Wednesday, June 29, 2011

တရုတ်ပြည်မကြီးမှ တရုတ်ငါးယောက်က မြန်မာ တစ်ယောက်ကို ၀ိုင်းချခြင်း

တရုတ်ပြည်မကြီးမှ တရုတ်ငါးယောက်က မြန်မာ တစ်ယောက်ကို ၀ိုင်းချခြင်း
သတင်း ။။aurorageneration


ဒီနေ့ ၂၇.၆.၂၀၁၁ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေးထဲမှာ ဖြစ်ပွားခဲ့တာပါ။
ကျောက်ပွဲစားတစ်ယောက်ကို လည်ပင်းညစ်ပြီး ၀ိုင်းထိုးတာပါ။ အဖြစ်အပျက်က ဒီလိုပါ

ကိုမောင် (အမည်လွဲ)က အဲဒီ တရုတ်တွေဆီမှာ ကျောက်ပြခဲ့ပါတယ် ကြိုက်ဈေးမရလို့
ဖြုတ်ခဲ့ပါတယ်။နောက်ဝယ်လက် တစ်ယောက်ကို ပြတော့ ပိုပေးလို့
ရောင်းလိုက်ပါတယ်။အဲဒါကို မကျေနပ်လို့ သူတို့ထိုင်တဲ့ အခန်းရှေ့ ဖြတ်သွားတော့
အခန်းထဲကို ခေါ်ပြီးတော့ တစ်ယောက်က လည်ပင်းညစ်ပြီး  ကျန်လေးယောက်က
ဝိုင်းထိုးတာပါ။ အဲဒါကို မကျေနပ်တဲ့ အတွက် ဘေးမှာ ရှိတဲ့ မြန်မာတွေက
အခန်းထဲဝင်ပြီးတော့ ပြန်ရိုက်ပါတယ် ဖန်ခွက် တွေနဲ့ ၀င်ရိုက်လို့ တရုတ်နှစ်
ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်။ အခန်းပိုင်ရှင်က အခန်းတံခါး တွေ
အပိတ်မြန်သွားလို့ သက်သာ သွားတာပါ။အခန်းတံခါးပိတ်သွားတော
့ ကျောက်ခဲတွေ နဲ့
ဆက်ထုပါတယ်။ မိနစ်ပိုင်းအတွင်း မှာ  ကျောက်ဝိုင်းတစ်ဝိုင်းလုံးနီးပါးရောက်လာပါတယ်။
အခန်းကို ၀ိုင်းထားတဲ့ လူအုပ်ကြီးက တော်တော် များပါတယ်။၄၀၀
ကျော်လောက်ရှိမယ်ထင်တယ်။ ခဏနေတာ့ ရဲတွေရောက်လာပါ တယ်။ရဲတွေ ၀င်တားပါတယ်
မရပါဘူး။

မြို့နယ်မှူး ကိုယ်တိုင်လိုက်လာတာပါ မရပါဘူး။နောက် တော့
ရဲမင်းကြီးေ၇ာက်လာပါတယ်လို့ ပြောပါတယ် လူတွေကွယ်နေလို့ မမြင်လိုက်၇ပါဘူး။
နောက်တော့ ရဲတွေက ကားတွေ နဲ့ ထပ်ရောက်လာပြီး တရုတ်တွေကို ခေါ်ထုတ်သွားပါတယ်
တရုတ် တစ်ယောက်ကို ရဲလေးယောက်က ဒိုင်းနဲ့ကာပြီး ခေါ်ထုတ်သွားပါတယ် တစ်စီးကို
နှစ်ယောက်တင်သွားတာပါ။ အဲချိန်မှာ နိုင်ငံတော် သီချင်းကိုဆိုပါတယ် ပြီးတော့
မြန်မာတွေ ခေါင်းငုံမခံဘူးကွ ဆိုပြီးတော့ ခဲနဲ့ ထပ်ထုပါတယ် ရဲတွေ လိုက်တော့
လူအုပ်ခွဲပါတယ် ပြီးတော့ လူပြန်စုပါတယ်။ နောက်တော့ သူတို့တွေကို
ခေါ်ထုတ်သွားနိုင်ပါတယ်။ ရဲတွေခေါ်ထုတ်သွားပြီးတော့ အရှိန်မသေ သေး တဲ့ လူအုပ်ကြီး
အခန်းကို ဖျက်ဆီးလိုက်ပါတယ်။ အဖြစ်အပျက် က ၄ နာရီကျော်
ကြာပါတယ်။နေ့လည်တစ်နာရီကျော်တဲ့အထိ လူအုပ်မကွဲသေးပါဘူး။



အပေါ်မှာပြောပြခဲ့တာတွေက သိစေချင်ယုံပါ....

ကျွန်တော်ပြောချင်တာက အခုလိုအဓိကရုဏ်း ဖြစ်ရတဲ့အကြောင်းရင်းတွေကိုပါ......

လွန်ခဲ့တဲ့ ၄ နှစ်က ၀ိုင်းထဲမှာ တရုတ်တွေ မရှိဘူး။ နောက်ပိုင်း တရုတ်တွေ
ရောက်လာပါတယ်။ သူတို့ ရောက်စက ထိုင်စရာအခန်းတောင် မရှိပါဘူး။ သူတို့ကို
ရောင်းတဲ့လူလဲမရှိပါဘူး။ သူတို့ကပစ္စည်းတန်းဖိုးထက် ဈေးပိုပေးပြီးဝယ်လာပါတယ်။
အဲဒီအချိန်မှာ မြန်မာ လူမျိုးတို့ထုံးစံအတိုင်း
သူတို့အခန်းထဲကိုခေါ်ထိုင်ခိုင်းပါတယ်။ပထမတော့  အခန်းပိုင်ရှင်တွေ
ကတရုတ်တွေဝယ်ရင် ရောင်းတဲ့လူဆီက မုန့်ဖိုးဆိုပြီးတော့
တောင်းပါတယ်။နောက်ပိုင်းမှာ ကျွန်တော် မှတ်မိသလောက်တော့ တရုတ်တွေ ရောက်ပြီး
၇လလောက်အကြာမှာ မြန်မာ ၀ယ်လက်တွေ မရှိသလောက် ရှားသွားပါပြီ။

တရုတ်တွေ ဈေးပေးရင် တန်ဖိုးလျှော့ပြီးပေးလာပါတယ်။ အခန်းပိုင်ရှင်တွေက
သူတို့အခန်းက တရုတ်က ကျောက်ဝယ်ရင် ရောင်းရငွေရဲ့ ၂% ဖြတ်လာပါတယ်။  ဖြတ်ယုံတင်မကဘူး
တရုတ်တွေက ကလိမ်ကကျစ်လုပ်၇င် ခေါင်းရှောင်ပါတယ်။တရုတ်တွေက ဈေးပေးလို့ ပွဲစားက
ကျောက်အပ်ထားပြီး ပိုင်ရှင်ကိုသွားမေး ပိုင်ရှင်ကေ၇ာင်းဆိုတော့  ပွဲစားက
ပစ္စည်းအပ်ပြီဆိုတော့မှ တရုတ်တွေ က ကျောက်ကိုမယူတော့တာတွေ လုပ်လာပါတယ်။အဲဒါ ခဏခဏ
ပြသာနာ ဖြစ်လာပါတယ်။အဲလိုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲက   ပွဲစားတစ်ယောက်
ထောင်တစ်နှစ်ကျသွားပါတယ်။ ပြီးခဲ့အပတ်က  ပွဲစား တစ်ယောက် က ကျောက်တွေသွားပြတော့
မြန်မာငွေ မပါလို့ တရုတ်ငွေ ၂၀၀၀၀ ပေးပါတယ် ပွဲစားက ပစ္စည်းအပ်တော့
မယူတော့ပါဘူး။ပထမက နစ်နာကြေး မြန်မာငွေ ၂၀၀၀၀ ဘဲပေးပါတယ်
နောက်အကျိုးဆောင်ကော်မတီက ကြားဝင် ညှိပေးလို့ ၂သိန်းခွဲနဲ့ ပြီးသွားတာပါ။

 အခုလို ဖြစ်လာတော့ တရုတ်တွေ အကုန်ပြန်ပြေးသွားပါတယ် ။ဝိုင်းထဲမှာ
ဝယ်မယ့်လူမရှိတော့ပါဘူး။ကျောက်သမားတွေ ဘာဆက်လုပ်၇မှာလဲ။ သူတို့အပေါ်မှာဘဲ
မီခိုရမှာလား။

သူတို့ မရှိရင် ဆက်လုပ်လို့မရတော့ဘူးလား။အခု လောလောဆယ်တော့ သူတို့မရှိရင်
လုပ်လို့ မရပါဘူး။ အရင်တုန်းကတော့ထိုင်းဝယ်လက်တွေရှိပါသေးတယ်။ ကျွန်တော်တို့ဟာ
ကိုယ်ပိုင်တဲ့မြေမှာ ကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ့်စိတ်ကြိုက်ရောင်းချလို့မရတာ
ဖြစ်သင့်ပါသလား။ ကျွန်တော့်တို့ဆီမှာ ဝယ်တဲ့သူ သူတို့ပဲရှိတယ်ဆိုပြီး
လုပ်ချင်သလိုလုပ်နေတာကို ငြိမ်ခံနေသင့်ပါသလား။ မြန်မာနိုင်ငံက
ထွက်တဲ့ကျောက်မျက်ရတနာတွေကို ဝယ်တာ တရုတ်ပဲဖြစ်နေတဲ့ကိစ္စမျိုးမှာ ဘယ်သူ့တွေမှာ
တာဝန်ရှိပါသလဲ။ ပိတ်ဆို့ခံထားရတဲ့ နိုင်ငံလား?? ပိတ်ဆို့တဲ့ နိုင်ငံမှာလား??
ကြာရင် မြန်မာလူမျိုးတွေပိုင်တဲ့ မြန်မာနိုင်ငံဆိုတာ ပျောက်သွားနိုင်ပါတယ်။
အခုအချိန်မှာ အစိုးရရော ပြည်သူတွေရော စီးပွားရေးသမားတွေရော
အားလုံးပူးပေါင်းပြီး အဖြေရှာပြီး ပြုပြင်သင့်ပါပြီခင်ဗျာ….
 

မန္တလေးတွင် တရုတ်ဆန့်ကျင်ရေး ကြီးထွားလာ

E-mail Print
ယမန်နေ့က ဖြစ်ပွားသော မန္တလေး ကျောက်ဝိုင်း ရန်ပွဲကြောင့် တရုတ်နိုင်ငံသား စီးပွားရေး သမားတို့အပေါ် မကျေမနပ်မှု ပိုမို ကြီးထွားနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဝိုင်းသို့ ယနေ့ ရောက်လာသော ဒေသခံ ကုန်သည်များက အရောင်းအ၀ယ် စကား မပြောဖြစ်ကြဘဲ ယမန်နေ့က ဖြစ်ခဲ့သည့် ရန်ပွဲ အကြောင်းသာ ပြောဆိုနေကြသည်ဟု မန္တလေးမှ ကျောက်ကုန်သည် ဦးအောင်ကျော်က ပြောသည်။

“တရုတ်တွေကို မကျေလည်တာကတော့ ကြာနေပြီ။ မနေ့က သူတို့လုပ်တဲ့ပုံစံက စော်ကားသလိုဖြစ်တာ ဆိုတော့ ပေါက်ကွဲကုန်ကြတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျနော်တို့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ်” ဟု  ဦးအောင်ကျော်က ပြောသည်။

ယမန်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းတွင် အချင်းများရာမှ တရုတ်နိုင်ငံသား ကုန်သည် ၅ ဦးက ကိုမော်ကြီးဆိုသူ မြန်မာ ကျောက်ကုန်သည် တဦးကို ၀ိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုရန်ပွဲကို ရဲ လုံခြုံရေး ၁၀၀ ၀န်းကျင် သွားရောက် ထိန်းသိမ်းကာ  ထို ၆ ဦးကို ဖမ်းဆီးသွားပြီး ကျောက်ဝိုင်း ပိတ်လိုက်ရသည်။ ကျောက်ဝိုင်းတခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယနေ့ ကျောက်ဝိုင်း ပြန်ဖွင့်သော်လည်း အရောင်းအ၀ယ် အေးနေကြောင်း၊ တရုတ်ပြည်မှ ကုန်သည်များ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။ 

အရောင်းအ၀ယ် ဖြစ်ရေးအတွက်  လက်ကြီးသမားများ ဖြစ်သော တရုတ်ပြည်မှ ကုန်သည်များကို အားကိုးရကြောင်း၊ သို့သော်လည်း ဆက်ဆံရေး အဆင်မပြေကြောင်း အမည်မဖော်လိုသူ ကျောက်ပွဲစားတဦးက ရှင်းပြသည်။

“တရုတ်တွေက ဈေးနှိမ်တာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့ တွေ လုပ်နေတာတွေကို မခံချင်တာ။ ပစ္စည်းပေးရင် ရိုင်းရိုင်း စိုင်းစိုင်း ပြန်ပစ်ပေးတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့ကိုပဲ အားကိုးနေရတဲ့ ပုံစံမျိုးကို မဖြစ်ချင်တာ” ဟု ထိုကျောက်ပွဲစားက ပြောသည်။

ယမန်နေ့က ရန်ပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသင့်သည်ဟု မန္တလေးသား စာရေးဆရာ ကျော်ရင်မြင့်က ပြောသည်။

“ကိုယ်ထိ လက်ရောက် လုပ်တယ် ဆိုတာ ဘယ်သူက ဘယ်သူ့ကိုပဲ လုပ်လုပ် မကောင်းပါဘူး။ ကျုးလွန်တဲ့ ပြစ်မှုကို အရေးယူဖို့ လိုအပ်ပါတယ်။ အရေးယူ မခံရရင် ဆက်ပြီး ကျူးလွန်နေမှာပါပဲ။  စော်ကားလို့ ရရင် ဆက်ပြီး စော်ကားနေမှာပါပဲ” ဟု  ဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဖမ်းဆီးထားသူများအား မည်သို့အရေးယူထားကြောင်း မဟာအောင်မြေ  အမှတ် ၇၊ အမှတ် ၉ ရဲစခန်းတို့ကို ဆက်သွယ် စုံစမ်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို တရုတ် ကုန်သည်များ လွတ်မြောက်ရေး ဆောင်ရွက်နေသည်ဟု ဆိုသော မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းတွင်  ယခင်က အာရှ နှင့် အနောက်နိုင်ငံတချို့မှ ကုန်သည်တို့ လာရောက်မှု များပြားသော်လည်း ယခုတွင်မူ တရုတ်နိုင်ငံမှ ကုန်သည်များသာ တွေ့နေရသည်ဟု ကျောက်ကုန်သည်တို့က ပြောသည်။

ယခုအခါ မန္တလေး ကျောက်ဝိုင်း ရန်ပွဲအကြောင်း သတင်းများ၊ ဓာတ်ပုံများမှာ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်ကို တွေ့ရသည်။

ဧရာဝတီတွင်လည်း ထိုရန်ပွဲသတင်း ဖော်ပြခဲ့ရာ စာဖတ်သူ အများအပြားက တရုတ်ကုန်သည်တို့ကို မကျေနပ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ထိုရန်ပွဲကြောင့် လူမျိုးရေး အဓိကရုဏ်း မဖြစ်သင့်ကြောင်း Bo အမည်ရှိ စာဖတ်သူက မှတ်ချက်ပေးထားသည်။

“စီးပွားရေးသမား အချင်းချင်း ဖြစ်တဲ့ ပြဿနာ ဆိုတော့ လူမျိုးရေးဘက်ကို ဦးတည် မသွားသင့်ပါဘူး။ -- လိုအပ်နေတာက တရုတ် ဆန့်ကျင်ရေး မဟုတ်ပါ” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အုပ်ချုပ်သည့် ၁၉၆၇ ခုနှစ်က ရန်ကုန်နှင့် မြို့ကြီးတချို့တွင် တရုတ် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားပြီး တရုတ်လူမျိုးပိုင် ကျောင်း၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး  ဆက်ဆံမှု တိုးမြင့်ခဲ့ပြီး ပြည်မကြီးမှ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှု များပြားလာခဲ့သည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသည့် မြန်မာနိုင်ငံတွင် တရုတ်နွယ်ဖွား  ၂ သန်းခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။
.

0 comments: