်ဆင်ရမယ်၊ ဒီလိုပြင်ဆင်ဖို့အတွက်လည်း ညီလာခံကြီးတခု ခေါ်ယူမှရမယ်”ဟု ဦးစိုင်း လိတ် က ပြောသည်။
ညီလာခံ ကျင်းပကာ တိုင်းရင်းသား၊ တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဖြည့် စွက်၊ ပြင်ဆင်ရမည့် အချက်များကို ဆွေးနွေးကြမည် ဖြစ်ပြီး၊ ညီလာခံ၏ ဆုံးဖြတ်ချက် ရလဒ်များကို ပြည်ထောင်စု လွှတ် တော် သို့ တင်သွင်း အတည်ပြုရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရမည် ဖြစ်သည်။
ပင်လုံ အခြေခံသော ညီလာခံ သို့မဟုတ် အစိုးရ ပြောသည့် အားလုံး ပါဝင်သည့် အစည်းအဝေးကြီး တရပ်ကို ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲ မတိုင်မီ ပြီးစီးရေး ဆောင်ရွက်ရန် အစိုးရ အဖွဲ့က ပြောဆိုထားကြောင်း သိရသည်။
ဒုတိယ ပင်လုံပေါ်ပေါက်လာရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကြောင်းကြား ထားကြောင်း၊ ၎င်းနှင့် တိုက်ရိုက်တွေ့ဆုံ၍ ဆွေးနွေးရန် ရှိကြောင်း ဦးစိုင်းလိတ် က ဆက်ပြောသည်။
“ဒုတိယ ပင်လုံ ကိစ္စကို တိုင်းရင်းသား အားလုံးက ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပေးဖို့ လွှဲအပ်ထားပါတယ်၊ သူကိုယ် တိုင် ကလည်းပဲ ကတိက၀တ် ပြုထားတာတွေ ရှိတယ်၊ အစိုးရကိုလည်းပဲ ကျနော်တို့က တိုက်တွန်း သွားမှာပါ”ဟု ၎င်းက ဆို သည်။
၂၁ ရာစု နှင့် ကိုက်ညီမည့် ဒုတိယ ပင်လုံညီလာခံ တခု ပေါ်ပေါက်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုဖူးကြောင်းလည်း ဦးစိုင်းလိတ် က ပြောသည်။
တိုင်းရင်းသား အရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားကြောင်း ခေါင်းဆောင်များကလည်း ပြောဆိုသည်။
“တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တရပ် ပြဌာန်ရေး” အဆိုတခုကို ပြည် ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် က တင်သွင်းထားပြီးဖြစ်၍ ထို အဆိုအား ပါဝင်ဆွေးနွေး ပေးရန် ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသားများ၊ အတိုက်အခံ အင်အားစုများက တိုက်တွန်း ထားသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုး ထားသည်။
လက်မှတ်ရေးထိုးခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင် သိန်းမောင်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်(MNLD)မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စော ဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင် များ ဖြစ်ကြောင်း သိရသည်။
ပထမ ပင်လုံညီလာခံကို အင်္ဂလိပ် နယ်ချဲ့ထံမှ လွတ်လပ်ရေး တောင်းဆိုရာတွင် တောင်တန်း၊ ပြည်ပ မခွဲခြားဘဲ တပေါင်း တစည်းတည်း ရယူရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ၍ ပင်လုံစာချုပ် ချုပ်ဆိုပြီး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။
သတင်း။ ။ဧရာဝတီ
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
၂ဝ၁၂ မှာ ကမ္ဘာပျက်ကိန်းကြုံမယ်လို့ ပညာရှင်တွေက ဟောကိန်းတွေ ထုတ်ကြ၊ ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း ထိတ်လန့် တုန်လှုပ်ဖွယ်ရုပ်ရှင် တွေကို ရိုက်ြ...
-
သွေးအုပ်စု - O၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။ ၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။ ၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပို...
-
ယနေ့ လူငယ်အများစု အင်တာနက် သုံးကြ၏..။ ၂၀၀၀ ခုနှစ်နောက်ပိုင်း လောက်ကစပြီး မြန်မာနိုင်ငံတွင် အင်တာနက်များအသုံးပြုလာကြပါတယ်. .။အရင်...
-
ဂျပန်နိုင်ငံတွင်ယနေ့ ပြုလုပ်သောJAC ပုံမှန်အစည်းအဝေးသို့ အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှုကင်းသော ရုန်းကန်လှုပ်ရှားရေးအဖွဲ့ (လ...
-
မိတ်ဆွေတို့ ... ကျွန်တော့် ဖခင် ကွယ်လွန်သူ သရုပ်ဆောင် ဒါရိုက်တာ ထွန်းထွန်းနိုင် (ခ) ဦး နောင်ထွန်းလွင် ဟာ ရခိုင် တစ်ဝက် စပ်ပါတယ်...
-
သတင်း - သျှမ်းသံတော်ဆင့်သတင်း သျှမ်းပြည်တပ်မတပ်မတော် တောင်ပိုင်...
-
မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွ...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
Shwe Pa Yit ဒီဝတ္တုတိုထဲကလို.. ပါဝါရိမ်းဂျားကြိုက်တဲ့ကောင်လေးရဲ့... ဖေဖေလို.မျိုး.. တာဝန်သိတဲ့ ဘဘတွေ..၊ တိုးတိုင်းပြည်မှာ များသည်ထက်များလာအေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988