Showing posts with label အမေများနေ့. Show all posts
Showing posts with label အမေများနေ့. Show all posts

Saturday, May 07, 2011

အမေများနေ့ကို ဂုဏ်ပြုကြရအောင်

မင်္ဂလာပါသူငယ်ချင်းတို့ရေ ( ၈ . ၅ . ၂၀၁၁ ) ရက်နေ့ဟာဆိုရင် အမေများနေ့ပါ၊ များသောအားဖြင့် အမေများနေ့ကို သားသမီးတော်တော်များများက မေ့နေတက်ကြတယ် သတိမထားမိတက်ကြဘူး ၊  အဲဒါကြောင့် အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ၊ အမေများနေ့ကို သတိရစေချင်တဲ့ ဆန္ဒနဲ့ရော ပြီးတော့ အမေတို့ရဲ့ကျေးဇူးကို တစ်ဖက်တစ်လမ်းနဲ့ ကျေးဇူးဆပ်တဲ့ အထိမ်းအမှတ်အနေနဲ့ အမေများနေ့ကို ဂုဏ်ပြုကြရအောင်ဗျာ။0nlineပေါ်မှ ရရှိစုဆောင်းထားတဲ့ ကဗျာများကို စုစည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ရေးသားသူတွေစီကတော့ ခွင့်မတောင်းနိုင်တာတော့ခွင့်လွှတ်ကြပါ။
'ZD YouTube FLV Player' requires either a youtube video URL or FLV URL.
Usage: [zdvideo width="x" height="x"]url[/zdvideo]
'ZD YouTube FLV Player' requires either a youtube video URL or FLV URL.
Usage: [zdvideo width="x" height="x"]url[/zdvideo]

အမေ
ကိုးလလွယ် ဆယ်လဖွား သေမင်းကိုအံတု စံပြုလို့ ဖွားခဲ့တာ အမေ
မေတ္တာကိုအရင်းခံ အကျိုးကိုမမျှော်ကိုး အကြင်နာနဲ့ ကျွေးခဲ့တာ အမေ
လမ်းမှန်ကိုစေညွှန် ဘ၀ကိုလမ်းကြောင်းပေး လူလားမြောက်အောင် ပညာပေးခဲ့တာ အမေ
အပြစ်ကို အချစ်နဲ့ဖုံး သည်းခံလို့ မြင့်မိုရ်ထက် အကြွင်းမဲ့ခွင့်လွတ်ခဲ့တာ အမေ
တောင်းစုတ်ကို ပစ် ၊ သားဆိုးကို ချစ်လို့ အနှိုင်းမဲ့မေတ္တာရှင် အစားထိုးလို့မရနိုင်တာ အမေ
အော်………..အမေ………..အမေ………..အမေ့ကျေးဇူးတွေဆပ်လို့မကုန်နိုင်ပါပြီ……အမေ
စည်သူဖြိုး ( ၂ . ၅ . ၂၀၁၁ ရက်နေ့ ညတွင် ရေးစပ်သည် ၊ အမေများနေ့ အထိန်းအမှတ် )

သားဆိုး၊သမီးမိုက်တွေကို
လိမ္မာအောင် ရိုက်နှက်နေပေမယ့်
သူ့နှလုံးသားကို ပြန်ရိုက်နေသလို
ခံစားနေရတဲ့ အမေ။

သူ့မျက်ရည်တွေ စီးကျနေမယ့်
သားတွေ၊သမီးတွေ
ပျော်နေတာကို မြင်ရင်ပဲ
မျက်နှာမှာ အပြုံးတစ်ပွင့်
အမြဲဖူးပွင့်လာတတ်တဲ့ အမေ။

စေတနာမုသားတွေများစွာနဲ့
သားသမီးတွေကို စိတ်ချမ်းသာစေတဲ့
အမေ။

ဒီလို..ဒီလို...မေတ္တာတွေနဲ့
ငါတို့ဘ၀ကို အရိပ်မိုးပေးခဲ့တဲ့
အမေကို ကန်တော့တဲ့အခါမှာ
ငွေကြေး၊ပစ္စည်းတွေ မလိုပါဘူး
အမေငါတို့ဆီက အလိုချင်ဆုံးဖြစ်တဲ့
ကျေးဇူးသိတတ်မှုတွေနဲ့ ကန်တော့ကြပါစို့လား
သူငယ်ချင်းတို့ရာ.....။

မင်းသန့်ဦး(၅.၅.၂၀၁၁ ရက်နေ့ ညနေတွင် ရေးစပ်သည်၊ အမေများနေ့ အထိမ်းအမှတ်)

မရှိမဖြစ်

အမေဆိုတာ….

သမီးတွေရဲ့ အမှားတိုင်းကို

မေတ္တာငွေ့ပက်ဖြန်းပြီး

ခွင့်လွှတ်ပေးခဲ့တယ်။

သမီးတွေရဲ့ လိုအပ်ချက်တိုင်းကို

အခက်အခဲတွေကျော်ပြီး

မဖြစ်မနေ ဖြည့်ဆည်းပေးခဲ့တယ်။

သမီးတွေရဲ့ ဘ၀တတ်လမ်းကို

အားကြိုးမာန်တက်

လမ်းဖွင့်ပေးခဲ့တယ်.

သမီးတွေရဲ့ အခက်အခဲတွေကို

ရှေ့ကရပ်ပြီး

ရင်ဆိုင်ဖြေရှင်းပေးခဲ့တယ်။

သမီးတွေရဲ့ ခံစားချက်အစုံကို

အကြည့်တစ်ချက်နှင့်တင်သိမြင်

နားလည်မှုပေးခဲ့တယ်။

သမီးတွေရဲ့ အရိပ်အခြည်ကို

အမြဲတမ်းစောင့်ကြည့်လို့

သမီးတွေပျော်ရင်လိုက်ပျော်

သမီးတွေငိုရင်ဝမ်းနည်း

သမီးတွေတော်ရင်ကျေနပ်

သမီးတွေရဲ့ဘ၀မှာရှေ့ကမားမားရပ်

သမီးတွေရဲ့လိုအပ်ချက်တိုင်းကိုဖြည့်ဆည်း

သမီးတွေအတွက်ဆို

စွန့်လွှတ်အနစ်နာခံဖို့

အမြဲတမ်းအဆင်သင့်ဖြစ်လို့လေ။



စကြာဝဋာထက် ကြီးမားကျယ်ပြန့်တဲ့

မေတ္တာတွေ ပေးနေတဲ့ အမေရယ်

သက်ရှိတိုင်း အသက်ရှူဖို့

အောက်ဆီဂျင် လိုအပ်သလို

သမီးတို့ အသက်ရှူလိုက်တိုင်း

စကန့်တိုင်း မိနစ်တိုင်း

ခန္တာကိုယ်က သွေးတွေလည်ပတ်နေတိုင်း

နှလုံးခုန်သံအချက်တိုင်း

လိုအပ်နေတာ

အမေပါပဲ။

( ၄-၁-၂၀၀၃)မှာကျရောက်တဲ့ အမေ့မွေးနေ့အမှတ်တရမှ

   အမေများနေ့ အမှတ်တရ


အမေမရှိသည့်အိမ် ရွှေအတိဆင်စေဦးတော့
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးအရုပ်အိမ်....။(အမည်မသိ)
အမေရယ် နောက်ဆုံးစကားအကုန်ပြောရရင်
အမေ...အမေ...အမေဟာ မိန်းမရွှင်တစ်ယောက်ဖြစ်နေပါစေ...
အမေဟာ အမေပါပဲ...။(ဦးသုခ)
ရင်နှင့်လွယ်သွားတဲ့ အမေ....
သွေးနို့စက်များ တိုက်ကြွေးသွားတဲ့ အမေ...
ဝါးဖတ်တော် ကဆီအနှစ် ခွံကြွေးဖြစ်ခဲ့တဲ့အမေ....
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်မှသည်
ယနေ့ထိတိုင် ပြုစုယုယခဲ့သည့်အမေ..
မွေးမေ့ကျေးဇူး အထူးသိတတ်
သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေ...
သုခီအတ္တာနံ ပရိဟရန္တု... 

မေကြီး (သို့) အမေ...( အမေများနေ့ အမှတ်တရ )

ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်.....

ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် အကုန်များခဲ့ရတယ်.....

ကျွန်တော့်ကိုချစ်တဲ့...အမေ..
သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်.....

သားကို သခင်...
လင်ကို ဘုရား ဆိုတဲ့ အမေ....
ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်...

လောကမှာ ကျွန်တော်
တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်...
မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့..
တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး
ရင်ဆိုင်နိုင်ခဲ့တယ်...

အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု
မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ...

အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု
မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ...

ကျေးဇူး အထူးပါမေကြီးရယ်...
အရာရာအားလုံးအတွက်ပါခင်ဗျာ.....

သားကြီးဂတိပေးပါတယ်...မေကြီး
သားအသက်ရှင်နေသမျှကာလပတ်လုံး..
ဒီလောကကြီးထဲမှာ...
မေကြီးဘာအကြောင်းကြောင့်နဲ့မှ
စိတ်ဒုက္ခတွေ သောကဝေဒနာတွေ
ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...

ရဲရင့်နီ
(၁၀.ဝ၁.၂၀၀၉)

.

Sunday, May 09, 2010

မေလ ၉- ရက်နေ့ သည် နိုင်ငံတကာအမေနေ့  ဖြစ်ပါသည်။ အမေနှင့် အမေနေ့ သို့ အမှတ်တရ



 အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့ 
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဋ္ဌိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။



သားသမီး ဖြစ် ခဲ့ ကြ သူတိုင်း မွေးသမိ ခင် ကို ထာဝရ သတိရတတ်..လွမ်းတတ်
…ချစ်တတ်ကြပါစေသား…။မိခင် ဖြစ်သူတိုင်းလည်း…သားသမီးရင်ငွေ့  အချစ်ရလျှက်..
ပျော်ရွှင် ကြည်နူး နိုင် ကြပါစေသား….
“ အမေ ”
အမေ အမေ
ခေါ်ဆို ငြီးလျှက်
သားလေ တမ်းတ
မှန်းဆ လွမ်းရင်း
အမေ့ အိမ်ကို
ရော်ရမ်း တမ်းတ
လွမ်းရက်တွေက
ရက်ကို လစား
လ ကို နှစ်ချီ
ကြာနေပြီ မေ
နေ့ စဉ် ညတိုင်
ရှစ်ခိုး ဦးခိုက်
ပြုနေရင်းလည်း
သား အလွမ်းက
ဖြေသာမနေ
လွမ်းသထက်လွမ်း
လွမ်းအားပိုကာ
တမ်းတ ငိုညည်း
ခို ပမာလား
နေရခဏ
သားမောင်လွမ်းတ
အမေ လည်းလွမ်း
နှစ်ဦး ကျွမ်းလို
သားမောင် ထင်ရဲ့ 
သားလွမ်းသလို
မေ လည်းလွမ်းလို့ 
လွမ်းတောထဲမှာ
အမေ အမေ
သားခေါ်နေရင်း
မျက်ရည်ကြွေဝေ့ 
သား မျက်ဝန်းအိမ်
မျက်ရည်တံတား
ကျိုးခဲ့ ငြားလည်း
အမေ ငိုပါနဲ့ 
သားမောင်ကလေ
ချစ်လျှက် လွမ်းလျှက်
ငိုလျှက်နဲ့ ဘဲ
မွေးမေ ကျေးဇူး
ဆပ်ရန်ရည်စူး
စုဆောင်း နေလျှက်
ပြန်လာတစ်နေ့ 
စောင့်ကြိုပေးဘို့ 
သား လေ မျှော်လင့်
ရှိကြမယ်လေနော် အမေ။
ဆူး ( ၁၅-၁၁-၂၀၀၉) ၂၁ နာရီ

ချစ်မေတ္တာ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရော့ဖို့ 
စီးပွါးအထွေထွေ
စိန်ရွှေအိမ်မြေကားနှင့်
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်။

ယိုင်နဲ့ နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာတိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့အတူတူ
(ခြင်ထောင်မရှိ၊ခြုံစောင်မရှိ
ခင်းအိပ်စရာဖျာလည်းမရှိလို့ )
ခြင်ကိုသွေးလှူအတူတူ
ကြမ်းပိုးသွေးလှူအတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေေ၇ွှအိုး
ရိုးသားမှု့ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာအထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ။

win myat
 ၈-မေလ ၂၀၁၀
----
မေလ (၉) ရက်နေ့အမေများနေ့ အတွက် မေမေ နဲ့ပတ်သက်ပြီး အမှတ်တရ

မေမေ သတိရတာပေါ့နော် မေမေလို့ အားရပါးရအော်ခေါ်ချင်လည်း ဘ၀တပါး ကူးပြောင်းသွားတော့ မြင့် မိုရ်ရွှေတောင် ပျောက် သလိုပေါ့ အိမ်ပြန်ဖို့ တောင်အိမ်တန်းပြန်ဖို့ ခက်နေတယ် ခေါင်းလေးပွတ်သတ် အမေချော့တာ သတိရလည်း ရင်ငွေ့နွေးနွေး ပြန် မရပြီ အမေ့ မေတ္တာငတ်တာကြာပေါ့ အမေ မန်းမှုတ်ထမင်းဆုပ်ကို မစားရတာလည်းကြာပါပြီဟယ် နေမကောင်းရင် ထမင်းလေး မီးဖုတ် ရေအေးလေးနဲ့  မန်းမှုတ်ပြီးတော့ ကျွေးတတ်တယ် အမေလို့လည်း အော်ခေါ် ရင်းနဲ့အားရပါးရရှိုက်ငင် ငိုကျွေးခဲ့ပါတယ်။

ထူးသူမရှိ ရင်ထဲနာကျင် လွမ်းမောရင်းနဲ့  သမီးတစ်ရောက် အလွမ်းမပြေ အိပ်ရာထက်မှာ ယောင်ယမ်းခေါ်ငင်မိနေတယ် အမေ အမေ ရေးမိနေတိုင်း မျက်ရည်အလိုလိုကျနေတယ်။
သတိရနေတယ်။
အောက်မေ့နေတယ်-။
အမေ့ကိုလေလွမ်းနေတယ်
အမေ့မေတ္တာ ပမာနိုင်းဆိုမပြောလိုဘူး မြင့်မိုလ်ရွှေတောင်သေးနေတယ်။


အမေ့မေတ္တာ ပမာနိုင်းဆိုမပြောလိုဘူး စမ်းရေထက်လည်း အေးနေတယ်..ထိုစမ်းနွေခါခမ်းသောကြောင့် အမေ့မေတ္တာ ပမာနိုင်းဆို မပြောလိုဘူး ပန်းေ၇ွှကြာထက်လန်းနေတယ်....ထိုပန်းရွှေကြာနွမ်းသောကြောင့် ပြောမပြတတ်အောင်လွမ်းနေတယ် အမေ အမေ အော်ခေါ်ရင်းနဲ့  ပြန်မထူးနိုင်တာသိနေတယ်။
သူများတကာထက်လည်းလွမ်းပါတယ်။

အမေပျောက်သူရင်လှိုက်ဆူလို့  အမေမရှိတော့မှပိုသိတယ်။ အမေ့ စိတ်ပုတီး သမီးအမွေ ယူထားတယ်။
အမေ့ အတွက် အမေ့အတွက်နဲ့  လှုတိုင်းကုသိုလ်လုပ်ပါတယ်။
ခံစားတတ်သူရင်ဘတ်တူသူ အမေချစ်သူတိုင်းသိပါတယ်။........။
မ..မ
-----
ဆုတောင်းပေးလျှက်ပါ အမေ....

အမေ..
ဘ၀ရဲ့ လမ်း
ဖြောင့်တန်းအောင်မြင်
ပျော်ရွှင်ခဲ့ အောင်
ဆောင်ကြဉ်းပေးခဲ့တာ
အမေ ပါ အမေ....

ဒါပေမယ့် လေ
အမေ့ ကိုစွန့်ခွာ
ပျော်ရာမနေ
တော်ရာမှာနေရ
သမီးဘ၀ပါအမေ...

ဘ၀အမောနွေ
သောကတွေထဲလွမ်း
ပင်ပန်းလွန်းက
တမ်းတမိခဲ့တာ
အမေပါ အမေ...

တခါတလေ
ပျော်စရာတွေတွေ့ 
မေ့ပျောက်ကာသွား
အမေက၀ိုးတ၀ါးနဲ့
သမီးမှားခဲ့ တယ် အမေ...

နှုတ်ဖျားကမဆိုသာ
အမေ့ နားမနေရပေမယ့် 
မေ့မေတ္တာ မကုန်ခမ်း
ရွှင်လန်းလို့ကျန်းမာစေ
ဆုတောင်းပေးလျှက်ပါ အမေ....  

-အေးမြသီတာ -

မိုက်နောင်တ….

အမြုတေထဲက အမေ့ကို ဒုက္ခအတိပေးခဲ့တဲ့ငါက
စနေ သွေးတစ်ဝက်နဲ့သန်းခေါင်ကျော်ညမှာ
ငိုသံတစ်စနဲ့ တိတ်ဆိတ်ခြင်းကိုဖြိုခွင်းခဲ့ပြီးမှ
လေးဘက်မသွားတက်ခင်ထဲက
လောကကြီးရဲ့ကိုဆိုင်ပြိုင်ဘို့ ငိုကြီးချက်မနဲ့
ငါပိုင်တဲ့အရာကငါရဲ့သုံးမရတဲ့ မာန
အတိုင်းအတာပမာဏကိုတွက်ဆတော့
အရှုံးနဲ့မှုန်းချယ်ထားတဲ့ရသ
နားဝင်ခက်တဲ့အကျင့်ဆိုးကပူးကပ်နေတော့
ပုရိတ်ရေနဲ့အပက်ခံရတဲ့တစ္ဆေတစ်ကောင်လို
အမေ့ဆုံးမသံတွေက ပူလှတယ်ထင်ခဲ့တဲ့ငါက
လူတွေကြားထဲမှာအထာမကျ
လောကွတ်တွေကိုခဝါချပြီး နေချင်ခဲ့တဲ့သဘာဝနဲ့
ထင်ရာစိုင်းတတ်တဲ့ေ….. ကျင့်ကဖြောက်မရ
ထောက်ချင့်စရာတွေများတဲ့အသိုက်အဝန်းဆိုတာက
ဘေးကျပ်နံကျပ်နဲ့လှုပ်မရအောင်လုပ်ကြလို့
သွေးထဲကနေဖောက်ထုတ်ပြစ်လိုက်တော့
ငါ့ကိုအရိုင်းအစိုင်းလို့ သမုတ်ကြပြန်တဲ့အခါ
မျက်ရည်တွေဆည်ကျိုးသလိုဖြစ်နေတဲ့အမေ့ကို
မကြေနိုင်ပေမယ့်လက်ဆယ်ဖြာမိုးပြီးကျေးဇူးဆပ်ခဲ့တယ်
နောက်ပြန်လှည့်မကြည့်တတ်တဲ့စိတ်ဓါတ်က အဖေပေးခဲ့သလို
လက်သီးချက်ထက်ပျင်းတဲ့ အဖေ့ရဲ့တက်ခေါက်သံတစ်ချက်နဲ့
အရောင်ထွက်လာတဲ့ငါ့မာနတွေကိုရင်ဘတ်မှာတပ်ပြီး
အမှားအမှန်ဆိုတဲ့နိရာမတွေကို တည့်တည့်ဝင်တိုး
ရေဆန်လေဆန်လမ်းထဲမှာ ကိုယ့်ပဲ့ကိုယ်ကိုင်လို့
သင်ခန်းစာတွေအထပ်ထပ် ဘဝနဲ့စက်ဝယ်ခဲ့ပြီးမှ
နောင်တဆိုတာကိုရောင်လို့တောင်မှမတ
မှောင်တစ်လှည့် လင်းတစ်လှဲ့နဲ့ ငါ့ကမ္ဘာမှာ
မြင်လိုက်ရတဲ့အလင်းလေးတစ်စကြောင့်
ကြမ်းရှနေတဲ့နှလုံးသားကစိမ့်ကျလာတဲ့
နှလုံးသွေးတွေကို ကြည့်ရင်းသွေးပျက်ခဲ့ရတယ်
မူးယစ်စေတတ်တဲ့အချစ်ကြောင့်
အူအရိုင်းလိုဘဝင်လှိုင်းတွေပျက်ခဲ့ရတယ်
စိတ်ဓါတ်တွေကိုရိုက်ချိုးပြီး အချစ်ကိုဦးညွတ်ခဲ့ရတယ်
အခုမှနောင်တဆိုတာကိုတတွတ်တွတ်ရွတ်ရင်း
လက်တစ်ဆုပ်စာမေတ္တာတစ်ရားကိုခံစားမိတဲ့အခါမှ
အနှိုင်းမဲ့တဲ့မိဘမေတ္တာကိုရေတွက်မိတဲ့ငါ
မိုက်နောင်တနှောင်းတွေနဲ့လောင်မြိုက်ပြီး
ဟိုးအရင်က အေးမြတဲ့ အမေ့ရင်ခွင်ရိပ်ကို
တစ်ခါပြန်နားခိုခွင့် တမ်းတနေမိလို့
အမေ့နို့မြက်အောင် ဆိုးပေခဲ့တဲ့
အမေချစ်တဲ့သားမိုက်ရဲ့ ရှိခိုးတောင်းပန်သံကို
ရောက်ရာအရပ်ကနေ အမေကြားလို့
ခွင့်လွှတ်ပေးပါ အမေ……


မေလ ၉- ရက်နေ့ သည် နိုင်ငံတကာ အမေနေ့  ဖြစ်ပါသည်။
အမေနှင့် အမေနေ့ သို့ အမှတ်တရ
 

 အမေများနေ့အမှတ်တရအဖြစ် ၀ဒ်ဆိုဒ်အသီးသီးမှစုစည်းတင်ဆက်လိုက်ပါတယ်။အမေကိုချစ်သော..သားဆိုး(အာလူးလေး)