Friday, February 04, 2011

၂၀၁၁ ခုနှစ် ​ဖေ​ဖေါ်ဝါရီလ ၂ ရက်​နေ့ လူငယ်စာဖတ်ဝိုင်း

၂၀၁၁ ခုနှစ် ​ဖေ​ဖေါ်ဝါရီလ ၂ ရက်​နေ့တွင် ရန်ကုန်မြို့ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ရုံး​၌ ကျင်း​ပ​သော​ လူငယ်စာဖတ်ဝိုင်း​ကို အဖွဲ့ချုပ် ဒုဥက္ကဌ ဦး​တင်ဦး​က​ သဘာပတိ အဖြစ်​ဆောင်ရွက်ပြီး​၊​ ​အဖွဲ့ချုပ်ခေါင်း​ဆောင်နှင့်​ ထင်ရှား​သောစာ​ရေး​ဆရာများ​ဖြစ် ကြ​သော မုံရွာ​အောင်ရှင်၊​ ဖျာပုံနီလုံဦး​၊​ ​ချောင်း​ဆုံဦး​အောင်ကြည်ညွန့် တို့မှ ဦး​ဆောင်​ဆွေး​နွေး​ခဲ့​ကြ​ပါသည်။ သံအမတ်ကြီး​ ဦး​တင့်​ဆွေ ​ရေး​သား​သော​ ဒီမိုက​ရေစီစိတ်ဓါတ်ဆိုသည့်​​ စာအုပ်ပါ အ​ကြောင်း​အရာများ​ကို တက်​ရောက်လာ​သော လူငယ် ၇ ဦး​မှ​ ပြန်လှန် ​ဆွေး​နွေး​ခဲ့​ကြပါသည်။ ​ဆွေး​နွေး​ပွဲတွင် ပါဝင်​ဆွေး​နွေး​ခဲ့​သော လူငယ်တဦး​မှ​ ဒီမိုက​ရေစီရဲ့​ အ​ခြေခံစိတ်​တွေ၊​ ကျင့်​စဉ်တွေ ၊​​ သ​ဘောထား​တွေ ၊​ တာဝန်ယူလိုစိတ် တာဝန်ခံလိုစိတ်၊​ ကိုယ့်​ကျင့်​သိက္ခာ၊​ ပွင့်​လင်း​ရိုး​သား​မှု၊​ ​ပညာဉာဏ် လိုအပ်မှုတွေကို​ လူငယ်​တွေ ပိုမိုနား​လည်လာ​အောင် ​ဆွေး​နွေး​ဖို့ ဒီစာအုပ်ကို​ ​ရွေး​ချယ်ခဲ့​တယ်လို့ ယူဆပါတယ်​။၎င်း အဖွဲ့ချုပ် စာဖတ်ဝိုင်း​သို့ လူငယ် ၄၀ ဝန်း​ကျင်​ တက်​ရောက်ခဲ့​ကြပြီး​ လာမည့်​ ​ဖေ​ဖေါ်ဝါရီလ ၁၇ ရက်​နေ့တွင် စာ​ရေး​ဆရာ ထင်လင်း​ ဘာသာပြန်ထား​သော ​မေတ္တာရှင်မ​လေး​ပေါ်လီယာနာ စာအုပ်ကို ​ဆွေး​နွေး​ရန် စီစဉ်ထား​ကြောင်း​နှင့်​ စိတ်ပါဝင်စား​သူ မည်သူမဆို ​ရွှေဂုံတိုင်ရုံး​ချုပ်သို့ တက်​ရောက်နား​ထောင် ပါဝင်​ဆွေး​နွေး​နိုင်​ကြောင်း​ သတင်း​ရရှိပါသည်။ သတင်း။။http://burmese.nldburma.orgမှ .

0 comments: