Sunday, April 01, 2012



NLD ရွေးကောက်ပွဲ အောင်နိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ


နောက်ဆက်တွဲရရှိသော လွှတ်တော်ကိုယ်စားများကို ဆက်လက်ဖေါ်ပြပါမည်။

စစ်ကိုင်းမြို့အတွင်းတွင် NLD ပါတီ ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ်ဖောက်အောင်ပွဲ
ခံလျက်ရှိပြီး မြို့အတွင်းတွင် ဆိုင်ကယ်များ ရာနှင့်ချီပြီး စီတန်းလှည့်လည်ကာ အောင်ပွဲခံလျက်
ရှိသည်ဟု စစ်ကိုင်းမြို့ရောက် သတင်းထောက်မှ သတင်းပေးပို့သည်။

အနိုင်ရရှိသွားသော ဒီချုပ် ကိုယ်စားလှယ်များ ကို ကြေညာ

ရန်ကုန်တိုင်း ရွှေဂုံတိုင် မြို့နယ် မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် မှ ကြားဖြတ်   ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော အဖွဲ့ချုပ် ကိုယ်စားလှယ် နာမည်များကို ကြေညာနေစဉ်

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင် ဆန်းစုကြည်(မဲရုံအားလုံးနိုင်)အနိုင်ရရှိသည်ဟုသိရှီရသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်   ဆန်းစုကြည်(မဲရုံအားလုံးနိုင်)အနိုင်ရရှိသည်ဟုသိရှီရသည်။                                           ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ        မျိုးအောင် (၇၀ % အနိုင်ရ)                                                                 နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း ဦးကျော်သီဟ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း     ဒေါ်ဖြူဖြူသင်းအနိုင်ရ။
-မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း       ဦးအုန်းကြိုင် တို့ အနိုင်ရရှိကြောင်း သိရပါသည်။
ပုခုက္ကူမြို့မှ ဦးပိုက်ကို ။ ဒဂုံဆိပ်ကမ်း ဒေါက်တာမျိုးအောင်။ မင်္ဂလာတောင်ညွှန် ဒေါ်ဖြူဖြူသင်း

ပွင့်ဖြူ ဒေါက်တာအောင်မိုးညို ။ကျွန်းစုမှ .....မကွေးမြို့ မှ ဦးမြင့်သိန်း။

မန္တလေး မဟာအောင်မြေ ဦးအုန်းကြိုင်။ လောင်းလုံမှ ဦးအောင်စိုး

စစ်ကိုင်းမြို့မှ ဦးခင်မောင်စိုး ။ ပုလဲမြို့မှ ဒေါ်ခင်စန်းလှိုင်တို့  အနိုင်ရရှိကြောင်းသိရှီရ၀ည်။


ဧရာဝတီက နောက်ဆုံးရတဲ့ သတင်းများအရ ဦးနိုင်ငံလင်းက မဲရုံ ၁၇ တွင် မဲရေတွက်ရာမှာ
 ၁၆ ရုံမှာ အနိုင်ရရှိနေပြီး၊ ဦးဖြိုးဇေယျာသော်လည်း အနိုင်ရရှိသွားတယ်လို့ နေပြည်တော် ကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်...အလားတူ ဒေါ်စန္ဒာမင်းနှင့် ဦးမင်းသူ တို့ နှစ်နေရာမှာလည်း မဲအကြိတ်အနယ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

NLD အနိုင်ရရှိသော မဲဆန္ဒနယ်များ ပိုများလာနေ


 
ပုလဲ ဒေါ်ခင်စန်းလှိုင် က ပထမဆုံး နိုင်သွားပါပြီ  ပုလဲ ဒေါ်ခင်စန်းလှိုင် က ပထမဆုံး နိုင်သွားပါပြီဗျာ...
လောင်းလုံက ကိုအောင်စိုး ဒုတိယ အနိုင် ပါဗျာ ..မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ်ဖြစ်
သည့်   မော်လမြိုင်ရှိ ဈေးချို မဲရုံအမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး 
ပါတီ ကအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သတင်းသွားရောက်ယူ
နေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။
 
တောင်တွင်းကြီးမြို့ NLD ရုံးရှေ့တွင် လူတစ်ထောင်ကျော်မှ ဆန္ဒမဲပေးခွင့်မရသဖြင့် ဆန္ဒပြရန်စုရုံးနေ
သည်ဟု NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည် ။ သတင်းဌာနများအနေဖြင့် အသေးစိတ်သိလိုပါ
က ၀၉ ၄၉၁၅၃၀၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
 
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်လည်ရောက်ရှိနေပါပြီ။ မဲသမာမူများကြောင့် ဒေါသနည်း နည်းထွက်နေပါတယ်။ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချိန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက၁၆မဲ၊ ညီညွတ် ရေးနှင့်ငြိမ်းရေး   ပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။
 ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။

မန္တလေးတိုင်း မဟာအောင်မြေမြို့ ၂၈၀၀ ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်


မန္တလေးတိုင်း မဟာအောင်မြေမြို့ရှိ သန်လျက် အရှေ့ရပ် မဲရုံ (၁) တွင် မဲပေးပြီး မဲလက်မှတ် ၈၀၀နှင့် 
မဲရုံ (၂) တွင် မဲပေးပြီး မဲလက်မှတ် ၂၀၀၀ စုစုပေါင်း မဲ ၂၈၀၀ ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်ရန် မြို့နယ်ကော်မရှင်မှ ဆုံးဖြတ်ခဲ့ခြင်းအား ပြန်လည် စိစစ်ရန် မန္တလေးတိုင်း အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြည်ထောင်စု
 ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲလက်မှတ် ၂၈၀၀ ကျော်မှာ မဲဆန္ဒရှင်များအား စတင်ထုတ်ပေးစဉ်ကပင် မဲလက်မှတ်မှာ အနည်းငယ် စုတ်ပြဲ လျက်ရှိနေပြီး အပြီး
သတ် မဲရေတွက်ချိန်၌ အဆိုပါ မဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်ရန် မြို့နယ်ကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တင်္နသာရီတိုင်း လောင်းလုံမြို့တွင် NLD အနိုင်ရရှိ


တင်္နသာရီတိုင်း လောင်းလုံမြို့ မဲရုံ ၉ရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၁၉ မဲ ရရှိပြီး အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။

မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် NLD အနိုင်ရရှိ

မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။

ကော့မှုးမြို့ဝါးသင်္ခကျေးရွာ ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ်မြေ အနိုင်ရရှိ


ကော့မှုးမြို့ဝါးသင်္ခကျေးရွာ (2)ရပ်ကွက်တွင် NLD အနိုင်ရကြောင်း သိသွားသော နယ်မြေခံ တပ်ရင်း မှုးကတော် မှ မဲ ရုံမှ မဲပုံးမျာကိုလာရောက်ယူဆောင်သွားကြောင်း NLD အောင်နိုင်ရေး တာဝန်ခံ ဗဟိုအောင်နိုင်ရေးအဖွဲ့ထံမှ သိရှိရသည်။
.

0 comments: