Sunday, February 06, 2011

၂၀၁၁ ဖေဖေါ်ဝါရီလထုတ် ရတီမဂ္ဂဇင်း...မှ ကိုမျိုး(မြန်မာစာ) ၏ `ပြည်ထောင်စု´ ကဗျာ

`ပြည်ထောင်စု´
သေခြင်းနဲ့ ရှင်ခြင်း
ခပ်ပါးပါးမျဉ်းတစ်ဖတ်မှာ
သေရုံနှင့် ပြီးလိုက်ကြမတဲ့ လား ။
ပျံရင်းနဲ့ သာသေလိုတဲ့ ဆန္ဒရှိပေမဲ့ 
ပန်းတိုင်မရေက်ခင်တောင်ပံခတ်မပြတ်ချင်။
ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကိုငါ့ရင်ဘတ်ပေါ်တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော
့ကျူးရင့်တဲ့ မဟတ္တမဂန္ဒီကြီးစကား
ကမ္ဘာတုန်အောင်ကြားခဲ့ ရပေမဲ့ 
အိန္ဒိယနဲ့ ပါကစ္စတန်
နေရှုးနဲ့ ဂျင်းနား
တစ်ကနေနှစ်ဖြစ်သွားတာလား
တစ်ကနေတစ်ဝက်ဖြစ်သွားတာလား
စဉ်းစား။
သေရုံနှင့်ပြီးလိုက်ကြစတမ်းဆို
ဂန္ဒီဆိုတာကမ္ဘာမှာမရှိ၊
အောင်ဆန်းဆိုတာကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ။
                  ကိုမျိုး(မြန်မာစာ)
၂၀၁၁ ဖေဖေါ်ဝါရီလထုတ် ရတီမဂ္ဂဇင်း...မှ


မြတ်သောမိဘနှစ်ပါးက
မြတ်သောသားသမီး
ရတနာတွေဖွားသန့်စင်တာ
ဓမ္မတာ။
မိသားစုမပြိုမကွဲမှ၊
အိမ်ထောင်စုမပြိုကွဲမှ၊
ပြည်ထောင်စုမပြိုကွဲမှ
နောင်မျိုးဆက်ဘ၀လှပမည်။
မိဘ..သင်သေသွားရုံနဲ့ မပြီးပါ။
.

0 comments: