Saturday, May 07, 2011

အမေများနေ့ကို ဂုဏ်ပြုကြရအောင်

မင်္ဂလာပါသူငယ်ချင်းတို့ရေ ( ၈ . ၅ . ၂၀၁၁ ) ရက်နေ့ဟာဆိုရင် အမေများနေ့ပါ၊ များသောအားဖြင့် အမေများနေ့ကို သားသမီးတော်တော်များများက မေ့နေတက်ကြတယ် သတိမထားမိတက်ကြဘူး ၊  အဲဒါကြောင့် အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ၊ အမေများနေ့ကို သတိရစေချင်တဲ့ ဆန္ဒနဲ့ရော ပြီးတော့ အမေတို့ရဲ့ကျေးဇူးကို တစ်ဖက်တစ်လမ်းနဲ့ ကျေးဇူးဆပ်တဲ့ အထိမ်းအမှတ်အနေနဲ့ အမေများနေ့ကို ဂုဏ်ပြုကြရအောင်ဗျာ။0nlineပေါ်မှ ရရှိစုဆောင်းထားတဲ့ ကဗျာများကို စုစည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ရေးသားသူတွေစီကတော့ ခွင့်မတောင်းနိုင်တာတော့ခွင့်လွှတ်ကြပါ။
'ZD YouTube FLV Player' requires either a youtube video URL or FLV URL.
Usage: [zdvideo width="x" height="x"]url[/zdvideo]
'ZD YouTube FLV Player' requires either a youtube video URL or FLV URL.
Usage: [zdvideo width="x" height="x"]url[/zdvideo]

အမေ
ကိုးလလွယ် ဆယ်လဖွား သေမင်းကိုအံတု စံပြုလို့ ဖွားခဲ့တာ အမေ
မေတ္တာကိုအရင်းခံ အကျိုးကိုမမျှော်ကိုး အကြင်နာနဲ့ ကျွေးခဲ့တာ အမေ
လမ်းမှန်ကိုစေညွှန် ဘ၀ကိုလမ်းကြောင်းပေး လူလားမြောက်အောင် ပညာပေးခဲ့တာ အမေ
အပြစ်ကို အချစ်နဲ့ဖုံး သည်းခံလို့ မြင့်မိုရ်ထက် အကြွင်းမဲ့ခွင့်လွတ်ခဲ့တာ အမေ
တောင်းစုတ်ကို ပစ် ၊ သားဆိုးကို ချစ်လို့ အနှိုင်းမဲ့မေတ္တာရှင် အစားထိုးလို့မရနိုင်တာ အမေ
အော်………..အမေ………..အမေ………..အမေ့ကျေးဇူးတွေဆပ်လို့မကုန်နိုင်ပါပြီ……အမေ
စည်သူဖြိုး ( ၂ . ၅ . ၂၀၁၁ ရက်နေ့ ညတွင် ရေးစပ်သည် ၊ အမေများနေ့ အထိန်းအမှတ် )

သားဆိုး၊သမီးမိုက်တွေကို
လိမ္မာအောင် ရိုက်နှက်နေပေမယ့်
သူ့နှလုံးသားကို ပြန်ရိုက်နေသလို
ခံစားနေရတဲ့ အမေ။

သူ့မျက်ရည်တွေ စီးကျနေမယ့်
သားတွေ၊သမီးတွေ
ပျော်နေတာကို မြင်ရင်ပဲ
မျက်နှာမှာ အပြုံးတစ်ပွင့်
အမြဲဖူးပွင့်လာတတ်တဲ့ အမေ။

စေတနာမုသားတွေများစွာနဲ့
သားသမီးတွေကို စိတ်ချမ်းသာစေတဲ့
အမေ။

ဒီလို..ဒီလို...မေတ္တာတွေနဲ့
ငါတို့ဘ၀ကို အရိပ်မိုးပေးခဲ့တဲ့
အမေကို ကန်တော့တဲ့အခါမှာ
ငွေကြေး၊ပစ္စည်းတွေ မလိုပါဘူး
အမေငါတို့ဆီက အလိုချင်ဆုံးဖြစ်တဲ့
ကျေးဇူးသိတတ်မှုတွေနဲ့ ကန်တော့ကြပါစို့လား
သူငယ်ချင်းတို့ရာ.....။

မင်းသန့်ဦး(၅.၅.၂၀၁၁ ရက်နေ့ ညနေတွင် ရေးစပ်သည်၊ အမေများနေ့ အထိမ်းအမှတ်)

မရှိမဖြစ်

အမေဆိုတာ….

သမီးတွေရဲ့ အမှားတိုင်းကို

မေတ္တာငွေ့ပက်ဖြန်းပြီး

ခွင့်လွှတ်ပေးခဲ့တယ်။

သမီးတွေရဲ့ လိုအပ်ချက်တိုင်းကို

အခက်အခဲတွေကျော်ပြီး

မဖြစ်မနေ ဖြည့်ဆည်းပေးခဲ့တယ်။

သမီးတွေရဲ့ ဘ၀တတ်လမ်းကို

အားကြိုးမာန်တက်

လမ်းဖွင့်ပေးခဲ့တယ်.

သမီးတွေရဲ့ အခက်အခဲတွေကို

ရှေ့ကရပ်ပြီး

ရင်ဆိုင်ဖြေရှင်းပေးခဲ့တယ်။

သမီးတွေရဲ့ ခံစားချက်အစုံကို

အကြည့်တစ်ချက်နှင့်တင်သိမြင်

နားလည်မှုပေးခဲ့တယ်။

သမီးတွေရဲ့ အရိပ်အခြည်ကို

အမြဲတမ်းစောင့်ကြည့်လို့

သမီးတွေပျော်ရင်လိုက်ပျော်

သမီးတွေငိုရင်ဝမ်းနည်း

သမီးတွေတော်ရင်ကျေနပ်

သမီးတွေရဲ့ဘ၀မှာရှေ့ကမားမားရပ်

သမီးတွေရဲ့လိုအပ်ချက်တိုင်းကိုဖြည့်ဆည်း

သမီးတွေအတွက်ဆို

စွန့်လွှတ်အနစ်နာခံဖို့

အမြဲတမ်းအဆင်သင့်ဖြစ်လို့လေ။



စကြာဝဋာထက် ကြီးမားကျယ်ပြန့်တဲ့

မေတ္တာတွေ ပေးနေတဲ့ အမေရယ်

သက်ရှိတိုင်း အသက်ရှူဖို့

အောက်ဆီဂျင် လိုအပ်သလို

သမီးတို့ အသက်ရှူလိုက်တိုင်း

စကန့်တိုင်း မိနစ်တိုင်း

ခန္တာကိုယ်က သွေးတွေလည်ပတ်နေတိုင်း

နှလုံးခုန်သံအချက်တိုင်း

လိုအပ်နေတာ

အမေပါပဲ။

( ၄-၁-၂၀၀၃)မှာကျရောက်တဲ့ အမေ့မွေးနေ့အမှတ်တရမှ

   အမေများနေ့ အမှတ်တရ


အမေမရှိသည့်အိမ် ရွှေအတိဆင်စေဦးတော့
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးအရုပ်အိမ်....။(အမည်မသိ)
အမေရယ် နောက်ဆုံးစကားအကုန်ပြောရရင်
အမေ...အမေ...အမေဟာ မိန်းမရွှင်တစ်ယောက်ဖြစ်နေပါစေ...
အမေဟာ အမေပါပဲ...။(ဦးသုခ)
ရင်နှင့်လွယ်သွားတဲ့ အမေ....
သွေးနို့စက်များ တိုက်ကြွေးသွားတဲ့ အမေ...
ဝါးဖတ်တော် ကဆီအနှစ် ခွံကြွေးဖြစ်ခဲ့တဲ့အမေ....
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်မှသည်
ယနေ့ထိတိုင် ပြုစုယုယခဲ့သည့်အမေ..
မွေးမေ့ကျေးဇူး အထူးသိတတ်
သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေ...
သုခီအတ္တာနံ ပရိဟရန္တု... 

မေကြီး (သို့) အမေ...( အမေများနေ့ အမှတ်တရ )

ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်.....

ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် အကုန်များခဲ့ရတယ်.....

ကျွန်တော့်ကိုချစ်တဲ့...အမေ..
သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်.....

သားကို သခင်...
လင်ကို ဘုရား ဆိုတဲ့ အမေ....
ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်...

လောကမှာ ကျွန်တော်
တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်...
မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့..
တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး
ရင်ဆိုင်နိုင်ခဲ့တယ်...

အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု
မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ...

အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု
မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ...

ကျေးဇူး အထူးပါမေကြီးရယ်...
အရာရာအားလုံးအတွက်ပါခင်ဗျာ.....

သားကြီးဂတိပေးပါတယ်...မေကြီး
သားအသက်ရှင်နေသမျှကာလပတ်လုံး..
ဒီလောကကြီးထဲမှာ...
မေကြီးဘာအကြောင်းကြောင့်နဲ့မှ
စိတ်ဒုက္ခတွေ သောကဝေဒနာတွေ
ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...

ရဲရင့်နီ
(၁၀.ဝ၁.၂၀၀၉)

.

0 comments: