Saturday, February 27, 2010

ရုရှ က ဖွတ်ကြားများ

ရုရှ က ဖွတ်ကြားများ    




တလောကစင်ကာပူမှာနေတဲ့ ညီမငယ်တစ်ယောက် အီးမေးလ်ပို့မရ ပြုမရတာနဲ့ ဘာများဖြစ်လဲဆိုတာ ဖုန်းလှမ်း ဆက်ကြည့်တော့မှ အဖြစ်မှန် ကိုသိလိုက်ရတယ်။ အီးမေးလ် အကောင့်တွေ ခဏခဏပြောင်းနေတာ ကျွန်တော်ဖုန်းဆက်တဲ့ အချိန်မှာ အကောင့် ၂ခုပြောင်းပြီးနေပြီ။ ဘာကြောင့်ဆိုတာ မေးကြည့်တော့မှ အဖြေပေါ်လာတယ်လေ။ ..... ရုရှားက နိုင်ငံတော်စားရိတ် (ပြည်သူ့ဘဏ္ဍာတွေနဲ့) ကျောင်းလာတက်နေတဲ့ ရုရှားက ကြွက်ချေး ဖွတ်ကျားတွေကြောင့်တဲ့.. (အားလုံးကို မဆိုလိုပါ)။ ဘာကြောင့်လဲဆိုတာ မနည်းမေးယူမှပဲ... အကြောင်းစုံ ကိုပြောပြ ပါတော့တယ်။

...ပထမဦးဆုံး အွန်လိုင်းမှာ ရှိနေတဲ့ အချိန်မှာ သူကို လာaddကြောင်း...။ အစပထမတော့ ကောင်းကောင်းမွန်မွန် နဲ့လက်ခံစကားပြောပေမယ့် နောက်ပိုင်းမှာ ကုလားအုပ်ပုံပြင်လို တစတစသွေးတိုး စမ်းလာပါတယ် မိုက်မိုက်ရိုင်းရိုင်း စကားတွေဆိုလာပါတယ်တဲ့။ မိန်းကလေးဘက်က မပြောချင်တော့တဲ့ အတွက် Block လုပ်လိုက်တဲ့ အခါနေ့စဉ် မေးလ်ထဲကို မိုက်မိုက်ရိုင်းရိုင်းတွေ ပို့လာပါတယ်တဲ့။ နောက်ပုံစံတမျိုးနဲ့ ဝင်လာတာကတော့ မိန်းကလေးနာမည် အကောင့်နဲ့ ထပ်ဝင်လာပြန်တဲ့ အတွက်မသိပဲ လက်ခံလိုက်မိတော့ ဒီလူပဲဖြစ်နေပြီး ထပ်ပြီး အယုတ္တ၊ အနတ္တတွေ ထပ်ပြောပြန်ပါသတဲ့..... ဒီလိုနဲ့ပဲ နောက်ဆုံးအကောင့်တွေကို ပြောင်းလိုက်ရပါသတဲ့လေ...။

အဲ့ဒီညမငယ် ပြောပြတာကတော့ သူနဲ့သိတဲ့ စစ်ဗိုလ်ပေါက်စဟာ အချိန်တော်တော်များများ အွန်လိုင်းမှာ ရှိနေပြီး စာမကျက်ဘူးလားမေးတဲ့ အခါမှာတော့ အချိန်တန်ရင် အောင်မှာဖြစ်ကြောင်းနဲ့ စာကျက်ဖို့ထက် ကောင်မလေးတွေကို ကျစ်ဖို့က အရေးကြီးတယ် ဆိုပြီးပြောပါတယ်တဲ့။ ဒီလို အဖြစ်အပျက်တွေဟာ သူတင်မဟုတ်ပဲ သူရဲ့သူငယ်ချင်းတွေ ထဲမှာလည်း ဖြစ်ပျက်နေကြတယ်ဆိုတာ ပြောပြပါတယ်။ နောက်သူ့ကို အမျိုးမျိုး သားပြော မယားပြော ရိုင်းရိုင်းစိုင်းစိုင်းပြောလာတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ ဓာတ်ပုံ(၃)ပုံနဲ့ မဖွယ်မရာ ရေးသားချက်တွေကို ပို့ပေးလာပါတယ်။

ကျွန်တော် ပြောချင်တာကတော့ အားလုံးကို သိမ်းကျုံးပြီးတော့ မရမ်းချင်ပါဘူး... မိန်းခလေးတွေကို ဒီလိုပြော ဒီလုပ်ရမယ်ဆိုတာတော့ သင်တဲ့စာတွေထဲမှာ ပါဟန်မတူပါဘူး။ သို့ပေမယ့် တခြားတဘက်က ကြည့်မယ်ဆိုရင်တော့ မပြေးသော်လည်း ကန်ရာရှိပါမယ်။ ငါတို့စစ်တပ်ဟာ အခွင့်ထူးခံတွေ မြန်မာပြည်မှာ လုပ်ချင်တာ အကုန်လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ အမြစ်တွယ်နေလို့ပါပဲ။. ကျွန်တော်တို့ မြန်မာပြည်မှာ စစ်အာဏာရှင် စံနစ်က အမြစ်တွယ်နေတာ နှစ်ပေါင်း အတော်ကြာနေပါပြီ.. တိုင်းပြည်မှာ စစ်ဗိုလ်အရာရှိတွေဟာ အခွင့်ထူးခံတွေပါ။ အခုခေတ် မြန်မာပြည်မှာ စစ်တပ်မှာ အရာရှိလုပ်ဖို့ ဝင်လာတဲ့ စစ်ဗိုလ်ပေါက်စတွေကို မေးကြည့်ချင်တာကတော့ တိုင်းပြည်ကိုချစ်လို့လား၊ အခွင့်အရေးတွေကို မျှော်ကိုးလို့လားဆိုတာပါပဲ.... ကာယကံရှင်တွေ အသိဆုံးပါ။

ကျွန်တော်တို့ ငယ်စဉ်အခါက ရည်မှန်းချက် ဆိုတာထက် ပတ်ဝန်းကျင်ကို ကြည့်ပါတယ်။ မိမိပတ်ဝန်းကျင်က ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ပြီး ရည်မှန်းချက်ဆိုတာ ဖြစ်လာတာပါ..။ ကလေးဘဝက ပတ်ဝန်းကျင်မှာ ဆရာဝန်တွေ အဆင်ပြေနေရင် ဆရာဝန်ဖြစ်ချင်သလို စစ်ဗိုလ်တွေ ကောင်းစားရင် စစ်ဗိုလ် ဖြစ်ချင်ပါတာပါ..။ နောက်တခုကတော့ တိုင်းပြည်မှာ လူမှန်နေရာမှန် မရှိခြင်းပါပဲ...။ စစ်တပ်ထဲက အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပယ်ခံရသည် ဖြစ်စေ ကျန်းမာရေးကြောင့် ဖြစ်စေ တပ်ကထွက်လာတဲ့ စစ်ဗိုလ်တွေဟာ မိုးကျရွှေကိုယ် တွေအဖြစ် ဋ္ဌာနဆိုင်ရာတွေမှာ ရာထူးကြီးကြီးတွေ ရရှိနေတာကို လူတိုင်းအသိပါပဲ. ။ အကျိုးဆက်ကတော့ လူမှန်နေရာမှန် မရှိတဲ့အတွက် ရလာဒ်ကတော့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲရောက်သွားစေတာပါပဲ...။

နောက်တခုက ကျွန်တော်တို့နိုင်ငံမှာ အများဆုံးသုံးနေရတာ စစ်အသုံးစားရိတ်ပါ ကျန်တဲ့အရေးကြီးတဲ့ ကျန်းမာရေး၊ ပညာရေးတွေမှာ အားနည်းတဲ့ အတွက်ကြောင့်ရေရှည်မှာ တိုင်းပြည်အတွက်ရင်လေးစရာပါပဲ။ နောက်တခုကတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ စစ်အသုံးစားရိတ် ဝန်ထုတ်ဝန်ပိုးတွေ ပိနေတာပါပဲ။ အသိသာဆုံး အနေအထားတစ်ခုကတော့ ရုရှားကို ထောင်နဲ့ချီပြီး စေလွှတ်နေတဲ့ ပညာတော်သင် ကိစ္စပါပဲ ရုရှား ပညာတော်သင်စစ်ဗိုလ်တွေရဲ့ ထောက်ပံကြေး တစ်လဒေါ်လာ ၃၀၀နဲ့ ထောင်ချီတဲ့ ပညာတော်သင်တွေရဲ့ လစဉ် စားရိတ်စားက ကပဲ တလတလ ဒေါ်လာသိန်းချီကုန်နေပါပြီ ... ဒီငွေတွေဟာ ဗိုလ်သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က ထောက်ပံနေတဲ့ ငွေတွေ မဟုတ်ပါဘူး... တိုင်းပြည်ရဲ့


သယံဇာတတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေပါ.....။

တပ်မတော်သာအမိ တပ်မတော်တာ အဖဆိုတာထက် ပြည်သူသာအမိ ပြည်သူသာ အဖပါ... ။ အထဲမှာရှိစဉ်တုန်းက အပြင်ကိုကြည့်တဲ့ အမြင်ထက် အပြင်ကနေ အထဲကိုပြန်ကြည့် နိုင်တဲ့ အမြင်၂ခုရရှိနေတာပါ...။ နိုင်ငံခြားတိုင်းပြည်မှာ ရောက်ရှိနေတဲ့အတွက် ပိုပြီးတော့ အသိဥာဏ် အမြင်ကျယ်သင့်ပါပြီ.. သတင်းဋ္ဌာနတွေ၊ အင်တာနက်ဘလော့တွေမှာ ရေးသားချက်တွေကို ကြည့်ပြီးမှန်မမှန် သုံးသပ် လေ့လာသင့်ပါပြီ။ မိမိတို့ခေါင်းထဲကို ရိုက်ထည့်လိုက်တဲ့ စကားတွေထက် လက်ရှိ အခြေအနေတွေကို တွေးခေါ်ကြည့်ကြပါ...။ မိမိတို့လက်ရှိဘဝကို သာယာမနေသင့်တော့ပါ... မိမိတို့ကိုယ်တိုင် ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေထက် ခေါင်းတလုံးသာ နေနိုင်တယ်ဆိုပြီး အာဏာရှင်တိုင်းပြည်က အနှိမ်ခံ ပြည်သူတွေ အပေါ်မှာ အနိုင်မယူချင်ပါနဲ့.။ မိမိတို့လည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပါ...။


ပြောလိုတာကတော့ သူများနိုင်ငံမှာ နေထိုင်နေရတာခြင်း အတူတူ ကိုယ့်မြန်မာ အမျိုးသမီးလေးတွေကို မစောင့်ရှောက်ရင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ပါဘူး။ နှစ်ကိုယ်တူ ကြည်ဖြူတာကတော့ အကြောင်းမဟုတ်ပဲ .. ငါတို့လုပ်ရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ စိတ်ထားမျိုးတွေကိုတော့ ပြုပြင်သင့်ပါပြီ။ ပြည်သူကျွေးတဲ့ ထမင်းစား ပြည်သူ့စားရိတ်နဲ့ ကျောင်းတက်နေပြီး ပြည်သူကို စော်ကားနေတာမျိုးတွေ ရပ်တန်းကရပ်သင့်ပြီ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်...။

ဆက်လက်ပြီး forward mail ထဲက ရတဲ့ ရုရှားက ဖွတ်ကြားတချို့အကြောင်း....

ရုရှားရောက်ပြည်ချစ်သားများ၏ အချစ်ဇတ်လမ်းများ.....


ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။

ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ။ ကောင်မလေးက ရန်ကုန်ကပေါ့။ ကောင်လေး မော်စကိုမှာ နေစဉ်တလျှောက် လိုအပ်သမျှ အစားအသောက်ကအစ အဲဒီညီမလေးဆီကို မှာနေကြပါ။ အဲဒီညီမလေးကလည်း ဘာပဲ မှာမှာ ရောက်အောင် ၀ယ်ပြီး ပို့ခဲ့ပါတယ်။ ဇတ်လမ်းအကြမ်းလေးကတော့ ကောင်လေးဟာ မြန်မာ ပြန်ရောက်သွားကတည်းက သူ့ကို ရှောင်နေပါတယ်။ ဖုန်းဆက်လည် မကိုင်ဘူး။ နောက်ဆုံး သူ ကျမကို ရင်ဖွင့်ပြီး မြန်မာကို လိုက်သွားပြီး တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း မေးမယ်ပေါ့။ ကျမလည်း အင်း.... တစ်လုံးကလွဲလို့ အကြံမပေးတတ်ဘူးလေ။ ဒီလိုနဲ့ သူပြန်သွားပြီး တစ်ပတ်အကြာမှာ မေလ်းရောက်လာတယ်။ သူတို့ ပြန်အဆင်ပြေသွားကြလို့ အခု ခရီးတွေတောင် အတူတူ သွားကြတယ်တဲ့။ ကျမလည်း ၀မ်းသာမိပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ထင်ခဲ့တယ်။

ဒါပေမယ့် ကျမထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကောင်မလေးက သူမပြန်ခင် လက်ထပ်ခွင့် ရအောင်လုပ်ပြီး သူ့ကို လက်ထပ်ခိုင်းတော့ ကောင်လေးက သူမယူနိုင်ဘူးတဲ့လေ...။ သူ့မှာ လက်ထပ်ရမယ့်သူက ရှိပြီးသားတဲ့။ မိန်းမသားဘ၀ တောင်းပန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်ဆုံးသိရတာကတော့ အဲဒီညီမလေးကလည်း ဘယ်လို ဆုံးဖြတ်လိုက်တယ် မသိဘူး။ အဲဒီညီမလေးက သူကိုယ်တိုင် အရှက်ခွဲ ခံပြီး စစ်ခုံရုံးကို တင်ပြီး တရားစွဲပါတော့တယ်။ ကောင်လေးကလည်း အစစ်ဆေး ခံရပြီး ရာထူးလည်းပြုတ်၊ ထောင်ကျသွားခဲ့တယ်။ ကောင်မလေးက သူတို့ ခရီးသွားခဲ့တုန်းက ဓါတ်ပုံတွေနဲ့ တည်းခဲ့တဲ့ ဟိုတယ်တွေ နေ့ရက် အချိန်တွေကိုပါ အတိအကျ ရုံးတော်ကို သက်သေတင်နိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် မိန်းကလေး ဘ၀ ဘာဖြစ်သွားလဲ။ ဒီလို အဖြစ်အပျက်တွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များပြားနေလဲဆိုတာ မသိနိုင်ဘူးနော်။

အခုဆိုရင် နိုင်ငံတကာက မိန်းကလေးတွေ တော်တော်များများဟာ ရုရှားက စစ်ဗိုလ်တွေနဲ့ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ရာက တဆင့်တက်လို့ ရုရှားအထိ သွားရောက်လည်ပတ် အတူနေထိုင်နေကြတယ်လို့ အတိအကျကို သိနေရပါတယ်။ အထူးသဖြင့် ဒူဘိုင်းနဲ့ စကာင်္ပူနိုင်ငံက မိန်းကလေးတွေ တော်တော်များများပါပဲ.....။ ၂၀၀၉ အောက်တိုဘာကလည်း ဒူဘိုင်းက ညီမလေးတစ်ယောက် မော်စကို (MEPHI) က သူ့ကောင်လေး စစ်ဗိုလ်ဆီ သွားလည်တယ်တဲ့။ အခုလည်း စင်္ကာပူက ညီမလေး တစ်ယောက် ထပ်သွားပြန်ပြီ။ နောက်ထပ် ရုရှားကို သွားဖို့ စီစဉ်နေကြတဲ့ ညီမလေးတွေ အများအပြား ရှိနေပါသေးတယ်။ ဒါက အခုလက်ရှိ ကျမ ပတ်ဝန်းကျန်မှာ မြင်နေရတာပါ။ ကျမ မသိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဒါမျိုးတွေ များပြားနေမလဲဆိုတာတော့ ကျမ မသိပါဘူး။ ကျမ ဒီသတင်းတွေ ကြားရရင် နှစ်ဦး စလုံးအတွက် ရင်လေးမိ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျမ အပေါ်ကတင်ပြသွားခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ မဖြစ်လာရအောင် သတိပေးတဲ့ အနေနဲ့ ဒီပိုစ့်လေးကို ရေးသားလိုက်ရတာပါ။ မိန်းကလေးတွေကိုလည်း သတိပေးချင်သလို၊ ရုရှားရောက် ပြည်ချစ်သားများကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ ကိုယ်လက်မထပ်နိုင်ပဲ သူများ သားသမီးတွေကို အခုလို ခေါ်ပြီး အပျော်မရှာပါနဲ့။ ကိုယ့်ဘ၀နဲ့ တန်တဲ့ မိန်းမမျိုးကိုပဲ ရှာယူကြပါလို့။ တာဝန်ရှိသူများကလည်း အခုလို အဖြစ်မျိုးတွေ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ထယ်လို့ ထင်မိပါတယ်။ ရုရှားပို့ထားပြီး ဘာမှ မသိသလို မနေကြပါနဲ့။ ပြည်ချစ်သားများ နိုင်ငံသားကောင်းများ နိုင်ငံတကာမှာ နာမည်ပျက် နေတာကိုလည်း သတိထားနိုင်ကြာပါစေ။ မိန်းကလေးများကလည်း မိမိရဲ့ တန်ဘိုးရှိလှတဲ့ ဂုဏ်သိက္ခာကို တန်ဘိုးထားကြစေချင်ပါတယ်။ှ

ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ အပေါ်က တင်ပြသွားတဲ့ တကယ့်အဖြစ်အပျက်လေးကို ကျမ လူနာမည် အတိအကျ၊ ဗိုလ်သင်တန်း အပတ်စဉ်တွေကိုပါ ပြောပြနိုင်ပါတယ်။

ဒီနေ့ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့ အမေများနေ့ပါရှင်....... ဒါကြောင့် သားသမီးတွေ အားလုံးရဲ့ မိခင်ကိုယ်စား ကျမက ဒီပိုစ့်လေးနဲ့ မိန်းကလေး၊ ယောကျာင်္းလေး ခွဲခြားခြင်းမရှိပဲ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးလေးတွေကို တင်ပြရင်း ဆုံးမလိုက်တာပါ။ နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို တန်ဘိုးရှိတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေနဲ့ တဘ၀လုံး လုံခြုံအေးမြ နိုင်ကြပါစေ....

ခင်မင်လေးစားလျှက်
နွေး
source freemyanmar googlegroupမှ

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊(၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားမှတ်တမ်း

 
ဗွီဒီယို မှတ်တမ်းဆက်လက်ကြည့်ရှု့လိုပါက။

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊(၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၈၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ဓါတ်ပုံ-ဗွီဒီယို မှတ်တမ်း။ ။ကေသီသိန်း,
သတင်း။ ။(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)

Friday, February 26, 2010

သွေးနှောနည်းဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးပျောက်ရန် လုပ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ စစ်တပ်က မွန်အမျိုးသမီးများနှင့် “သွေးနှော” ၍ မွန်ယဉ်ကျေးမှုနှင့် လူမျိုးပျောက်စေရန် စနစ်တကျ လုပ်ဆောင်နေသည်ဟု မွန်အဖွဲ့အစည်း ၆ ဖွဲ့က ယနေ့ ကျရောက်သည့် ၆ နှစ်မြောက် မွန်အမျိုးသမီးနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ စွပ်စွဲပြောဆိုလိုက်သည်။

၎င်းတို့မှာ မွန်ပြည်နယ်၊ ထိုင်း၊ အမေရိကန်နှင့် ကနေဒါနိုင်ငံ အခြေစိုက် မွန်လူငယ်နှင့် အမျိုးသမီးအဖွဲ့ ၆ ဖွဲ့တို့ ဖြစ်သည်။

မွန်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှုအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ အပစ်ရပ်ခဲ့သည့် ၁၅ နှစ်အတွင်း မွန်အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် လူမှုဘဝ တိုးတက်-ဆုတ်ယုတ်မှုများကို သိရှိနိုင်ရန် ထိုင်းနိုင်ငံအခြေစိုက် တိုးတက်သော မွန်လူငယ်များအဖွဲ့ MYPO ဥက္ကဋ္ဌ မိအိုင်းစောန်းကို မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားသည်။

(မွန်ဘုရင်မ ရှင်စောပု၏ မွေးနေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာသည်မှာ ယနေ့တွင် ၆ နှစ်မြောက်ခြင်း ဖြစ်သည်။)


မွန်အမျိုးသမီးများနေ့ဆိုတာကို ဘယ်နှစ်တုန်းက စပြီးသတ်မှတ်လိုက်တာလဲ။

စပြီးသတ်မှတ်တာကတော့ ကျမတို့ မွန်အမျိုးသမီးအဖွဲ့အစည်းရယ်၊ တခြား မွန်အဖွဲ့အစည်းတွေ၊ မွန်နိုင်ငံရေးသမားကြီးတွေ၊ မွန်ပညာရှိတွေရဲ့ သဘောတူညီချက်တွေ အကြံဥာဏ်တွေ ယူပြီးတော့မှ မွန်ဘုရင်မ ရှင်စောပုရဲ့ မွေးနေ့ကို သတ်မှတ်လိုက်တာပါ။ ကျမတို့ ပထမဆုံး စတင်ကျင်းပတဲ့နှစ်မှာပဲ သတ်မှတ်လိုက်တာဆိုတော့ ခုထိဆိုရင် ၆ နှစ်ရှိပြီပေါ့။

မွန်အမျိုးသမီးများနေ့ကို ဘယ်လိုကျင်းပကြပါလဲ။

ဒီနေ့အခမ်းအနား (ထိုင်း-မြန်မာ နယ်စပ်တနေရာ) မှာ လူအင်အား တရာ၊ နှစ်ရာလောက်ရှိမယ်။ မွန်အမျိုးသမီးအဖွဲ့မှာ ဟိုအရင်တုန်းက တာဝန်ယူခဲ့တဲ့ အမျိုးသမီးတွေ၊ နောက် မွန်လူကြီးတွေကို ဖိတ်ကြားပြီးတော့ အခမ်းအနားလုပ်တယ်။ အဲဒီမှာ မွန်ရာဇဝင်အကြောင်းပြောတယ်၊ မွန်အမျိုးသမီးနေ့ ဖြစ်ပေါ်လာပုံတွေကို ပြောတယ်၊ Statement တွေ ဖတ်တယ်၊ အကျွေးအမွေးတွေနဲ့ ဧည့်ခံတယ်ပေါ့။ အပြင်မှာရှိတဲ့ မွန်အဖွဲ့အစည်းတွေ၊ မွန်အမျိုးသမီးတွေ၊ မွန်လူငယ်တွေ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှာ ရောက်နေတဲ့ အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ အခုလိုနေ့မျိုးမှာ မွန်လူထုတွေအတွက် ဘာတွေလုပ်မလဲ ဆိုတာတွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။

မြန်မာပြည်ထဲမှာရော ဒီလိုမျိုးပွဲကို ကျင်းပလား။

ကျင်းပပါတယ်။ မြန်မာပြည်မှာကျတော့ ရွာတွေမှာပေါ့နော်။ မွန်အမျိုးသားနေ့လိုမျိုး ကြီးကြီးကျယ်ကျယ်ကြီး ကျင်းပတာတော့ မဟုတ်ဘူးပေါ့။ မွန်အမျိုးသမီးများနေ့ဆိုတာကို သတ်မှတ်လိုက်တာလည်း သိပ်မကြာသေးတော့ လူတော်တော်များများကလည်း သိပ်မသိကြသေးဘူးလေ။

ဒီနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာ မွန်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ သွေးနှောတဲ့ ကိစ္စတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ နည်းနည်း ထပ်ရှင်းပြပေးပါလား။

သွေးနှောတဲ့ကိစ္စဆိုတာ ကျမတို့ တမျိုးသားလုံးအတွက် တအားနစ်နာတယ်လို့ ခံစားခဲ့ရတာတော့ ကြာနေပြီ။ အဓိကကတော့ နအဖ စစ်သားတွေပေါ့နော်။ အတင်းအဓမ္မ ယူတာတွေရှိသလို၊ အတင်းမဟုတ်ဘဲနဲ့ အမျိုးသမီးဘက်က သဘောကျအောင် ပြောဆိုဆက်ဆံပြီး ယူတာမျိုးတွေလည်း ရှိတယ်။ အများဆုံးဖြစ်နေတာက မွန်ပြည်နယ် တောင်ပိုင်းမှာပေါ့နော်။ တနှစ်ထက် တနှစ်လည်း အဲလို ယူလိုက်တဲ့ အရေအတွက်တွေက တော်တော်များလာပါတယ်။ တနှစ်မှာ အနည်းဆုံး ၁ဝ ယောက်လောက်တော့ ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဆိုတာကတော့ ဒါက ဖြစ်နေကျ သဘောမျိုး ဖြစ်သွားပြီ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထုတ်တယ်။ အဲဒါက သိပ်ပြီး မထိရောက်ဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ နယ်မြေကနေ နအဖ တပ်တွေ ဆုတ်သွားရင် အဲဒီလိုအဖြစ်တွေလည်း ပျောက်သွားမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာရှိတဲ့ တပ်တွေက သူတို့လူတွေ ဘာလုပ်လုပ် ကာကွယ်ပေးထားတာလေ။ ကျမတို့ဘက်က ဘာမှလုပ်လို့ မရဘူး။

အဲဒီလိုမျိုး နအဖရဲ့ တပ်တွေ ပြန်ဆုတ်သွားအောင် မွန်အမျိုးသမီးအဖွဲ့အနေနဲ့ ဘာတွေ လှုပ်ရှားနေလဲ။

အခြေခံကတော့ ကျမတို့အနေနဲ့ အစီရင်ခံစာတွေ ထုတ်တယ်ပေါ့နော်။ နောက် မွန်လူထုကို ကျမတို့တွေက တိုက်တွန်းထားတာမျိုးလည်း ရှိပါတယ်။ စစ်တပ်တွေ လုပ်လာတာကို မွန်ပြည်သစ်ပါတီကို ပြန်ပြောဖို့။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီကလည်း ကျမတို့ကို ပြောလာပါတယ်။ သူတို့လည်း ဘာမှ လုပ်မပေးနိုင်လို့ ဝမ်းနည်းပါတယ်တဲ့။ ဒါပဲ ကျမတို့ လက်ရှိ လုပ်နိုင်တယ်။ ထိထိရောက်ရောက်တော့ လုပ်ဆောင်နိုင်တဲ့ အင်အားတော့ မရှိသေးဘူး။ အဓိကကတော့ စစ်အစိုးရ ကျသွားဖို့ပါ၊ သူကျသွားရင်လည်း သူ့စစ်တပ်တွေ တဖြည်းဖြည်းချင်း ပြန်ဆုတ်သွားမယ်လို့ ကျမ ထင်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အပစ်ရပ်သက်တမ်း ၁၅ နှစ်တာအတွင်းမှာ မွန်အမျိုးသမီးတွေအတွက် တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေကို ဘယ်လို တွေ့ရလဲ။

မွန်ပြည်သစ်က cease fire (အပစ်ရပ်) မလုပ်ခင်တုန်းကဆိုရင် ရေး’ တောင်ပိုင်း၊ မွန်ပြည်နယ် အစွန်ပိုင်းမှာပေါ့နော်။ ကျန်းမာရေးတွေ တအားချို့တဲ့ကြတယ်။ မီးဖွားတာ အဆင်မပြေတဲ့ ပြဿနာတို့၊ ငှက်ဖျား ဖြစ်တာတို့၊ အားအင်ချို့တဲ့နေတာတို့အတွက် ဆေးတွေလည်း မရှိဘူး။ ဆရာဝန်၊ ဆရာမတွေလည်း မရောက်တော့ ဘုန်းဘုန်းလဲပြီး သေတာတွေ အများကြီးပဲလေ။ အပစ်ခတ်ရပ်ပြီးနောက်ပိုင်း ဒီ ၁၅ နှစ်အတောအတွင်းပေါ့နော်။ နယ်စပ်ကနေပြီးတော့မှ ဆေးတွေ ပို့ပေးလို့ ရလာတယ်။ မွန်လူငယ်တွေလည်း ဗဟိုကိုသွားပြီး တော့မှ ဆေးနဲ့ပတ်သက်တဲ့ ပညာတွေကို သင်လို့ ရလာတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာတယ်ပေါ့။

အဆိုးဘက်အပိုင်းကို ပြောရမယ်ဆိုရင်လည်း အများကြီးပဲ။ တခုက နအဖအဖွဲ့တွေ ဝင်ခွင့်ရလာတော့ ကျမတို့ နယ်မြေက သယံဇာတတွေ ဆုံးရှုံးတယ်။ ဥပမာပြောရရင် သူတို့ ပိုက်လိုင်းတွေ ဆောက်တဲ့ကိစ္စပေါ့နော်။ အဲဒီကိစ္စအတွက် ကျမတို့ဘက်က အများကြီးဆုံးရှုံးတယ်။ မြေတွေ အသိမ်းခံရတယ်။ လူတွေကို အဓမ္မ ခိုင်းတယ်။ အမျိုးသမီးတွေအတွက် မလုံခြုံဘူး။ စစ်တပ်တွေကိုလည်း အများကြီး ဆောက်လာတယ်။ မော်လမြိုင်-ရေး ကားလမ်းတလျှောက်မှာလည်း စစ်တပ်တွေချည်းပဲ။ အဲဒါတွေက Cease fire ရဲ့ အကျိုးတွေနဲ့ အပြစ်တွေပေါ့နော်။

ဒီနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာ ပါတဲ့ မွန် IDP တွေဆိုတာက ဘယ်နေရာမှာ ဘယ်လို ဖြစ်လာကြတာလဲ။


စစ်တပ်ကနေ အိမ်တွေသိမ်းတယ်၊ ယာတွေသိမ်းတယ်။ အဲလိုသိမ်းတော့ သူတို့တွေက နေစရာတွေ မရှိတော့ဘူး။ အဲဒါကြောင့်မို့ သူတို့တွေ အပြင်ဘက်ကို ထွက်လာကြတယ်။ အဲဒါတွေကြောင့် IDP တွေ များလာပါတယ်။ နောက်တခုက ကိုယ့်ရဲ့ သားပျို၊ သမီးပျိုတွေအတွက် မိဘတွေက မအေးဘူးလေ။ စိတ်မအေးတော့ သူတို့ သားသမီးတွေခေါ် အိမ်တွေယာတွေ ပစ်ပြီးမှ ထွက်လာကြတာတွေ အများကြီးပဲ။

ဒီ မွန် IDP တွေက ဘယ်နေရာတွေမှာ ရှိမလဲ။ အကြမ်းမျဉ်း အရေအတွက်လည်း သိလိုပါတယ်။

အဓိကကတော့ ဗဟိုနားက ဟလော့ခနီ နယ်စပ်မှာ IDP တွေ စုပြီးနေထိုင်တာ ၅ ရွာ၊ ၆ ရွာလောက် ရှိမယ်။ မွန်ကယ်ဆယ်ရေး အဖွဲ့ကနေ ကူညီထောက်ပံ့တာတွေကိုတော့ ရနေတယ်ပေါ့။ အရေအတွက်ကတော့ မနှစ်ကအထိကို ၄ သောင်းကျော်လောက် ရှိတယ်။

MYPO ကို ဘယ်တုန်းက၊ ဘယ်သူတွေနဲ့ တည်ထောင်ခဲ့တာလဲ။ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါ။

စတင်တည်ထောင်တာကတော့ ၁၉၉၉ တုန်းကပေါ့။ ဒါပေမဲ့ ၂ဝဝ၁ ကျမှ ကျမတို့ရုံး စတင် ဖွင့်နိုင်ခဲ့ပါတယ်။ စံခလမှာပဲ ဖွင့်လှစ်ခဲ့တာပါ။ မွန်ပြည်နယ်ထဲက မော်လမြိုင်၊ ရေး၊ သထုံ ခရိုင်က လူငယ်တွေရယ်၊ ပြီးတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ လူငယ်တွေ ပေါင်းပြီးမှ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ အကြံကို ဖော်ထုတ်ခဲ့ကြတာပါ။ အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Rural area (ကျေးလက်ဒေသ) တွေက လူငယ်တွေ အသိအမြင် ပွင့်လင်းလာဖို့အတွက် ပညာရေးအစီအစဉ်တွေကို အဓိက ရည်ရွယ်ပါတယ်။ အဖွဲ့ဝင်အင်အားကတော့ ကျမတို့ ယေဘုယျ သတ်မှတ်ထားတာ ၁၂ဝ ရှိပါတယ်။

MYPO အဖွဲ့က လက်ရှိမှာ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေလဲ။

ကျမတို့ MYPO (Mon Youth Progressive Organization) ရယ်၊ WCLP (Women Child Rights Project) ရယ်၊ ကနေဒါနဲ့ အမေရိကန်က မွန်အမျိုးသမီး အစည်းအရုံးတွေပေါ့။ နောက် (ထိုင်းနိုင်ငံ) စံခလဘူရီဒေသမှာရှိတဲ့ မွန်အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားနေပါတယ်။ တခြား ပရိုဂရမ်တွေ၊ အစီအစဉ်တွေမှာတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်း ဥပမာ ကရင်အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပါတယ်။

(ကိုဝိုင်း တည်းဖြတ်သည်။) source-(မဇ္ဈိမ)

Wednesday, February 24, 2010

“မြန်မာတယောက် နိုဗယ်ဆုရတော့မည်။” တကယ်ပါ :P


“မြန်မာတယောက် နိုဗယ်ဆုရတော့မည်။”
အဲဒီလိုဆိုရမှာပဲ။ ဘယ်နှယ် …အောက်ကသတင်းဖတ်ကြည့်ပါလား။ နိုဗယ်ဆုတင်မဟုတ်..။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ကြောင်းပါ။
ဒါတင်လည်းမဟုတ်..။ နိုင်ငံတိုင်းရဲ့ခေါင်းဆောင်တွေ ခေါ်တွေ့မေးရမဲ့သူဖြစ်သွားနိုင်ကြောင်းပါ။ ဆိုတော့ …ဒီကမ္ဘာမှာ အကျော်ကြားဆုံးသူ ဖြစ်ဦးမယ်ဆိုပါတော့…။

သတင်းက အင်တာနက်ထဲလိုက်နှီုက်ရင်း တွေ့တာပါ။ သုံးသတ်ချက်တွေကတော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာလည်းတက်နေပါပြီ။
ကျုပ်တို့က အမေရိကနေတဲ့ မီဒီယာဆိုတော့ တကယ်သာဟုတ်ခဲ့ရင် အရိုးအရင်းလေးကိုက်ရလိုကိုက်ရငြား…အကူအညီပေးချင်လို့ ဆိုပါတော့။
အဲဒီပညာရှင်(ဦးစိုင်းသန့်ဇင်)ကိုလည်း ဘယ်လိုဆက်သွယ်ရမှန်းမသိတော့ ဒိကပဲ ရေးလိုက်ပါတယ်။
မူပိုင်ခွင့်၊ မှတ်ပုံတင်တာ။ ကမ္ဘာအဆင့်မှတ်ပုံတင်တာ။ နိုဗယ်ဆုတင်ပေးတာတွေ အားလုံး မန္တလေးဂေဇက်ကလုပ်ပေးနိုင်တယ်လို့ ပါ..လို့။

ပြောရရင် ကျုပ်လည်း လောကဓါတ်ပညာ နည်းနည်းပါးပါးတီးခေါက်မိတော့ အခုဖြစ်စဉ်ကြီးက သိပ်ပံဥပဒေသတွေ ချီုးဖေါက်နေတာမျိုးလို့ ထင်မိပါတယ်။
အခုဟာက ရွက်သဘောင်္ပေါ် ပန်ကာကြီးတင်ပြီး ပန်ကာလေနဲ့ ရွက်လွှင့်သလိုမျိုး ဖြစ်နေသလားပါပဲ။ စွမ်းအင်ကို စိုက်ထုတ်ပေးလိုက်တာထက် အလိုအလျှောက်အပိုထွက်နေတော့လေ။
သတ္ထုတမျိုးမျီုးကနေ စွမ်းအင်ယူနေရင်တော့ မပြောတတ်ပါဘူး။ သတ္ထုက ယူရေနီယံတော့  မဟုတ်လောက်ဖူးထင်ပါရဲ့။
ဆိုတော့..။
အရှေ့ အလယ်ပိုင်းက ရေနံထုတ်သူတွေလည်း ငတ်ကိန်းပဲ။ အိုဘားမားလည်း အခုဆောက်တော့မယ် ဘီလီယန်ချီတန်တဲ့ နူစွမ်းအင်စက်ရုံစီမံကိန်းတွေ ပိတ်ပစ်ပေတော့ပဲ..။

လွန်ခဲ့တဲ့ ၂၅နှစ်လောက်က သာမိုဒိုင်ဒနမစ်ရဲ့ ဇီးရိုးလောကို ဆန့်ကျင်တဲ့ နည်းပညာတခု ဆိုဗီယက်(အခုရုရှား) ကတွေ့ဖူးတယ်။
အဲဒါက သံလိုက်မှုန်တွေကို အရည်တမျိုးထဲထည့်ပြီး မွှေပေးလိုက်တယ်ဆိုပါစို့။ ရုံးကန်ရင်း မရပ်မနားလှုပ်ရှားနေရောတဲ့။ သံလိုက်က အချင်းချင်းတိုးတွန်းတော့ အပူထွက်တယ်။အဲဒီအပူကို စွမ်းအင်အဖြစ်သုံးတာမျီုးပဲ။
ကားအင်ဂျင်နေရာထားလိုက်ရင် လောင်စာထည့်စရာမလိုတဲ့ စွမ်းအင်ထုတ်အင်ဂျင်တခုရမယ်ပေါ့။
အဲဒီနည်းပညာနဲ့ ဗမာပြည်ကတောင် ဒေါက်တာဘွဲ့ ရခဲ့သူရှိသေးတယ်။ နောက်တော့လည်း ဘာကဘယ်လိုဖြစ်တယ်မသိ။ အသံမကြားရတော့ပါဘူး။အဲဒီဒေါက်တာဘွဲ့ရထားတဲ့ ဆရာမလည်း အခု ဆန်ဖရမ်စစ်စကိုမှာရှိတယ်လို့ ကြားပါတယ်။

အခုကတော့ နည်းပညာအရာမှာ နောက်တန်းအရောက်လွန်လို့ နောက်ကတွက်ရင် နံပါတ်၁၀ထဲချိတ်နေတဲ့ ဗမာပြည်ကတွေ့ရှိချက်ဆိုတော့ကာ…
ဘာပြောရမှန်းကို မသိတော့လို့ အခုလိုပဲ …ကူညီလုပ်ကိုင်ပေးနိုင်ဖို့ လေသံပစ်လိုက်ရတာပါပဲ။ ပါမောက္ခတယောက်ရဲ့ နာမယ်ပါပါနေတော့..အရင်တွေ့ရှိထားတဲ့ တွေ့ရှိချက်ဟောင်းမဟုတ်ပဲ..အသစ်တွေ့ရှိချက်လို့ ..သေချာတဲ့ဖက်က တွက်ကြည့်မိပါတယ်။
အဲဒါမျီုးကို သေချာရင် ကမ္ဘာအဆင့် မှတ်ပုံတင်ဖို့ ဆိုတာက..ငွေကြေးတော်တော်ကုန်ပါတယ်။ သူများမခိုးယူနိုင်အောင် မီဒီယာတွေမှာ အရင်လွှင့်တင်ရတာပါ။
အဲ..အဲဒီလို မီဒီယာတွေမှာတင်ရင် ရှေ့က တွေ့ဖူးသူတွေ ဘာတွေထွက်လာတတ်သမို့ ..လုပ်သင့်တာလုပ်ရတာလို့ လည်း မြင်ပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ ..မူပိုင်ခွင့်တင်ရင်လည်း ပန်းဒင်း(စောင့်ရန်) ဆိုတာကြီးနဲ့ နှစ်ရှည်စောင့်ရပြီး မူရင်းထီထွင်ထားသူရှိမရှိ။ ကန့်ကွက်မဲ့သူရှိမရှိ စောင့်ကြရတာမဟုတ်ပါလား..။

အောက်မှာ မူရင်းသတင်းကော်ပီကူးတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ပြီး ရှယ်ယာပါချင်ရင် ဆက်သွယ်လိုက်ကြပါဦး။



လျှပ်စစ်နည်းပညာသစ်တစ်ခု တီထွင်အောင်မြင်
မန်းသားလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)

တီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဦးစိုင်းသန့်ဇင်က လက်တွေ့စမ်းသပ်ပြနေစဉ်။ ဓာတ်ပုံ- မန်းသားလေး

အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။

“ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်” ဟု ၎င်းက ပြောသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။

တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။

“လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။

ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

“ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

“ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ” ဟု ရှင်းပြသည်။

“ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ” ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။

အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။

လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။

ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။

ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။

“ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ”ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ” ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။

သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ” ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။

http://www.myanmar.mmtimes.com/2010/upper/454/upper01.html??????????



source http://www.mandalaygazette.com

ရိုဟင်ဂျာလူမျိုးစုများ နှင့်စပ်လျင်း၍


၁၉၈၇ ခုနှစ် နဂါးမင်းစစ်ဆင်ရေးကာလတွင် အိမ်ထောင်စုပေါင်း (၂၅၉၀)အိမ်ထောင်လူဦးရေ (၁၅၆၆၉၀)ကိုမိခင်နိုင်ငံ ဘင်္ဂဒေရှ်သို့ ပြန်ပိုခဲ့ပါသည်။
မိခင်နိုင်ငံကလက်မခံခဲ့ပါ အကြောင်းမျိုးမျိုးကိုထောက်ထား၍ ဟင်္သာစီမံကိန်းဖြင့် (၁ရ)ကြိမ်တိုင်တိုင် တ၇ားဝင် ပြန်လည်လက်ခံခဲ့ရာတွင် နှစ်ဆမကများလာသည်ကို ထိုဒေသတွင် နေထိုင်သူများပို၍သိပါသည်။

ထိုကြောင်း သူတို့အပြောအရ မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊စစ်တွေမြို့များတွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာများကို မြန်မာအစိုးရကမောင်းထုတ်လိုက်သည့်ထားပါ
သူတို့ မိခင်နိုင်ငံ ဘင်္ဂဒေရှ်အစိုးရသည် မည်သည်နည်းနှင့်ပင်ပြန်ရောက်လာသည်ဖြစ်ပါစေ အမိအဖနှင့်တူသော နိုင်ငံအစိုးရသည် လက်မခံနိုင်စရာအကြောင်းမရှိပါ။
မောင်းထုတ်လိုက်သောဖြစ်ရပ်က နံပတ်(၂) ပါ မိခင်နိုင်ငံအစိုးရက လက်ခံရမည်မှ နံပတ်(၁)ဖြစ်ပါသည်။
မိခင်နိုင်ငံမှလက်မခံ၍ ရိုဟင်ဂျာဒုက္ခသည်များ နေစ၇ာမရှိ ဒုက္ခဘာကြောင်းရောက်နေရသည်ကို ပထမဆုံး တွေးခေါ်မျော်မြင်တတ်ရန် လွန်စွာအရေးကြီးသောအချက်တစ်ချက်ပင် ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးစုတွင် ဘာသာတူ စကားတူ ယဉ်ကျေးမူတူ အမိနိုင်ငံရှိပါသည်။နိုင်ငံမဲ့ လူမျိုးစုမဟုတ်ပါ....။
နှစ်ပေါင်း ၁၉၄၈ ကျော်ခန့်နိုင်ငံမဲ့ဖြစ်နေသော ဂျူးလူမျိုးမျာပင် နောက်ဆုံး သူတို့နယ်မြေသို့ အမှန်တကယ်ရောက်လာခဲ့သော သာဓကရှိပါသည်။
ရခိုင်ပြည်နယ် ရောက်ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် နေထိုင်ကြသည်မှာ သူတိုအပြော အဖက်ဖက်ကအဆင်မပြေလျင် အမိနိုင်ငံ ဘင်္ဂလာဒေရှ်သို့ ပြန်ရုံသာရှိပါသည်
မလေးရှား၊ထိုင်း၊အင်ဒိုနိရှားနိုင်ငံများသို့ ရေလမ်းခရီးများဖြင့် သက်စွန့်ဆံဖျား ထွက်လာစရာအကြောင်းမရှိပါ။

တတိယကမ္ကာရှိနိုင်ငံတစ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ခိုလုံခွင့်တောင်းရန်အကြောင်း အမျိုးမျိုးပြပြီး နိုင်ငံမရှိဖြစ်နေရသည်ဟု ကမ္ကာကသိအောင် ငိုပြနေခြင်းမှာ အဓိပ္ပါယ်လုံးဝမရှိပါ။
ဤဆောင်ပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ မည်သည်အဖွဲ့ အစည်းနှင့်မှအကျုံးဝင်ပတ်သတ်မှုမရှိပါ။
History of the Rohija

ှsource မျိုးချစ်မြန်မာမှ