Thursday, March 22, 2012



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်သို့ဖူးမြော်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ရခိုင် ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေစင် ရွှေသား ရတနာရွှေထီးတော်ကို လာရောက်ဖူးမျှော် ကြည်ညိုခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒဂုံဆိပ်ကမ်းသို့ စည်းရုံးရေးခရီးစဉ် သိန်းနဲ့ ချီတဲ့ပြည်သူများက ကြိုဆို


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၃ နာရီ ၁၀ မိနစ်တွင် ဒဂုံဆိပ်ကမ်းသို့ စည်းရုံးရေးခရီး စတင်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အလာကိုစောင့်မျှော်နေကြသော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် ၉၄ ရပ်ကွက် ဘောလုံးကွင်းအတွင်းမှ လူထုပရိသတ်များကို မြင် 
တွေ့ ရပုံ။
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသူများပြားသောကြောင့် လမ်းတလျှောက်နှုတ်
ဆက်နေရသည်ဖြစ်၍ အချိန်နောက်ကျမှ ရောက်လာခဲ့ရသည်ဟု သိရှိရသည်။

ဗိုလ်သန်းရွှေ ပင်စင်လစာ သိန်းတရာ


၂၀၁၀ ဒီဇင်ဘာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးများ

ဗိုလ်ချုပ်ကြီးတို့ရဲ့ ပင်စင်လစာ၊ နိုင်ငံရေးဆုငွေစာရင်းကို မိုးမခ http://moemaka.blogspot.com/ မှာ တွေ့ရပါတယ်။

ဗိုလ်သန်းရွှေ ပင်စင်လစာက သိန်းတရာ တဲ့။ စာဖတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး ဒီလစာငွေတွေကို ဘာလုပ်မလဲ မသိရပါဘူး။
နိုင်ငံရေးဆုငွေအဖြစ် သိန်းနှစ်ရာကျော် ရပါတယ် တဲ့။

ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။

အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။

ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်းကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။

ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာပါပဲ။

အဲဒီ ပင်စင်လစာ စာရွက်ကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH7D4n4fQs0nn74qxsE51GoVrk_J2dg7LUsXJDl41cSXQzbBhxGvg6Iplr0cW5T4tqmh3YbDENhSWUnnHbgKHtuUpkpkSH2X7xt0ToHzWhkRQISVSPaAjLMTc-l3v9_LVUgHdIt42Mpqs/s1600/000ef+knu44.jpg ကြည့်နိုင်ပါတယ်။ ( ကိန်းဂဏန်းတွေကို ဖတ်ရလွယ်အောင် အနီစက် တို့ထားပါတယ်)

လူထုအသံ

နိုင်ငံတော်မြေများကို အစိုးရအဖွဲ့ ဌာနဆိုင်ရာအုပ်ချုပ်သူများနှင့် လွှတ်တော်အမတ် ပူးပေါင်း၍ လက်ညှိုးထိုး အပိုင်ယူ ပြန်ရောင်းစားကြပြီး စီးပွားရှာ လူမဆန်ကြသူများ

ယခုလက်ရှိ နိုင်ငံတော်အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းရှိ အမတ်များ အပေါ် အယုံအကြည် မဲ့စေတဲ့ လုပ်ရပ်များ၊ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်သည့် လုပ်ရပ်များကိုရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ် အမှတ် (၄) လမ်းမကြီးနှင့် မြို့ပတ်လမ်းအကြားတွင် ရှိသော မြေကွက်မှာ   မြေကွက်များဖော်၍ မြေကွက်များ ရယူခြင်း၊ ပြန်လည် ရောင်းစားနေခြင်းများ  ပြုလုပ်နေကြသည်။
 မြို့ပတ်လမ်းမှာရှိတဲ့ အိမ်များသည် အရှေ့အရပ်ကို မျက်နှာမူပြီး ဆောက်လုပ်ထားတဲ့ အိမ်များ ဖြစ်ကြ သည်။ ယခု မတရား ဖော်ထုတ်ထားသော မြေကွက်သည် အတန်းတတန်းထဲသာ ဖြစ်ပါသည်။ ကျော 

ကြားဖြတ်ရွေးကောက်ပွဲ မသမာမှုများ သမတနှင့်ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိ

Not a Free Election2

အနှိုင်းမဲ. စာတိုပေစများ


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ လို့ ဘုရားရှင်က ဟောထားခဲ့တဲ့အတိုင်း ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ 

သုံးပါးကို ဆည်းကပ်ကိုးကွယ်ကြတဲ့အခါ -
ဂစ္ဆာမိ ဆိုတဲ့အတိုင်း မိမိရရ ကိုးကွယ်ကြ ၊ မမိတမိ၊ မထိတထိ ကိုင်ထားကိုးကွယ်ရင် အပါယ် လေးပါး ချောက်ကြီးထဲ ပြုတ်ကြမှာ-
မိမိရရ ကိုင်ထား ကိုးကွယ်ထားတော့ ယခုမျက်မှောက်ဘ၀ရော ၊ နောင်တမလွန် ဘ၀ရော -
ဘေးရန် အန္တရာယ်တွေလဲ ကင်းရှင်းမယ်
လောကီ လောကုတ္တရာ စည်းစိမ်တွေလဲ တိုးတက်တယ်
ကောင်းတဲ့ သုဂတိ ဘုံဘ၀လည်း ရောက်ရတယ်
မဂ်ဖိုလ် - နိဗ္ဗာန် ချမ်းသာကိုလည်း ဘ၀တိုတိုနှင့် ခံစား စံစားရောက်ရှိနိုင်တာပေါ့
ဒါကြောင့် ရတနာသုံးပါးကို ရိုရိုသေသေ မိမိရရ ဆည်းကပ်ကိုးကွယ်ကြ။

မောင်းထောင်မြေဇင်းဆရာတော်

နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်

မတ်လ ၂၀၊ ၂၀၁၂ ခုနှစ်

အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက် ဖူးခြင်း မရှိသူဖြစ်ရမည်ဟု  ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲ

ရွေးကောက်ပွဲ လွတ်လပ်မှုရှိဖို့ သင်တန်းပေးသူ ပြည်နှင်ခံရ

မတ်လ ၂၀၊ ၂၀၁၂ 
Asia Network for Free Election အမည်ရှိသည့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ညွန်ကြားရေးမှူး ဖြစ်သူအား မြန်မာနိုင်ငံမှ ပြည်နှင်လိုက်ကြောင်း သိရှိရသည်။

၎င်းအဖွဲ့အနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အချက်အလက် များဆိုင်ရာ သင်တန်းပေး ဟောပြောခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းသို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့လည်း ခွင့်တောင်းသည့် စာတင်ပြထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်၊ ပြည်ပအခြေစိုက် မီဒီယာများအား ဖိတ်ခေါ်၍ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်ကျင်းပနေချိန်တွင် ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးမှု၊ စောင့်ကြည့်မှုများ ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းတခု၏ညွှန်ကြားရေးမှူး   ဖြစ်သူအား   ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။
  YPI
.

0 comments: