ကျွန်တော်တို့ လူငယ့်ရှေ့ဆောင် အဖွဲ့ (YIG ) သည် ၁၀.၉.၂၀၁၁နေ့ တွင် ကော့မှူးမြို့ နယ် ခလောက်ခမယ်
ကျေးရွာ ရှိ ဓမ္မသုခဘုန်းတော်ကြီး သင်ပညာရေး ကျောင်းသို့ သွားရောက်လှူ ဒါန်းခဲ့ပါသည်။
ဓမ္မသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ကျောင်းသားစုစုပေါင်း ၄၂ ယောက်ရှိပြီး
ကျောင်းအိပ်ကျောင်းစားမှာ ၃ ယောက်ရှိသည်။
ကျောင်းသားများမှာ သူငယ်တန်းမှ ပဉ္စမတန်းထိရှိပါသည်။ ကိုရင်လေး (၄)ပါးမှာ မကြာသေးမီကပင် ဆရာတော်ထံမှ ပညာသင်ယူရန်ရောက်ရှိနေခြင်းဖြစ်သည်။ကျောင်းတွင်ဆရာမ (၄)ယောက်ရှိပါသည်။
ဆရာတော်မှ ပထမတန်းကို တာဝန်ယူသင်ကြားပြီး ဆရာမများမှာ ကျန်အတန်းများကို တာဝန်ယူ
သင်ကြားလျက်ရှိပါသည်။ ဆရာမ လစာ၊ စားစရိတ် ၊ကျောင်းသုံးပစ္စည်း အခက်အခဲနှင့်အလှူငွေရရန်
ခဲယဉ်းမှုတို့ကြောင့်လှူဒါန်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေသည်။ကျောင်းတွင် စာအုပ်စာတမ်းများထားရှိရန်
ဗီဒိုမရှိပေ။ထို့အပြင် ကလေးများ၏ကျန်းမာရေးအတွက် ဆေးမီးတိုများနှင့်သာကုသလျက်ရှိသည်။ ထို့ကြောင့်
စာအုပ်စာတမ်းထားရှိရန်ဗီဒို တစ်လုံး၊ကျောင်းသားများအတွက် ဆေးသေတ္တာ၊နှင့်ဆရာမ(၄)ယောက်စာအတွက်
တစ်နှစ်စာလစာငွေအလှူငွေနှစ်သိန်းတစ်သောင်းတစ်ထောင်ကျပ်ကျပ်(၂၁၁၀၀၀)စသည်တို့ကိုလှူဒါန်းခဲ့ပါသည်။
စာအုပ်စာတမ်းများထည့်ရန်ဗီဒိုနှင့်ဆေးသေတ္တာ
ဆေးသေတ္တာအားလူငယ့်ရှေ့ဆောင်အဖွဲ့ဝင်မနီလာမှဆရာတော်အားလှူဒါန်းစဉ်…
ဆေးသေတ္တာတွင်ပါဝင်သောအရာများမှာ…
v ပတ်တီးလိပ်
v ဂွမ်း
v အရက်ပြန်
v အနာကတ်ပလာစတာ
v အနာထည့်ဆေးရည်
v လင်ဇီးလိမ်းဆေး
v ဓာတ်ဆားထုပ်
v Paracetamol
v Vitamin-C,Vitamin-B6
v Fungiderm
v Tetracycline ointment(eye)တို့ဖြစ်သည်။
အလှူငွေကျပ်နှစ်သိန်းတစ်သောင်းတစ်ထောင်(၂၁၁၀၀၀)ကျပ်နှင့်ဆေးသေတ္တာလှူဒါန်းစဉ်
(YIGအဖွဲ့ဝင် မနီလာနှင့် မဝေမာ)
လှူဒါန်းသောအလှူငွေစုစုပေါင်းမှာ ဆေးသေတ္တာအတွက် (၁၅၃၅၀)ကျပ်၊ဗီဒိုအတွက်ကုန်ကျငွေ(၈၀၀၀၀)ကျပ်၊
အလှူငွေ(၂၁၁၀၀၀)ကျပ် စုစုပေါင်း သုံးသိန်းခြောက်ထောင့်သုံးရာငါးဆယ်ကျပ်(၃၀၆၃၅၀)ကျပ်ကို
လှူဒါန်းခဲ့ပါသည်။လှူဒါန်းပြီးသည့်အချိန်တွင်ဆရာတော်ထံမှရေစက်ချတရားတော်ကိုနာယူခဲ့ပါသည်။ပြီးနောက် ဆရာတော်နှင့်အချက်အလက်ထားရှိခြင်း(ကုန်ကျစရိတ်၊၀င်သောအလှူငွေစာရင်း)နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ပါသည်။
ဆရာတော်ထံမှ ရေစက်ချတရားတော်နာယူခြင်း
ဆရာတော်နှင့် အချက်အလက်များထားရှိခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးနေစဉ်…
ဆေးသေတ္တာအသုံးပြုခြင်းနှင့်ပတ်သက်ပြီးဆရာများအားအသုံးပြုပုံကိုရှင်းပြစဉ်…..
ထို့နောက်ဆရာမများအားဆေးသေတ္တာအသုံးပြုခြင်းနှင့်ပတ်သက်ပြီးရှင်းပြပေးခဲ့ပါသည်။ပြီးလျင်ဆရာတော်ထံမှအလှူမှတ်တမ်
အလှူမှတ်တမ်းလွှာပေးအပ်စဉ်……
YIG အဖွဲ့သားများနှင့် ကော့မှူးမြို့မှ ၀ိုင်းဝန်းကူညီပေးကြသောအစ်မများနှင့် ညီမလေးတို့ “လှပ၀တီလက်ခိုက်စေတီ”တော်တွင် အမှတ်တရ
ကိုအောင်မျိုးသူအားကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment