Monday, February 27, 2012

ဒေါ်အောင်ဆန်းစုကြည် သုံးခွ စည်းရုံးရေး ခရီးစဉ်


ဓာတ်ပုံဝါးနေတာမဟုတ်ပါ။ ကင်မရာကြောင့်လည်းမဟုတ်ပါ။ အဲဒါ ဖုန်တွေပါ။ ဒီနေ့ညနေက သုံးခွမြို့ လယ်ကွင်းထဲကို ဖုန်တလုံးလုံးနဲ့ ၀င်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။
ဓာတ်ပုံ- ဥက္ကာကိုကို

ဖုံအလိမ့်လိမ့် ချွေးတစိမ့်စိမ့် မမောနိုင်တဲ့ ဒို့အမေ
““သိပ်ပြီး ကတိတွေပေးတဲ့ အဖွဲ့ဆို ယုံကိုမယုံပါနဲ့။ ချော့ပြီးမဲတောင်း၊ ခြောက်ပြီး မဲတောင်းလို့ရှိရင်လည်းမကြောက်ပါနဲ့။ ခြောက်ရင်ကြောက်ချင်ယောင်ဆောင်လိုက်ပါ။ ပြီးသွားတာပေါ့။ သိပ်ပြီး အားတွေမသုံးစေချင်ပါဘူး””““မဲထည့်တဲ့နေ့မှာ ငါတို့ဟာ ဒီနိုင်ငံရဲ့ အစိုးရကို စိုးမိုးနိုင်တဲ့နေ့လို့ သဘောထားပြီး မဲထည့်ပါ”” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ၂၆.၂.၂၀၁၂ ညနေပိုင်းတွင် သုံးခွမြို့ပြင် လယ်ကွင်းအတွင်း လူထု နှစ်သောင်းကျော်အား ပြောကြားခဲ့သည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဥက္ကာကိုကို.

0 comments: