Friday, December 31, 2010

ယနေ့ ဘဘဦးတင်ဦးနေအိမ်မှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များတွေ့ဆုံပွဲ (သတင်း.. ဓာတ်ပုံ)

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
NDF ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်..
ဓာတ်ပုံ ..ဒီမိုဝေယံ
ယနေ့မနက် ၁၁နာရီခွဲမှ နေ့လည် ၁နာရီအထိ ဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်လွင် နှင့် ကိုမျိုးအောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွဲ့ချုပ်မှ (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးဝင်းထိန်တို့မှ လက်ခံတွေ့ဆုံခဲ့ပါတယ်...။ 
ဆွေးနွေးပွဲအပြီး အဖွဲ့ချုပ်ရုံးမှာတော့ ဦးဝင်းထိန်မှ မီဒီယာသမားများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး .. နှစ်ဘက် တွေ့ဆုံမှု၌ နိုင်ငံရေးအကြောင်း မပါဝင်ပဲ ။ကိုယ်ရေးကိုယ်တာကိစ္စများသာ ပြောဆိုဖြစ်ကြောင်း သိရှိရပါတယ်..။
သတင်း..၊ ဓာတ်ပုံ.. ဒီမိုဝေယံ .

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပေါ်ပေါက်ရန် တောင်းဆိုဆန္ဒပြပွဲ

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပေါ်ပေါက်ရန် တောင်းဆိုဆန္ဒပြပွဲနှင့်၊ မေ(၃၀)ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး (၉၁)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင်  ယနေ့ ဒီဇင်ဘာလ (၃၀)ရက်နေ့၊ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင်စစ်အစိုးရမှ စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လွတ်ခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း၊ ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ရက်နေ့က လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပေါ်ပေါက်ရန်မှာ ဒီပဲယင်း လုပ်ကြံမှု့ကို ရှေ့တန်းတင်ပါက နှေင့်နှေးကြန့်ကြာနေမည့်အတွက် သင်ပုန်းခြေရေးသဘောထားကြောင့်  ၂၀၁၁နှစ်မှစတင်၍ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး ဖြေရှင်းဖေါ်ထုတ်ပေးရန် ကန့်ကွက်ဆန္ဒပြပွဲများကို မလုပ်တော့ပဲ  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပေါ်ပေါက်ရန် တောင်းဆိုဆန္ဒပြပွဲများကို လစဉ်၃၀ရက်နေ့ရောက်တိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။။ ဓါတ်ပုံ။။ကိုပွား ရုပ်သံ။။ကေသီသိန်း 

Wednesday, December 29, 2010

မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ၀ ကျရောက်

သတင်း - နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှုံးနေကြရကြောင်း သိရသည်။

Apuk-Wa-Buterအမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။

“ မိဖ လက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်။ ၆ ကမှာ ရထားလမ်းကြောင်း ၃ ဧက ဆုံးရှံးသွားပါတယ်။ တပြားတချပ်မှ လျော်ကြေး မပေးသလို လယ်လည်း အစား မပေးပါဘူး။ ဘာမှ လျော်ကြေး မပေးတဲ့ အပြင် မိမိလယ်မြေကို ဖြတ်ပြီး ရထားလမ်းဖေါက်မယ်ဆိုတာကိုလည်း အကြောင်းကြားတာ မရှိပါဘူး။ လယ်ကွင်းပေါ်မှာ အလံနီ တိုင်လေးတွေ စိုက်ထူထားတာကို မြင်ပီးမှ ငါ့လယ်ကို သူတို့ရထားလမ်း ဖြတ်ဖေါက်တော့မယ်ဆိုတာကို သိရပါတယ်။” ဟု ပြောသည်။

ယခု အခါ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော ရထားလမ်းကို အပိုင်းလိုက် တစ်ခုပြီး တစ်ခု ဖေါက်လုပ်နေရာ ဒီဇင်္ဘာလဆန်းမှ စတင်ပြီး ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖေါက်လုပ်နေကြောင်း သိရသည်။

Railroadယခုကဲ့သို့ လယ်မြေများကို လျော်ကြေး တစုံတရာ မပေးဘဲ ဖြတ်ဖေါက်သဖြင့် ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ သရက်တပင်၊ ညောင်ချောင်း၊ ဒေါင်းတောင်ယိုးစသည့် ကျေးရွာများမှ လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို ဆုံးရှုံးနေကြရသည်။

၎င်းပြင် ရထားဖေါက်လုပ်သည့် ကုမ္ပဏီများမှ ဒေသခံ ရခိုင်လယ်သမားများကို နိုင်ထက်စီးနှင်း ပြုလုပ်မူများလည်း ရှိနေကြောင်း သူက ပြောသည်။

“ လယ်တွေက စပါးရိတ်သိမ်းလို့ မပီးသေးဘူး။ ဒါကို သုံးရက်နဲ့ အပီးရိတ်ရမယ်။ မရိတ်ရင် အကုန်လုံးကို မြေတူးစက်တွေနဲ့ ဖြိုတူးပစ်မယ်ဆိုပီး ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာ စပါးရိတ် အလုပ်သမားတွေ အရမ်းရှားပါတယ်။ ဒါပြင် တချို့ စပါးတွေဆိုရင် မိုးတွေရွာထားခဲ့တဲ့ အတွက် မခြောက်ဘဲ ဖြစ်နေတယ်။ သူတို့က ခုလို အမိန့်ထုတ်တော့ မပီး ပီးအောင်ရိတ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်တပ်က လူထုတွေကို မတရား အနိုင်ကျင့်ထားတွေ ရှိတဲ့ အတွက် ဘယ်သူကမှ ပြန်မပြော ရဲကြဘဲ ဖြစ်နေပါတယ်။ အကုန်လုံး ခေါင်းငုံ့ခံနေကြရပါတယ်။”

၎င်းပြင် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် လယ်သမား တစ်ဦးကလည်း လယ်မြေများ ဆုံးရှုံးသွားသဖြင့် အသက်ရှင်လိုစိတ် မရှိဘဲ မြန်မြန်သေဖို့ ဆုတောင်းနေကြောင်း နိရဉ္စရာသို့ ပြောသည်။

“ဦးလေးမှာ လယ်သုံးဧက ရှိပါတယ်။ ရထားလမ်းဖေါက်တော့ တဧကခွဲပါသွားခဲ့ပါတယ်။ ကျန်တဲ့ တဧကခွဲနဲ့ မိသားစု ၆ ဦး ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဘယ်နေ့ သေမင်းခေါ်မလဲဆိုတာကိုဘဲ မျှော်နေပါတယ်။ အရင်သေရင် အရင်ဝဋ်ကျွတ်တယ်လို့ဘဲ အောက်မေ့မိပါတယ်။”

ယခုကဲ့သို့ လယ်မြေများကို လက်လွတ်ဆုံးရှုံးနေကြသူများမှာ ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ရထားလမ်း ဖြတ်သန်းရာ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း မြို့နယ် တိုင်းတွင် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ဖေါက်လုပ်နေသော ရထားလမ်းကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် လယ်ဧက ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး အဆိုပါ လယ်မြေများအတွက် အာဏာပိုင်များက တစုံတရာ လျော်ကြေး မရကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ရထားလမ်းကြောင့် လယ်ယာမြေများ ဆုံးရှုံးနေသည့် အပြင် ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များလည်း အကြီးအကျယ် ပျက်စီးနေသဖြင့် ယခု ဖေါက်လုပ်နေသော ရထားလမ်းကို “ မရဏ ရထားလမ်း” ဟု ဒေသခံ ရခိုင်များက ခေါ်ဆိုနေကြကြောင်း သိရသည်။

ယခင်ကဖေါက်လုပ်ခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်း ဖေါက်လုပ်တုန်းကလည်း ရခိုင်လယ်သမားများ အနေဖြင့် လျော်ကြေး တစုံတရာ မရဘဲ လယ်မြေများကို ဆုံးရှံးခဲ့ရသလို အသစ်တပ်စွဲလာသော စစ်တပ် တပ်ရင်း ၆၀ နီးပါးကလည်း ရခိုင်တောင်သူလယ်သမားများပိုင် လယ်မြေဧက အမြောက်အမြားကို စစ်တပ်ပိုင် အဖြစ် သိမ်းပိုက်ထားကြောင်း သိရသည်။
.

ဒေါ်အောင်ဆန်းစုကြည်က အငတ်ဘေးဒဏ်ခံ ချင်းပြည်သူများကို ကူညီမည်

သတင်း - ခိုနူမ်းထုန် သတင်းဌာန
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်က အငတ်ဘေးဒဏ် ကြုံတွေ့နေရသည့် ချင်းပြည်သူများကို အကူအညီတွေ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။ ယခုလ ၂၂ ရက်နေ့က ချင်းပြည်နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အဲန်အယ်လ်ဒီ ဗဟိုဌါနချူပ် တွင်တွေ့ဆုံကြရာ ချင်းပြည်သူများ လက်ရှိ ရင်ဆိုင်နေရသည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကိစ္ခ္စနဲ့ပတ်သက်ပြီး အကူအညီတွေပေး နိုင်ဖို့ဆွေး နွေး တိုင်ပင်ခဲ့ကြသည်ဟု ချင်းပြည်နယ် အဲန်အယ်လ်ဒီဗဟိုတာဝန်ခံ ဦးဇော်ဘွဲ့ကပြောသည်။
ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကချင်းပြည်သူများလက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေတွေကို သေချာစွာစာရင်းပြုစုပြီး ၄င်းထံသို့ပြန်လည်တင်ပြရန်ညွန်ကြားခဲ့ကြောင်းဦးဇော်ဘွဲ့ကဆက်ပြောသည်။

ယခုအခါ ချင်းပြည်နယ်အဲန်အယ်လ်ဒီကချင်းပြည်နယ်မြို့နယ် ကိုးမြို့နယ်စလုံးမှ အငတ်ဘေးဒဏ်ခံစားနေကြသည့်ချင်းပြည်သူ များလက်ရှိအခြေအနေများကို စာရင်းပြုစုနေကြကြောင်းဒီတပတ်တွင်ဒေါ်အောင်ဆန်း စုကြည်နှင့်ပြန် လည်တွေ့ဆုံပြီး တင်ပြ ကြမည်ဟုသိရသည်။

၎င်းတို့တင်ပြမည့် အစီရင်ခံစာအပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကူအညီတွေခွဲဝေပေးမည်ဟု ဦးဇော်ဘွဲ့ ကဆက်ပြောသည်။

“ကျနောတို့ ချင်းပြည်နယ်အနေနဲ့ အခက်အခဲဆုံးဒေသတွေကို အေ၊ဘီ၊စီဆိုပြီးခွဲကာ သုံးပိုင်းပိုင်းပြီးတော့ တင်ပြ မယ်၊  လူဦးရေအခြေ အနေဆန်ရေစပါးပျက်စီးမှုအခြေအနေတွေအပေါ်မှာမူတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကအကူအညီ တွေခွဲ ဝေ ပေးပါလိမ့်မယ်” ဟုဦးဇော်ဘွဲ့ကပြောသည်။

လွန်ခဲ့သည့် ၂၀၀- ၂၀၀၇ ခုနှစ်ကစပြီး ချင်းပြည်နယ်တွင် ၀ါးသီးလာပြီးကြွက်သောင်းကျန်းမှုကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု စတင်ကျရောက်လာခဲ့ခြင်းဖြစ်သည်။ ဒေသအခေါ်အရ Mautam ဟုခေါ်ကြသည့် အစာရေစာခေါင်းပါးမှုကပ်ဆိုးဒဏ်သည်  အနှစ် ၅၀ မှာတကြိမ်ဖြစ်ပွားလေ့ရှိသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရောက် အခြားချင်းဘာသာရေးအသင်းအဖွဲ့များ၊ ချင်းလူမှုအသင်းအဖွဲ့များ၊ အစိုးရ အဖွဲ့အစည်းများ မဟုတ်သည့် World Food Program (WFP)၊ Country Agency for Rural Development (CAD)၊ Open Society Institute(OSI) တို့က ကူညီထောက်ပံ့မှု တွေပေးခဲ့သည်။

သို့သော်လည်း နိုင်ငံတော်အစိုးရက ယခုချိန်ထိ တစုံတရာထောက်ပံ့ပေးမှုတွေမရှိသေးပေ။

နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချူပ်မှပြန်လည်လွတ်မြောက်လာသည့်  ဒေါ်ဆောင်ဆန်းစုကြည်က ဂီရီမုန်တိုင်း ဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်လူထုအတွက် မကြာသေးခင်ကကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။
.

တရားတော်နာဖိတ်ကြားလွှာ



ပြည်တွင်းပြည်ပ မဟာစည်နာယက
ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ
ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
တူသားတပည့်အရင်း

ပဲခူးတိုင်း၊ ဖြူးမြို့ ၊ မဟာစည်သာသနာ့ရိပ်သာနှင့်
ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏
ပဓာန နာယကဆရာတော်

ဘဒ္ဒန္တ အဂ္ဂ၀ရ
ဓမ္မာစရိယ၊ M.A Ph.D (Thesis) India

ဆရာတော်အရှင်သူမြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာအရပ်တွင် အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားအမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက် ကုသိုလ်ယူကြပါရန် လေးစားစွာဖြင့် နှိုးဆော်ဖိတ်ကြားအပ်ပါသည်ခင်ဗျား။

အခမ်းအနားအစီအစဉ်

နေ့ရက်        ။ ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလ (၉) ရက်၊ တနင်္ဂနွေနေ့။
အချိန်                   ။ ဂျပန်စံတော်ချိန် ညနေ (၆း၃၀) မှ (၈း၃၀) အထိ။
နေရာ                   新宿リサイクル活動センター
  (Shin Juku, Recycle Centre, Takadanobaba ဘူတာအနောက်ဘက်ခြမ်း)
                     東京都新宿区高田馬場4丁目10-17

မှတ်ချက်     ။ အောက်ပါ အင်တာနက်စာမျက်နှာများမှတဆင့် အွန်လိုင်းတိုက်ရိုက်အသံလွှင့်ဟောကြားသည်ကို ကြည်ညို နာယူနိုင်မည်ဖြစ်ပါသည်။



--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.org
www.saddhammaramsi.blogspot.com
www.kathitwinemyanmar.blogspot.com
.

Tuesday, December 28, 2010

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားတချို့

နေအိမ်အကျယ်ချုပ် ကာလအတွင်း ကွန်ပြူတာပေါ်တွင် ရေးဆွဲခဲ့သည့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားတချို့ဖြစ်သည့် “ဥတုရာသီများ” ပန်းချီကားချပ်များထဲမှ “နွေရာသီ”၊ “ဆောင်းရာသီ” "နွေဦးပေါက်ရာသီ" "ဆောင်းဦးပေါက်ရာသီ" နှင့် “ပန်းများ” ပန်းချီတွဲမှ “ပန်းရောင်သန်းနေသည့် ပန်းများ” “အနီရောင် ပန်းများ”နှင့် ဇာထိုး ပန်ချီကားများ ကို တင်ပြထားပါသည်။
ဖော်ပြခွင့်ပေးတဲ့ ဦးထင်ကျော်အား ကျေးဇူးတင်ပါတယ်။။

Monday, December 27, 2010

အရှေ့တောင်အာရှမှာ လူကုန်ကူးခံရမှု့ တိုးပွား(မြန်မာနိုင်ငံအပါအ၀င်)



You Tube မှာဝင်မွှေရင်းနဲ့ ဒီဗွီဒီယိုလေးတွေ ကြည့်လိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီစစ်အစိုးရလက်ထက်မှာ အောက်ခြေလူတန်းစားတွေ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ ပြည်တွင်းကရော ပြည်ပရောက်မြန်မာလူမျိုးများသိသင့်တယ်လို့ထင်ပါတယ်။ သင်တို့၏ ဆွေမျိုးသားသမီး ခလေးငယ်များ ဤကဲ့သို့လူကုန်ကူး ရောင်စားခံရပါက ဘယ်လိုခံစားရမလဲ၊တချို့က လိင်မှု့ကိစ္စရပ်များတွင်ဖျော်ဖြေ အသုံးတော်ခံကြရတယ်၊ တချို့ကြတော့ အလုပ်ကြမ်းများမှာ လစာမဖြစ်လောက်ငွေကြေးလေးပေး၊မသေရုံကြွေးပြီး ပြင်ပနဲ့ အဆက်အသွယ်ဖြတ် အခိုင်းခံနေကြရတယ်..သင်ကောအဲဒီနေရာမှာဆိုဘယ်လိုခံစားရမလဲ၊ သားသမီးချင်းကိုယ်ချင်းစာကြည့်ကြပါ။ ကမ္ဘာပေါ်မှာ လူကုန်ကူးခံရမှု့ကို တိုက်ဖျက်ကြပါစို့လို့တိုက်တွန်းပါရစေ။
လေးစားစွာဖြင့်

Thursday, December 23, 2010

ငွေတိုးကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်ခံနေရသည့် ၀ိတိုရိယ တောင်ခြေက ဒေသခံများ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်သူ ငွေတိုးချေး လုပ်ငန်းလုပ်ကိုင်သူတစုက ငွေတိုးချေးဌားပြီး ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသူများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ အနိုင်ကျင့်နေသည်။

ငွေတိုးချေးစားသူ လူနည်းစုသည် ကန်ပက်လက်မြို့အခြေစိုက် ခြေလျှင်တပ်ရင်းအမှတ် (ခလရ ၂၇၄) မှ တပ်ရင်းမှ စစ်တပ်အရာရှိများကိုင်ဆောင်သည့် ၉ မမ ပစ္စတိုနှင့် အေကေ ၄၇ သေနတ်များကို ငှားရမ်းကိုင်ဆောင်ကာ ငွေတိုးပြန်လည် မပေးဆပ်နိုင်သည့်ဒေသခံများကို ခြိမ်းခြောက်ကာ အကြွေးတောင်းလေ့ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတဦးက ယခုလို ပြောဆိုသည်။

“စစ်သားတွေက ကန်ပက်လက်မြို့နယ်အမှတ် (၈) နယ်မြေမှာရှိတဲ့ ခင်ကျေးရွာက ဦးထန်းဟာကို ၉-မမ ပစ္စတိုတလက် နဲ့ အေကေ ၂ လက်၊ ဦးဟုန်းဟာကို အေကေတလက်နဲ့  ဦးအန်းဟာ ကို အေကေတလက် ငှားထားကြတယ်။ သူတို့က သေနတ်ခါးချိတ်ပြီး ငွေးချေးသူတွေကို အမျိုးမျိုးခြိမ်းခြောက်ကြတယ်” ဟု ပြောဆိုသည်။

နအဖ စစ်အစိုးရအာဏာရပြီး ၁၉၉၄-ခုနှစ်တွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ၀ိတိုရိယတောင် (သို့) နတ်မတောင်အား အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ပြီးနောက် နိုင်ငံခြားခရီးသွားများ ဆွဲဆောင်ရန် လိုအပ်နေသည့် ဒေသလမ်းပမ်းဆက်သွယ်ရေးများ တိုးချဲ့လုပ်ဆောင်ခြင်းနှင့်အတူ ဟိုတယ်များဆောက်လုပ်ခြင်းများ လုပ်ဆောင်နေခဲ့သည်။

မြန်မာပြည်တခွင် နာမည်ကြီးသည့် ထိုဝိတိုရိယတောင်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁ သောင်းကျော်အထက်တွင်ရှိပြီး၊ ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင် တခုလည်းဖြစ်သည်။

ခရီးသွားလုပ်ငန်းကိုအမှီပြုကာ စီးပွားရေးလုပ်ငန်းတချို့ တိုးတက်ဖွံ့ဖြိုးလာတော်လည်း တဖက်တွင် လူများစုနေထိုင်ရာ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်မူ ငွေကြေးချမ်းသာသူ လူတစုက ဆင်းရဲသူ ဒေသခံများထံ အဆမတန်ငွေတိုးချေးသည့် လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေသည်။

၁၉၈၈ - ခုနှစ်မတိုင်မီ ထိုဒေသတွင်း ငွေတိုးချေးစားသူ ငွေရှင်သူဌေး အနည်းစုသာရှိခဲ့ပြီး၊ မြန်မာကျပ်ငွေ ၁၀၀ တွင်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့်သာ ငွေတိုးချေးလေ့ရှိသည်။ ထိုအချိန်က ငွေတိုးချေးသူနှင့် ချေးဌားသူတို့အကြား တစုံတရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်းတော့ မရှိခဲ့ပေ။

သို့သော် စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကန်ပက်လက်မြို့နယ်တွင် ငွေတိုး ချေးစားသည့်လုပ်ငန်း လုပ်ကိုင်သူ အရေတွက်မှာမူ လူတရာတွင် ၁၀ ဦးခန့်အထိ များပြားလာခဲ့ပြီး၊ ငွေတိုးနှုန်းမှာလည်း ကျပ် ၁၀၀ တွင် အတိုးနှုန်း ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။ ထို့အတွက် အတိုးချေးယူသူများအဖို့ ပြန်လည်ပေးဆပ်ရာတွင် ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်။

အိမ်ခြေစုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး၊ နေထိုင်သူ လူဦးရေ ၂ သောင်းကျော်ရှိ ကန်ပက်လက်မြို့နယ်တွင် နေထိုင်သူအများစုသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုအနက် ထိုမြို့သည် အဆင်းရဲဆုံးမြို့နယ်ဟု ယူဆနိုင်ကြောင်း Lawknu ဖွံ့ ဖြိုးရေးစီမံကိန်း အင်တာနက်စာမျက် နှာတွင်ဖေါ်ပြ ထား သည်။

တောင်ယာမှထွက်သည့် ဆပ်နီပြောင်းတမျိုးကိုသာ စားသုံးသူ ဒေသခံများအနေဖြင့် လိုအပ်သည့် ဆန်များကို ကန်ပက်လက်မြို့မှ ၁၂ မိုင်ကွာဝေးသည့် မကွေးတိုင်း၊ ဆောမြို့သို့ ဆင်းကာ ၀ယ်ယူစားသောက်ကြရသည်။

ထိုဒေသခံအများစုသည် တနိုင်တပိုင် အိမ်မွေးတိရစ္ဆာန် နွားနောက်များကိုလည်း မွေးမြူကြသည်။ အခြားဝင်ငွေရစေမည့် စီးပွားရေးလုပ်ငန်းများ မရှိသည့်အဆုံး မိသားစုစားဝတ်နေရေးဖူလုံရေးအတွက် ငွေတိုးချေးသူများထံမှ အလွဲမရှောင်သာပဲ အဆမတန် ငွေချေးသုံးနေကြရသည်။

ငွေချေးသူများအနေဖြင့် အချိန်တန် ငွေတိုးပေးရန် သို့မဟုတ် ငွေအရင်းအနှီးကို ပြန်လည်ပေးဆပ်ရန် မရှိသည့်အကြိမ်များတွင် ငွေချေးသူများက ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းကာ လက်နက်ပြခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသည်။

“ပန်ကွား ရွာသား ဦးလောကွီးတော့ ငွေရှင်တွေရဲ့သေနတ်ပြခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားသလိုလိုတောင်ဖြစ်တယ်” ဟု ဒေသခံများကဆိုသည်။

ငွေတိုးမပေးဆပ်နိုင်သူများထံမှ လယ်ယာသိမ်းပိုက်ခြင်း၊ အိမ်မွေး တိရစ္ဆာများသိမ်းယူခြင်းအပြင်၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကိုပါ သိမ်းဆည်းလေ့ရှိသည်။ ထို့အပြင် ငွေချေးယူသူများထံမှ အရွယ်မရောက်သေးသည့် လူမမယ်ကလေးငယ်များကိုပါ အိမ်တွင် ခိုင်းစေရန်နှင့် အခြားလုပ်ငန်းများတွင် ခိုင်းစေရန် သိမ်းပိုက်ကြကြောင်း သတင်းများထွက်ပေါ်နေသည်။

“အကြွေး မပေးနိုင်ရင် ရိုက်နှက်တယ်၊ ပြီးမှ ငွေတိုးနဲ့ တန်တဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို မှီရှင်မှီစားကြား ညှိနှိုင်းခြင်းမရှိဘဲနဲ့ အဓမ္မသိမ်းဆည်းတယ်။ တချို့ ယောက်ကျားလေး တွေကိုတော့ အကြွေးကြေတဲ့အထိ အိမ်စေအဖြစ် ထားတယ်” ဟု ချင်းပြည်နယ် ကန်ပက်လက်ဒေသခံက ၎င်းတို့လက်ရှိတွေ့ကြုံနေရသည့် လူမှုဒုက္ခတချို့ကို ပြန်လည်ပြောပြသည်။

ယနေ့အထိ ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးများက ငွေအတိုးယူပြီး ပြန်မဆပ်နိုင်သည့် ဆင်းရဲသားမိသားစုဝင်များ၏ သားသမီးများကို လက်ရသိမ်းဆည်းခြင်းသည် ယခုအခါတွင် အိမ်ထောင်စု ၂၅ ၀န်းကျင်အထိရှိနေသည်။

ထို့အပြင် ငွေကြေးပမာဏနှင့် တူညီသည့် ပစ္စည်းပိုင်ဆိုင်မှုမရှိသူများကို ရိုက်နက်ခြင်းနှင့် ဒေသခံ အာဏာပိုင်များလက်ထဲအပ်နှံကာ အချို့ကို ထောင်ဒဏ် ၁-လမှ ၃ လအထိ အပြစ်ပေးလေ့ရှိသည်။ အချို့ဒေသခံများမှာမူ စိတ်ပျက်ခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် နေအိမ်စွန့်ခွာကာ အခြားဒေသများသို့ ပြောင်းရွှေ့သွားခြင်းများလည်းရှိကြောင်း သိရသည်။

အကြွေးပြန်လည်မဆပ်နိုင်သူ ကန်ပက်လက်မြို့နယ်အတွင်းရှိ အမှတ် ၆ နှင့် ၈ နယ်မြေ နေထိုင်သူ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်းခံရပြီးနောက် အာဏာပိုင်များ၏ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရသူများလည်း ပါဝင်နေသည်။

ယခုလို မင်းမဲ့စရိုက်ကျင့်သုံးနေသည့် လူနည်းစု ငွေကြေးရှင်များကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူတစုမှာ ထိုဒေသတွင်းလုံခြုံရေးအကြောင်းပြ ရောက်ရှိနေသည့် နအဖ စစ်တပ်မှ အရာရှိတချို့ ပါဝင်ပတ်သက်နေခြင်းပင်။

စစ်အစိုးရသည် ကန်ပက်လက်မြို့နယ်အတွင်းရှိ ၀ိတိုရိယတောင် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အမြတ်အစွန်းများကိုသာ အထူးအာရုံစိုက်ပြုလုပ်နေသော်လည်း ၀ိတိုရိယတောင်ကို ၀န်းရံနေထိုင်နေကြသည့် ဒေသခံများ၏ လူမှုဒုက္ခများကိုမူ လစ်လျှူရှုနေသည်မှာ ထင်ရှားနေသည်။
.

ထိုင်းညီအစ်ကို ၂ ဦးကြောင့် ကရင်နီလူမျိုး တစ်ဦးသေ တစ်ဦးဒဏ်ရာရ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
အိပ်ပျော်ရင်း တန်းလန်း အလုပ်ရှင် ထိုင်းနိုင်ငံသား ညီအစ်ကို ၂ ယောက်၏ ဓားဖြင့် ၀င်ရောက်ထိုးခြင်း၊ ခုတ်ခြင်း ခံရသည်ဟု အသက်မသေပဲ လွတ်မြောက်လာခဲ့သည့် ကရင်နီလူမျိုး သျှားရယ် (ခေါ်) အနဲ အားဘိုက ပြောပါသည်။

အသတ်ခံလိုက်ရသည့် ကရင်နီ ရွေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဈာပန အခမ်းအနား
အသတ်ခံလိုက်ရသည့် ကရင်နီ ရွေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဈာပန အခမ်းအနား
“ကျနော်အပြင်ကို မရရအောင် ပြေးထွက်ပြီး ကူညီကြပါအုံး၊ ကူညီကြပါအုံးလို့ ကျနော် ထွက်အော်ရင်းနဲ့ပေါ့နော် ကျနော် ထွက်ပြေးသွားတယ်”

ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါဥခူကျေးရွာနေ ဒေးဗစ်အသက်(၂၁)နှင့် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာနေ သျှားရယ်(၂၄)နှစ်တို့ သူငယ်ချင်းနှစ်ဦးသည် ချင်းမိုင် စံကမ်ဖျဲန်း မြို့နယ်ရှိ ၀က်ခေါက်ကြော် သည့်အလုပ်တွင် ၀င်ရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၃ လ၀န်းကျင်ခန့်က လုပ်အားခ မရ၍ အလုပ်မှ ထွက်လိုက်သော်လည်း အလုပ်ရှင်မှ လုပ်အားခ ပေးမည် ပြန်လာခဲ့ဟု ခေါ်ဆို၍ လုပ်အားခ ပြန်လည်ရလိုရငှား လိုက်သွားရာမှ ၂ ပတ်ဝန်းကျင်ခန့် နေထိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် အသတ်ခံလိုက်ရပါသည်။

“အဲဒီညက လျှောက်လည်မယ်လို့ ပြောကြတယ်။ ကျနော့်အဖော်က လျှောက်လည်တော့ ကျနော်မသွားဘူးပေါ့နော်။ ခါတိုင်းဆိုရင်တော့ ကျနော်က မအိပ်ဘူး။ အဲဒီညက ကျနော်အစောကြီးအိပ်ခါကြတော့ သူတို့အပြင်ကနေ သွားလည်ပြီး ပြန်လာတော့ သူတို့ဘာတွေ ဖြစ်လာကြလဲမသိဘူး။ သူငယ်ချင်းတယောက်သေသွားလဲ ကျနော်မသိဘူး”

သေဆုံးသွားသူ ဒေးဗစ် နှင့် အလုပ်ရှင်သူဌေးသား ညီအစ်ကို ၂ ယောက်မှာ လုပ်အားခ ပြဿနာကြောင့် မကြာခဏ စကားများလေ့ ရှိသည်ဟု ဆက်လက်ပြောသွားပါသည်။

“ကျနော်သူငယ်ချင်း သေသွားတဲ့တယောက်နဲ့ ရန်ဖြစ်ပြီး စိတ်မထိန်းနိုင်လို့ သတ်လိုက်ပြီးတော့မှ ကျနော်ကိုပါ လာသတ်တယ်လို့ပဲ ထင်တယ်လေ။ အဲဒီညီအစ်ကို ၂ ယောက် နာမည်က အရိတ်နဲ့ အိုင်ကော့ လို့ခေါ်တယ်”

တင်ပါး၊ လည်ပင်း၊ ဗိုက် စသည့်နေရာများတွင် ဓားဖြင့် အခုတ်ခံရ၊ အထိုးခံရသည့် ဒဏ်ရာများဖြင့် ထွက်ပြေးရာမှ အိမ်နီးနားချင်းများက တွေ့ရှိပြီး ဆေးရုံကားကို ဖုန်းဆက်ခေါ်ပေးသည်ဟု ကက်သလစ် သာသနာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြောသည်။

ယခုအချိန်တွင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး သက်သာစပြုလာသော်လည်း လည်ပင်းတွင် ဓားခုတ်ခံရသဖြင့် စကားသိပ်ပြောနိုင်ခြင်းမရှိပေ။

“သူ့အမှုကတော့ သူနေပြန်ကောင်းလာပြီး အဲဒီသေသွားတဲ့တယောက် အတွက်ရော LAC (ဥပဒေအထောက်အကူပြုဌာန) ရုံးကို အကူအညီ တောင်းထားတယ်” ဟု ကက်သလစ်သာသနာ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ ဆရာမ မာဂရက်က ပြောသွားပါသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ထိုင်းရဲများက စုံစမ်းစစ်ဆေးနေဆဲပင် ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း ၂ သန်းခန့်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားသည် ထိုင်းကုန်ထုတ်လုပ်မှု ကဏ္ဍ၏  ၉  ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိရှိနေပြီး ရွှေ့ပြောင်း အလုပ်သမားများသည် (3D) ခေါ် (Dangerous) အန္တရာယ်များခြင်း၊ (Dirty) သန့်ရှင်းစင်ကြယ်မှု မရှိခြင်း၊ (Demanding) တောင်းဆိုမှုများသည့် အလုပ်များ လုပ်ကိုင်နေကြရသည်။

“ကျမတို့ ဒီရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုပဲဖြစ်ဖြစ် အသတ်ခံရသည်ဖြစ်စေ၊ လုပ်အားခမမှန်သည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ၊ အမြဲတမ်းခွဲခြားပြီး ဆက်ဆံနေတာကို သူတို့ကခံရတယ်လေ။ ဒီထိုင်းနိုင်ငံမှာက သူတို့ဘယ်လိုပဲ ပြောပြော လူတယောက်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်လို့မရတဲ့ အနေအထားမှာရှိတော့ အဲဒါတော့ တော်တော်လေး ၀မ်းနည်းစရာကောင်းတာပေါ့” ဟု ဆရာမ မာဂရက်က ပြောပါသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိန်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ထိုင်းအလုပ်သမား သွေးစည်း ညီညွတ်ရေး ကော်မတီနှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲ၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် လက်မှတ်မရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ပေးရန် တောင်းဆိုထားပါသည်။
.

သျှမ်းနွယ်ဘွား ဆရာတော်အား ထိုင်းဘုရင်မှ ဖရခူး ဘွဲ့ဆက်ကပ်

သတင်း - သျှမ်းသံတော်ဆင့်သတင်း
ထိုင်းဘုရင်မင်းမြတ်မှ ထိုင်းနိုင်ငံသံဃာတော်များ ကိုယ်စား ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အရှင်သူမြတ် လန်ဒန်မြို့ ဗုဒ္ဓရမ် (Buddaharam) ကျောင်းထိုင်ဆရာတော် ဥူးမဟာဉာဏိန္ဒော (သျှမ်းနွယ်ဘွား) ခေါ် မဟာဆုံချိုင်း အား ဖရခူးဘွဲ့ (သုတဗုဒ္ဓိဝိဒေသ) ဆက်ကပ်အပ်နှင်း ခဲ့သည်ဟု သိရှိရပါသည်။

ဆရာတော် ဥူးမဟာဉာဏိန္ဒော
ဆရာတော် ဥူးမဟာဉာဏိန္ဒော
“ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်မြို့တော်မှာ အခမ်းအနားနဲ့ ဘွဲ့ဆက်ကပ်တဲ့ပွဲပြုလုပ်ပြီးပြီ။ သျှမ်းလူမျိုးများ ကိုယ်စား ပြုတဲ့အနေနဲ့ ကျနော်တို့ ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုက ဒီလ ၂၅ ရက်မှာ ချင်းမိုင်မြို့ ၀တ်ကူတောဝ် ဘုန်းကြီး ကျောင်းမှာ ဂုဏ်ပြုပူဇော်ပွဲကျင်းပမယ်။ နေ့ဆွမ်းဆက်ကပ်ပြီး ရေစက်ချတရားနာမယ်။ အခမ်းအနားမှာတော့ ဆရာတော်ရဲ့အတ္ထုပ္ပတ္တိကို ဖတ်ကြားပူဇော်ဖို့လဲ ရှိပါတယ်” ဟု သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့အစည်းက ပြောပါသည်။

ဒီဇင်ဘာ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀တ်ကူတောဝ် ဘုန်းကြီးကျောင်း၌ နံနက် ၉း၀၀ နာရီ မှ နေ့လည် ၁၂း၀၀ နာရီထိ၊ ဒီဇင်ဘာ ၂၆ ရက် ဘန်ကောက်မြို့ ၀ွတ်မိုင်ခေယန်းနားဝါး ဘုန်းကြီးကျောင်း၌ ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုး များက ဂုဏ်ပြုပူဇော်ပွဲကျင်းပမည်ဟုဆို၏။

ယနေ့ ထိုင်း-မြန်မာနယ်စပ် ၀ိန်းဟျန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုမှ ကျေးလက်လူထုပူးပေါင်း၍ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲကျင်းပသည်ဟု သိရှိရသည်။

သက်တော် ၄၂ နှစ်၊ ၀ါတော် ၂၂ နှစ်ရှိ ဗုဒ္ဓရမ်ကျောင်းထိုင်ဆရာတော်ဥူးမဟာဉာဏိန္ဒော(သျှမ်းနွယ်ဘွား)သည် ၁၉၆၈ ခုနှစ် ၀ိန်းဟျန်မြို့နယ် ပိန်းလုံ၌ မွေးဖွားခဲ့သည်။ ၁၉၈၁ ခုနှစ် ပိန်းလုံဘုန်းကြီးကျောင်း၌ ရှင်သာမဏေပြုခဲ့၏။ ၁၉၈၇ ဘန်ကောက်မြို့ ၀တ်ဆွန်ဖူးခေပန်းရတ် ဘုန်းကြီးကျောင်း၌ ပဉ္ဇင်းတက်ခဲ့သည်။ ဆရာတော်သည် ၁၉၉၃-၉၆ အထိ ဘန်ကောက်ရှိ ဗုဒ္ဓကျောင်းတိုက်များ၌ ဗုဒ္ဓဆိုင်ရာဘာသာရပ်များကို သင်ကြားပေးခဲ့သည်။ ၁၉၉၉ အိန္ဒိယနိုင်ငံ ပိုးနား တက္ကသိုလ် (Pona University)မှ MA ဘွဲ့ရရှိခဲ့ပြီးနောက် ၂၀၀၀ ၀ိန်းဟျန်ရှိ ဖှဝိန်းအင်းကျောင်းတိုက်၌ အင်္ဂလိပ် သာသာသင်ကြားပေးခဲ့သည်။ ၂၀၀၁ ထိုင်းနိုင်ငံသံဃာ့အဖွဲ့အစည်းက ဓမ္မဒူတ-တရားပြ/တရားဟောဆရာတော် အဖြစ် တာဝန်ပေးအပ်ကာ အနောက်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ ၂၀၀၄ ခုနှစ် လန်ဒန်မြို့၌ ဗုဒ္ဓရမ်ကျောင်းတိုက် (Buddharam- 77 Blake All Road, Wonstead, London) ကို တည်ဆောက်ခဲ့သည်။

ဆရာတော်ဘုရားသည် အင်္ဂလိပ်ဘာသာစာပေ၊ ထိုင်းဘာသာစာပေ နှင့် မိခင်ဘာသာစကားဖြစ်သည့် သျှမ်းဘာသာ စာပေအပြင် ဗမာစကားလည်း ကျွမ်းကျင်သည်။
.

North Point's iBand ရဲ့ I music applicationsများဖြင့် တီးခတ်ဖျော်ဖြေမှု (Apple ချစ်သူများအတွက်)

Wednesday, December 22, 2010

မလေးရှားမှာ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့လား..အဲဒီလောက်တောင်ပေါနေပြီလား



ဟုတ်ရင်လည်း ဟုတ်မယ်။ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။

ငါးခုံးမတကောင်ကြောင့် တလှေလုံးလည်း ပုပ်စော်နံနိုင်တာပဲ။

ဒါပေမယ့် မိမိတယောက်တည်းအတွက်ကြောင့်တော့

အမျိုး၊ ဘာသာ၊ သာသနာ မထိခိုက်ကြပါစေနဲ့

မလေးရှားမှာ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့လား


ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။

ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့

ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတွေ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ………………..

ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။

အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။

လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ………………

ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။

တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁၀ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်
မကလည်း ပီနန်ထဲမှာပါ။ သိပ်မကြာလိုက်ပါဘူး။၁၁.၁၂.၂၀၁၀ ည(၉)နာရီလောက်ကြီး သူတို့ကျွန်မဆီရောက်လာပါတယ်.။ သူတို့အသိ အမျိုးသားတစ်ယောက် က လိုက်ပို့ပါတယ်။အလုပ်က ပင်ပန်းလို့ မလုပ်နိုင်တော့ဘူး ( ၀ )လိုက်ပြီတဲ့။ အဆင်ပြေမယ်ဆိုရင် ဒီမှာ ခဏနေပြီး အလုပ်ရှာချင်တယ်တဲ့။ကျွန်မကလည်း နေပေါ့။အလုပ်လည်း ၀ိုင်းပြီးရှာပေးမယ်လို့။

အဲဒီမှာ စတော့တာပဲ။လာလိုက်တဲ့ဖုန်းက တခုမှ အချိုးမပြေ။ဒီကြားထဲ သူတို့က ဖုန်းစပီကာဖွင့်ပြောတော့ အကုန်ကြားနေရတော့တာပဲ။တစ်ယောက်ကဆိုရင် ညီမလေး  အခု( ၀ )သွားတော့ အဆင်မပြေဘူး မဟုတ်လား။ အကို့ဆီ လာနေပါလား။ဒါပေမဲ့ လာမယ်ဆိုရင် မြန်မြန်လာပါ။( ၂၀ )ရက်နေ့အထိပဲ စောင့်နိုင်မယ် ( ၂၀ )ရက်နေ့မှ မလာဘူးဆိုရင် တခြားကောင်မလေးတစ်ယောက် ကိုပဲ ခေါ်လိုက်တော့မယ်တဲ့။ကြည့်ပါဦး  ပြောပုံကို။ နောက်တစ်ယောက်ဆိုရင် ( သူက ဖုန်းဝယ်ပေးထားတဲ့သူပါ ) ညီမ အခုဘယ်မှာလဲ လာခေါ်မယ်ဆိုတာချည်းပဲ။ကောင်မလေးက အဲဒီလူကို သိပ်မကြည်ဘူး ထင်ပါတယ် အခုရောက်နေတဲ့နေရာကို မသိဘူးပဲ ခံငြင်းတာ။အဲဒါနဲ့ အဲဒီလူက ညီမ မသိရင်လည်း အိမ်ရှင် အစ်မကို ပေးလိုက်ပါတဲ့။အဲဒီညီမက အစ်မ မပြောနဲ့နော်ဆိုပြီး ခေါင်းတခါခါ လက်တခါခါနဲ့ ကျွန်မဆီကို ဖုန်းအတင်းထိုးပေးပါတယ်။ကျွန်မလည်း မပြောဘူး။ဟိုလိုလို ဒီလိုလိုနဲ့ လိပ်စာအတိအကျ မပြောတတ်ဘူးလို့ ပြောလိုက်တယ်။အဲဒီမှာ အဲဒီအကောင်က ကျွန်မကို ဘာပြောတယ်ထင်လဲ။အစ်မပဲ စဉ်းစားကြည့်ပါ ကျွန်တော့်ဆီက ဖုန်းတော့ယူပြီးတော့ ကျွန်တော့်ရှောင်နေလို့ရမလားဗျ ဘာပဲပြောပြော ကျွန်တော့်လူ ဖြစ်သွားပြီပဲ တဲ့။တောက် ဒီ……………………. စိတ်ထဲမှာတော့လေ ကောင်းချီးပေးလိုက်တာ စုံသွားတာပဲ။အပြင်မှာတော့ ဘာမှပြောတော့ပါဘူး။ ဖုန်းပဲချလိုက်တယ်။

ဖုန်းချပြီးတော့ ဟဲ့ နင်တို့လူက မလွယ်ပါလား။သူ့ဖုန်းပြန်သာပေးလိုက်ပါတော့လား ဆိုတော့ မပေးနိုင်သေးပါဘူး ဖုန်းတစ်လုံးနည်းတာမှတ်လို့ သူတို့ဝယ်ပေးတော့ ကိုယ်ဖုန်းဝယ်မယ့် ပိုက်ဆံကို မြန်မာပြည် ပို့လို့ရတာပေါ့တဲ့။ ဒါပေမဲ့ နင်တို့လူက သားပြောမယားပြော ပြောနေတာလေ ဆိုတော့ အစ်မရယ် အခုရှောင်နေလိုက်ရင် ပြီးတာပဲ သူဘာတတ်နိုင်တာမှတ်လို့ မလေးရှားမှာက ဒီလိုပါပဲ ညီမတို့ ရောက်ခါစကဆို အဲဒီလိုပဲ လူတစ်ယောက် ဖုန်းဝယ်ပေးပြီးတော့ အဖြေအတင်းတောင်းတာ ညီမကလဲ စဉ်းစားဦးမယ်ချည်း ပြောတာ (၁၀)ရက်လောက်ကြာတော့ ငါ့မကြိုက်နိုင်ရင်လည်း ဖုန်းပြန်ပေးဆိုပြီး ပြန်ယူသွားတယ်။ဒါပေမဲ့ ညီမကလည်း မမှု့ပါဘူး။ဖုန်းဝယ်ပေးချင်တဲ့လူတွေများ တန်းစီနေတာပဲ။ညီမပြောနဲ့ ဟိုအစ်မ မှာတောင် ၀ယ်ပေးချ့င်တဲ့လူတွေ အများကြီးဆိုပြီး အိမ်ထောင်ရှိတဲ့ တစ်ယောက်ကို လက်ညှိုးထိုးပြပါတယ်။

အဲဒါနဲ့ကျွန်မက ဟဲ့နင်အိမ်ထောင်ရှိတာ ပြောမပြဘူးလားဆိုတော့ ပြောပြတယ် ကလေးဓာတ်ပုံတောင် ထုတ်ပြသေးတယ်တဲ့ သူတို့က မြန်မာပြည်မှာ အိမ်ထောင်ရှိရှိ မရှိရှိ စိတ်မ၀င်စားဘူး အစ်မကိုပဲ စိတ်ဝင်စားတယ်ဆိုပဲ။ငါလဲ ( မရိုမသေစကား ) ငါ့ကိုယ် မပါသွားရင်ပြီးတာပဲ ဆိုပြီး အလိုက်သင့်နေ နေရတယ်။  ဒီရောက်မှ ငါ့လဲ စန်းတွေပွင့်နေလိုက်တာများ အံ့တောင်သြတယ်တဲ့။ သူပြောတာ ကြားရတော့ ဟိုတလောက အင်တာနက်မှာ ဖတ်လိုက်ရတာလေး သွားသတိရပါတယ်။ရေးတဲ့လူနာမည်တော့ မမှတ်မိတော့ပါဘူး။ မိန်းကလေးတွေလည်း မလေးရှားရောက်မှ ငါ အရမ်းစန်းပွင့်နေပါလား လို့ မထင်ပါနဲ့ဆိုတဲ့ စာသားလေးပါ။

အခုတော့ မြန်မာမိန်းကလေးဆိုရင် ကိုယ့်မြန်မာအချင်းချင်းသာမက တခြားလူမျိုးတွေကပါ စော်ကားချင်လာကြပြီ။ မြန်မာအမျိုးသားတွေကလည်း မြန်မာမိန်းကလေးတွေကို နှမချင်းစာနာပြီးတော့ (တချို့ကပြောပါတယ်။သူတို့မှာ နှမ မရှိပါဘူးတဲ့။နှမ မရှိရင်တောင်မှ အမေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ် တူမဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် နောက်ဆုံး သံယောဇဉ် တွယ်ဖူးတဲ့ မိန်းကလေးတော့ ရှိမှာပဲ)ကျေးဇူးပြုပြီးတော့ စာနာပေးကြပါ။မိန်းကလေးတွေကလည်း ကိုယ့်အားကိုယ်ကိုးစိတ်လေး မြှင့်တင်ပေးကြပါ။ငါဒီမှာ ဘာလုပ်လုပ် မြန်မာပြည်က ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုပြီး ထင်ရာမစိုင်းလိုက်ကြပါနဲ့။နောင်တစ်ချိန်ကျရင် နောင်တရပြီး စိတ်ဆင်းရဲရမှာကို စိုးရိမ်လို့ပါ။


ဒါမျိုးအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ရင်မောပါတယ်။ ဟိုတလောက အင်တာနက်မှာ ပြည်ပမှ သူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားလေးကို လူတော်တော်များများ ဖတ်လိုက်ရမှာပါ။ မိဝေးဖဝေး ကိုယ့်တိုင်းပြည်နဲ့ ဝေးပြီးတော့ စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ စွန့်စွန့်စားစား ငွေရှာနေရတဲ့ ပြည်ပက အလုပ်သမားတွေ အားလုံးဟာ သူရဲကောင်းတွေတဲ့။ဘာပဲပြောပြောပေါ့လေ အားလုံးဟာ တမျိုးမဟုတ် တမျိုးတော့ အခက်အခဲရှိကြပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ဝေးပြီး ရေခြားမြေခြားကို ရောက်နေတဲ့ အချိန်မှာ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ရေနစ်သူကို ၀ါးကူထိုးတာမျိုး မလုပ်ဘဲနဲ့ ဖေးဖေးမမ စာစာနာနာနဲ့ ကူညီစောင့်ရှောက်ကြမယ်ဆိုရင် ယုံကြည်ပါတယ်။ မြန်မာလူမျိုးဆိုရင် ဘယ်သူက နှိမ့်ချရဲမှာလဲ။စော်ကား ရဲမှာလဲ။
အီးလ်မေးကရတာလေးဖော်ပြလိုက်ပါတယ်။
.

Tuesday, December 21, 2010

၂၄နာရီ မီးလာပါတော့မယ့်တဲ့.... မကြာမှီ...မျှော်..

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသစ် ဖွင့်လှစ်လိုက်သည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ ရေအားလျှပ်စစ်များ ရန်ကုန်သို့ ရရှိလာမှုအပြင် အခြား ရေအားလျှပ်စစ် လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား ပုံမှန် ထုတ်ယူနိုင်မှုကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ရန်ကုန်မြို့၌ အလှည့်ကျ ဓာတ်အားပေးစနစ်ကို ယခင်နှစ်များက မိုးအကုန် ကာလဖြစ်သည့် နိုဝင်ဘာလ ၀န်းကျင်တွင် စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းမှ ရေအားလျှပ်စစ် ထုတ်လုပ်လာနိုင်မှု အပြင် မိုးကုန်ကာလ ဖြစ်သော်လည်း ရေအားလျှပ်စစ် လုပ်ငန်း အချို့မှ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဆက်လက် ထုတ်လုပ်နိုင်မှုကြောင့် ယခုနှစ်တွင်မူ ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ သာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ ပြန်လည်စတင်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။ ''ဒီနှစ်မှာ ရဲရွာက လျှပ်စစ်စပြီး ထုတ်လာနိုင်ပါတယ်။ ပြီးတော့ တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်''ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး အတွက် နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၁၁၀၀ မှ ၁၂၀၀ ကြား ရှိပြီး လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ အဓိက ထုတ်ယူလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ

ဆယ်စု နှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစား ယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ လူမှုဒုက္ခ အ၀၀ကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိကတာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မ၀ဘူး။”
ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံးနှစ်များကို ဖြတ်သန်းနေရကြောင်း ပြောပြခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ ကျောင်းဆရာစလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ ကျဆင်းနေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊ ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း ခံစားပြောပြခဲ့သည်။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”
မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသောသူများမှာ ယခုအခါ နိုင်ငံ ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့်အခါကမျှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင် စားဝတ်နေရေးအတွက် မလောက်မငဘ၀နှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက် နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။
“ကျမ မူအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း စားသောက်နေကြရပါတယ်။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားရပါတယ်။ သို့သော်လည်းပဲ ကျောင်းသားဟောင်းများမှ လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေကြရတာပါ။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်းစားသောက်ပါတယ်။”
ပြီးခဲ့သည့် သြဂုတ်လတွင် ကျောင်းဆရာဆရာမများအပါအ၀င် အငြိမ်းစား ၀န်ထမ်းများ ၅၀ ဦးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပင်စင်လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မောက္ခ  ပြည်တွင်းပညာရေးသတင်း
.

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်နေတဲ့ ရုပ်ရှင်ကား အောက်စဖို့ဒ် တက္ကသိုလ် ဇာတ်ဝင်ခန်းများ ပြီးစီးလုနီးပါးဖြစ်

First stills from The Lady ဇတ်ကားမှ အောက်စဖို့ဒ် တက္ကသိုလ် ဇာတ်ဝင်ခန်းများတွင် မင်းသမီးMichelle Yeoh ၏ သရုပ်ဆောင်မှုအချို့.

အများပြည်သူအတွက် အများပြည်သူကောင်းမှု

၁။       နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူ (၇) ရက်သားသမီးတို့၏ နာရေးကိစ္စ အ၀၀နှင့် ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ်ဆေးခန်းမှ အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိရာမင်းလှမြို့ နာရေးကူညီမှုအသင်းအတွက် နိဗ္ဗာယာဉ်လှည်းယာဉ် တစ်စီးအား လှူဒါန်းပေးခဲ့ပါသည်။
          မင်းလှမြို့တွင် နာရေးကိစ္စဖြစ်ပေါ်ပါက နယ်ဓလေ့ထုံးစံအတိုင်းသေဆုံးသူ၏ နေအိမ်ရှေ့တွင် ရုပ်အလောင်းအား ထားရှိကြသည်။ ထို့ကြောင့် အသုဘချမည့် နေ့ရက်တွင် ယင်းနိဗ္ဗာန်လှည်းယာဉ် အားလူအားဖြင့်၎င်း၊ မော်တော်ယာဉ်ဖြင့်၎င်း ဆွဲယူသယ်ဆောင်ကာ သက်ဆိုင်ရာသုဿန်သို့ ပို့ဆောင်သဂြိုလ်ရာ၌ ယခင်ကထက် အဆင်ပြေချောမွေ့ နိုင်တော့မည်ဖြစ်သည်။ နိဗ္ဗာန်လှည်းယာဉ်၏ တန်ဖိုးမှာ ၁၈၀၀၀၀/- (တစ်ဆယ့်ရှစ်သိန်း) ကျပ်ခန့် ကုန်ကျခဲ့သည်။ ယင်းအလှူသည် အများ ပြည်သူတို့ လှူဒါန်းထားသော အလှူငွေဖြင့် အများပြည်သူတို့အတွက် တစ်ဆင့်လှူဒါန်းပေးရခြင်း ဖြစ်ပါသည်။

၂။       ဗမာတွေ အလင်းပွင့်တော့မည် ဟူသောသတင်းကြောင့် ပြည်တွင်း ပြည်ပမှ သဒ္ဒါတရားထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ် ကုသပေးမည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် လှူဒါန်းကြသော အလှူရှင်များအနက် ဦးစွာပထမမတည်လှူဒါန်းခဲ့သောအလှူရှင် ဦးဝင်းထွန်း + ဒေါ်ပေါက်ပေါက် (သိဂီရွှေဝါ - ပိုးထည်တိုက်)တို့၏ လှူဒါန်းငွေဖြင့် ၀ယ်ယူလိုက်သော Digital Slit Lamp (မျက်စိအာရုံကြောစက်) စမ်းသပ်ကြည့်ရှုသော ကိရိယာအား ၀ယ်ယူပြီးသည့်နောက် ယခုဆိုလျှင် မျက်စိဝေဒနာရှင်များအား ယင်းစက်သစ်ဖြင့် အခမဲ့ စမ်းသပ်ကြည့်ရှု ကုသပေးလျှက်ရှိပါသည်။ ထပ်မံ၍ရရှိသော အလှူငွေများနှင့် လိုအပ်သောမျက်စိခွဲစိပ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် အဆင့်မီမျက်စိခွဲစိပ်ခန်း ဖြစ်ရန်အတွက် အခန်းပြုပြင်ဖွဲ့စည်းကုသပေးနိုင်တော့မည် ဖြစ်ပါသည်။

၃။       နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စများအပြင် ပညာဒါနဖွင့်လှစ်ကာအခမဲ့ သင်ကြားပို့ချ ပေးလျှက်ရှိပြီး သုခအလင်းစာကြည့်တိုက်မှလည်း မျိုးဆက်သစ် လူငယ်များအတွက် အကျိုးရှိမည့် အကျိုးပြုစာအုပ်စာပေများကို ငှါးရမ်းပေးလျှက်ရှိသည်။ ထို့အပြင် အသင်းဝင်လိုသူများအား လစဉ် လူမှုရေးမျိုးဆက်သစ် သင်တန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပေးလျှက်ရှိရာ ၂၀၁၀ ခုနှစ်တွင် လူမှုရေးမျိုးဆက်သစ်သင်တန်းအမှတ်စဉ် (၆) အထိဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဤကဲ့သို့သောလူမှုရေးလုပ်ငန်း အ၀၀တို့ကို အောင်မြင်စွာပေးဆပ်နိုင်ခြင်းသည် လူငယ်မျိုးဆက်သစ်များ၏ လုပ်အားဒါန၊ လူငယ်မျိုးဆက်သစ်များ၏ လူမှုရေးခံယူချက်၊ လူငယ်မျိုးဆက်သစ်များ၏ စုပေါင်းခြင်းအင်အားတို့ဖြင့် တက်ကြွစွာ ကုသိုလ်ပြုပေးခြင်းတို့ကြောင့်ပင် ဖြစ်သည်။

၎။       နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် နာရေးကူညီမှုပေါင်း ၄၅ - ၅၀ ဦးရေခန့်ကိုအခမဲ့ ကူညီဖေးမ သဂြိုလ်ပေးလျှက်ရှိသလို သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း လူနာပေါင်း ၂၀၀ ဦးရေခန့်ကိုနေ့စဉ် အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိပါသည်။ ဤကဲ့သို့ အများပြည်သူတို့အတွက် ကူညီဖေးမမှုများ ပြုလုပ်ပေးနိုင်ခြင်းမှာ အများပြည်သူ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ အားပေးခြင်း၊ လှူဒါန်းခြင်းတို့ ကြောင့် ဖြစ်ပါသည်။
          ထို့ကြောင့် ပြည်တွင်းမှ အများပြည်သူတို့အတွက် ပေးဆပ်လှူဒါန်းကြသော ပြည်တွင်း/ပြည်ပမှ အများပြည်သူအပေါင်းတို့၏ ကောင်းမှုအစုစုတို့အားသာဓု … သာဓု … သာဓုဟုခေါ်ဆိုလိုက်ပါသည်။
















.

Saturday, December 18, 2010

လွတ်ရက်ပြည့် နိုင်ငံရေးအကျဉ်းသား (၁၇)ယောက် ပြန်လည်လွတ်မြောက်

ယနေ့ ၂၀၁၀ခုနှစ် ဒီဇင်ဘာ ( ၁၇ )ရက်နေ့မှာ လွတ်ရက်ပြည့် နိုင်ငံရေးအကျဉ်းသား (၁၇)ယောက် ကို ထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ယနေ့ပြန်လည်လွတ်မြောက်သူများမှာ ဗဟန်းမြို့နယ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းမြင့် ကို ရမည်းသင်းထောင်မှ လည်းကောင်း၊ ဦးမောင်မောင်သိန်း (မင်္ဂလာဒုံ)ကို ဘားအံထောင်မှ လည်းကောင်း၊ ရှေ့နေ ကိုရောဘတ်ဆန်းအောင် (မင်္ဂလာတောင်ညွန့်) မြို့နယ် ကို ကလေးထောင်မှ လည်းကောင်း၊ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ဝင် ကိုကျော်ကျော်ဆန်း (ညောင်လေးပင်) ကို မအူပင်ထောင်မှ လည်းကောင်း ၊ ဦးမြင့်ဆွေ (ကြည့်မြင်တိုင်) ကို သံတွဲ ထောင်မှလည်းကောင်း၊ ဦးချစ်ခင် (၆၅ နှစ် - တွံတေး) ကို ကော့သောင်းထောင်မှ လည်းကောင်း ၊ ကျော်ကျော် ၊ ဟန်ဝင်းအောင် နှင့် လွင်ကိုလတ် တို့ကို အင်းစိန်ထောင်မှ လည်းကောင်း ၊ ဦးသိန်းဝင်း (တောင်ဒဂုံ)၊ ဦးဆွေမင်း ခေါ် အရှင် ဦးစန္ဓိမာ (လှိုင်မြို့နယ်) ဦးဌေးအောင် (မရမ်းကုန်း)၊ ဦးမောင်စိန် (မင်္ဂလာဒုံ)၊ ဦးဟန်စိန် (လှိုင်)၊ ဦးစံဘော် (အသက်-၆ဝ နှစ်ကျော် - တွံတေး)၊ ဦးစိုးအုန်း (ဗဟန်း၊ တွဲဘက်အတွင်းရေးမှူး) နှင့် အသက် (၈၀)နှစ်ရှိပြီ ဖြစ်သော ဦးတင်အုန်း (လှိုင်သာယာ) တို့ကို ယနေ့ အကျဉ်းထောင်အသီးသီးမှ ပြည်လည် လွှတ်ပေးခဲ့ ကြောင်းသိရသည်။
သတင်း၊၊၊၊ ကိုတင်လှိုင် အားကျေးဇူးတင်ပါတယ်။

Friday, December 17, 2010

ပြောပေါင်းများလို့ရိုးနေပါပြီ... ညမှောင်မှောင် ခြင်ကိုက်ခံရတဲ့ ရက်တွေများနေပါပြီ ကျေးဇူးရှင်ဗိုလ်ဂျုပ်ကြီးများ

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း တစ်ခုလုံးအား ယခုလ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး စက်တပ်ဆင် လျှပ်စစ်ဓာတ်အား ၇၉၀ မဂ္ဂါဝပ်ကို အပြည့်အဝ ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်သည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးဖြစ်သော ရေအားလျှပ်စစ် စီမံကိန်း ၁၅ ခုအနက် ပထမဆုံး အာရ်စီစီ ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးနှင့် အာရ်စီစီ သွန်းလောင်းမှု အမြန်ဆုံး ကမ္ဘာ့ နံပါတ်(၉) စာရင်းဝင်ခဲ့သည်။ ရဲရွာရေးအားလျှပ်စစ် စီမံကိန်းအပြင် မကြာမီ ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွှေကျင် ရေအားလျှပ်စစ် စီမံကိန်း၊ ၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ကွမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၀ ခုနှစ်က စတင်ပြီး လျှပ်စစ်စက် တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ် ရရှိနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခု တည်ဆောက်နိုင်မည်ဟု အတည်ပြုခဲ့ပြီး အသေးစိတ်ဒီဇိုင်းများ ရေးဆွဲခဲ့ကာ ၂၀၀၁-၀၂ခုနှစ်တွင် စီမံကိန်း စတင်အကောင်ထည် ဖော်ခဲ့သည်။ ယင်းစီမံကိန်းတွင် အဓိက လုပ်ငန်းကြီး ရှစ်ခုဖြစ်သော ရေလွှဲဥမင်လုပ်ငန်း၊ ရေယူအဆောက်အအုံ လုပ်ငန်း၊ အာရ်စီစီ ကွန်ကရစ် တမံလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်း တပ်ဆင်ခြင်း လုပ်ငန်း၊ ရေအားလျှပ်စစ်စက်ရုံ၊ စက်ရုံရေထုတ်မြောင်းအစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကာ ၂၀၁၁မှ ၂၀၁၀ ခုနှစ် အထိ ၁၀ နှစ်ကြာ တည်ဆောက်ခဲ့သည်။ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှ စက်အမှတ်(၁)ကို ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လည်းကောင်း ၊ စက်အမှတ်(၂) ကို ဇူလိုင်လ ၁၆ ရက်နေ့တွင် လည်းကောင်း၊ စက်အမှတ်(၃)ကို အောက်တိုဘာလ ၁၆ ရက်နေ့တို့တွင် လည်းကောင်း စတင်လည်ပတ်ခဲ့ပြီး စက်အမှတ်(၄) ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း( မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
မှတ်ချက်။ ။စတင်လည်ပတ်ခဲ့ပြီးဟုပြောတာ...ပြည်သူတွေအတွက် မပါ..နာတို့အတွက်..နာတို့အတွက်ပဲနော်
.

Thursday, December 16, 2010

လာဘ်ငွေရတုန်းကတော့မြိုစို့၊ နံမည်ကြီး ဖုံမရ ဖိမရ လာတော့မှ အရေးယူမယ်လုပ်( မေAဘေးအစိုးရ)

“ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တစ်ခါလုပ်ခဲ့ပြီးပြီ။ အခုထပ်ပြီး ကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားထားတယ်။ လိုင်စင်နဲ့ လုပ်တာတွေက သီချင်းဆိုတဲ့ အခန်းတွေပဲရှိတာ။ အနှိပ်ခန်းတွေက ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်လိုတယ်”ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ နာမည်ကြီးနေသည့် ကေတီဗီ၊ အနှိပ်ခန်းနှင့် အလှပြုပြင်ရေး ခေါင်းစဉ်တပ်ကာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုအချို့ကို တွေ့ရှိ လာရခြင်းကြောင့် ယင်းသို့ စီမံချက် ချရခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရဲစခန်း၊ စည်ပင်သာယာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးတို့မှ ဝိုင်းဝန်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ  ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
နောက်ဆက်တွဲ သတင်း
ရန်ကုန် (မဇ္ဈိမ)။     ။ ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ  ၃၀၀၀ မှ ၃၅၀၀ အကြား ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (ရဲချုပ်ရုံး)မှ အကြီးတန်း ရဲအရာရှိတဦး အဆိုအရ သိရသည်။

ဒုရဲမှူးအဆင့်ရှိ အမည်မဖော်လိုသူ အရာရှိက လူစည်ကားရာမြို့နယ် ၁၀ မြို့နယ်ခန့်တွင်ပင် အနှိပ်ခန်း ၂၀၀၀ ကျော် ရှိနေသဖြင့် ရန်ကုန်တိုင်း တတိုင်းလုံးဆိုလျှင် ၃၀၀၀ ထက် လျှော့နည်းမည်မဟုတ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

"ရဲခန့်မှန်းချက် စာရင်းမှာ ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းမှာ အနှိပ်ခန်း ၂၅၀၀ ဝန်းကျင် ရှိနိုင်မယ်လို့ တွက်ထားတာ ရှိတယ်။ အခုလက်ရှိမှာတော့ အောက်ထစ် ၃၀၀၀ ထက် မနည်းနိုင်ဘူး။  ၃၅၀၀ လောက်အထိ ရှိနိုင်တယ်။ DownTown (မြို့တွင်း) ၆ မြို့နယ်နဲ့ အလုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွေက အများဆုံးပဲ။ အဲဒီမြို့နယ်တွေမှာတင် အားလုံးပေါင်း ၂၀၀၀ လောက် ရှိနေတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်များတွင် တရားမဝင် အနှိပ်ခန်းများ အများဆုံးဖြစ်ပြီး တမြို့နယ်လျှင် ပျမ်းမျှ အနှိပ်ခန်းပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း ရဲက ခန့်မှန်းထားသည်။

ရန်ကုန်မြို့အတွင်း နေရာအနှံ့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လာခြင်းမှာ ဥပဒေပိုင်းအရ ထိန်းချုပ်ရာတွင် အားနည်းမှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။

"ပြည့်တန်ဆာ ဥပဒေပဲ ရှိတယ်။ အနှိပ်ခန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ ဥပဒေမရှိဘူး။ ဒီတော့ ပုဒ်မ ၁၈၈ နဲ့  တရားရုံးတင်တယ်။ ပုဒ်မ ၁၈၈ ဆိုတာ အလွတ်သဘောပြောရရင် အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသော အမိန့်ကို ဖောက်ဖျက်ခြင်းပေါ့။ လမ်းဘေးမှာ အပေါ့အလေးစွန့်တာလည်း ဒီဥပဒေနဲ့ စွဲလို့ရတယ်။ သူက အမြင့်ဆုံး ထောင်ဒဏ် တလပဲ။ မိန်းကလေးတွေကို ထောင်ချလို့မရဘူး။ ပတ်သက်ဆက်နွယ်မှုနဲ့ အမြင့်ဆုံး ဒဏ်ငွေ ၁ဝဝဝ (ကျပ်) ပဲ" ဟု အဆိုပါ ရှေ့နေက မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၁၈၈ ဖြင့် စွဲဆိုပါက တာဝန်ခံဖြစ်သူမှာ အမြင့်ဆုံး ထောင်ဒဏ် တလအထိ ချမှတ်ခံရနိုင်ပြီး၊ ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်သည်။

ဥပဒေပိုင်းအရ အားနည်းခြင်းအပြင် စီးပွားရေးအရ ဈေးကွက်ဝင် လုပ်ငန်းသဖွယ် ဖြစ်နေသဖြင့် အနှိပ်ခန်းများ ပိုမိုတိုးပွားလာနေသည်ဟု ယူဆရကြောင်း အဆိုပါ ရှေ့နေကပင် ပြောဆိုသည်။

"အန်ကယ် အနှိပ်ခန်းနဲ့ ပတ်သက်တဲ့အမှု လိုက်ဖူးတယ်။ အမှုရင်ဆိုင်နေတုန်းမှာပဲ အနှိပ်ခန်းက ပြန်ဖွင့်နေပြီ။ ပိုင်ရှင်က ပြောတယ်၊ အနှိပ်ခန်းလုပ်တာ ဘယ်လိုပဲ ရင်းနှီးရင်းနှီး ၆ လဆို အရင်းကြေတယ်တဲ့။ တာဝန်ခံလုပ်မယ့် မန်နေဂျာတွေကိုတော့ အဖမ်းခံရရင် နာမည်ခံလုပ်ဖို့ လစာကောင်းကောင်း ပေးထားကြတယ်။ ဥပဒေပိုင်း အားနည်းနေတော့ စီးပွားရေးသမားတွေက လုပ်မှာပဲလေ" ဟု သူက ဆိုသည်။

ကျန်းမာရေးအတွက် ကုသမှုပေးရန် တရားဝင်လိုင်စင် ချပေးထားသော အကြောဖြေလုပ်ငန်း အချို့မှအပ အနှိပ်ခန်း အားလုံးလိုလိုမှာ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

ရန်ကုန်မြို့တွင် အလှပြုပြင်ရေးအမည်ခံ အသေးစား အနှိပ်ခန်းများကို ရန်ကုန်တွင် နေရာအနှံ့အပြားတွင် တွေ့နေရသကဲ့သို့ သိန်းရာနှင့်ချီ ရင်းနှီး၍ အထင်အရှား ဖွင့်လှစ်ထားသော အနှိပ်ခန်းကြီးများလည်း အများအပြား တွေ့နေရပြီး အမျိုးသမီး ဦးရေ ၅၀ မှ ၇၀ အပြင် အမျိုးသားဝန်ထမ်း ၂၀ မှ ၃၀ အကြားရှိသည့် အဆိုပါ အနှိပ်ခန်းကြီးများသို့ လူတန်းစား အလွှာအသီးသီးမှ လာရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

"တချို့က အခန်းအပြင်အဆင်ရော၊ ဝန်ဆောင်မှုရော အားလုံး ကျေနပ်လောက်အောင် ပေးကြတယ်။ ကျနော်တို့နားက မာဆတ်ဆိုရင် နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အမြဲလာတယ်။ တခါတလေ တိုးရစ် (နိုင်ငံခြားသား ခရီးသွားဧည့်သည်) တွေတောင် အုပ်စုလိုက် လာကြတယ်" ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

အနှိပ်ခန်းအကြီးအသေးနှင့် အပြင်အဆင် အနေအထားအပေါ် မူတည်သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ရဲ၊ စရဖ များသို့ လစဉ် ငွေကျပ် ၅ သိန်းခန့်မှ သိန်း ၃၀-၄၀ အထိ ပေးဆောင်ရခြင်းမျိုး ရှိသည်။ အနှိပ်ခန်းများ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြခြင်းနှင့်အတူ အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းများလည်း ပိုများလာကြောင်း တွေ့ရှိရသည်။

"အမှန်အကန်နှိပ်တဲ့ မာဆတ်ဟုတ်မဟုတ်ဆိုတာ သိသာတယ်။ ဒါက မာဆတ်၊ ဒါက မာစွတ်ဆိုပြီး လူငယ်တွေ ခွဲပြောတဲ့ စကားတောင် ရှိတယ်။ အဲဒီလို အနှိပ်ခန်းနာမည် တပ်ရုံတပ်ထားတဲ့ ဆိုင်တွေကတော့ တနေရာထဲမှာ ကြာကြာမနေဘဲ နေရာပြောင်းပြီး ဖွင့်တယ်။ မြို့ထဲပိုင်းမှာ လမ်းလျှောက်ရင်း ကြည့်သွား။ ဗြူတီဆလွန်းလို့ နာမည်တပ်ထားတဲ့ ဆိုင်းဘုတ်သေးသေးလေးတွေ အများကြီးပဲ။ ၁ဝ ခုမှာ ၈ ခု၊ ၉ ခုက အနှိပ်ခန်းပဲ" ဟု လသာမြို့နယ်မှ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။

ရန်ကုန်တွင် အနှိပ်ခန်းလုပ်ငန်းများ စတင်ခေတ်စားလာခြင်းမှာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းကဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲသွားပြီးနောက် ပိုများလာကြောင်း ရဲချုပ်ရုံးမှ ဒုရဲမှူးက ဆိုသည်။

"မာဆတ်က ထောက်လှမ်းရေးက စတာပါပဲ။ နယ်မြေအပိုင်အလိုက် ထောက်လှမ်းရေးက လူတွေ ဖွင့်ကြတယ်။ ထောက်လှမ်းရေးမရှိတော့ ခဏပြန်ငြိမ်သွားသေးတယ်။ ၂၀၀၅၊ ၂၀၀၆ နောက်ပိုင်းကျမှ တဖြည်းဖြည်း ပိုပိုများလာတယ်" ဟု သူက ပြောသည်။

အနှိပ်ခန်းလုပ်ငန်း တွင်ကျယ်လာခြင်းနှင့် အနှိပ်ခန်း စီးပွားရေးအပေါ် ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက "တကယ်ကောင်းကောင်းမွန်မွန် ဆားဗစ်ပေးတဲ့ နေရာတွေလည်း ရှိနေတယ်။ နောက် မျက်မမြင်တွေကို ဂျပန်အကြောပညာ သင်ပေးပြီး တရားဝင်ဖွင့်ထားတဲ့ အကြောပြင်ခန်းတွေ ရှိနေတယ်။ အစိုးရက စည်းမျဉ်းဥပဒေ အကန့်အသတ်တွေနဲ့ လိုင်စင်ထုတ်ပေးပြီး အခွန်တိတိကျကျ ကောက်လိုက်ရင်  တရားမဝင်၊ တရားဝင်တဲ့ ပြဿနာရှင်းသွားမယ်။ ရဲလာဘ်ထိုးရတဲ့ ငွေက အစိုးရဆီ ရောက်သွားမယ်။ နောက် အလုပ်လုပ်တဲ့ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်တွေနဲ့ နစ်နာမှုတွေကိုလည်း ဥပဒေနဲ့ ကာကွယ်ပေးလို့ ရသွားနိုင်တယ်" ဟု သူက သုံးသပ်ပြောဆိုသည်။ .

ကဲ...ပြော..ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် မြန်မာနိုင်ငံကြီးကို ထိန်းမလဲ

ဒါက...ဒီလိုရှိပါတယ်..သူငယ်ချင်း..........

                                                                                                       
Why MYANMAR is in trouble............................
Population: 56 MILLIONS   ၅၆ သန်းကျော်ရှိပါတယ်...။
9 Millions retired........  ၉ သန်းကျော်က လူအိုတွေ(အငြိမ်းစားတွေ......)
့ိ့
30 millions in States & Townships Employee
သန်း ၃၀ ကျော်ကတိုင်းနဲ့မြို့နယ်ကအလုပ်သမားတွေ...
17 millions in Central Govt. in NPT
၁၇ သန်းက အစိုးရလက်အောက်ခံ....
(Both categories don't work) နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့လူတွေ....

1 million IT professional (don't work for Myanmar )
၁ သန်းက IT ပညာရှင်တွေ...(ဒါပေမဲ့....နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး...)

25 millions in school ....၂၅ သန်းက ကျောင်းသား၊ကျောင်းသူတွေ.....

1 million are under 5 years..... ၁ သန်းက ၅ နှစ်အောက်တွေလေ...

15 millions unemployed ...၁၅ သန်းကျော်က အလုပ်လက်မဲ့....

 1.5 millions, u can find anytime in hospitals....၁ သန်းခွဲကျော်က ဆေးရုံမှာအချိန်နဲ့အမျှ...

Statistics says u find 79,99,998 people anytime in jail....၇၉,၉၉,၉၉၈ က အချိန်မရွေးထောင်ထဲမှာလေ.....

The Balance  two are U & Me.
လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ  လေ....
ဒါပေမဲ့.....

U are busy ' checking Mails /sending fwds.. '..!!
မင်းကလည်း မအားဘူးလေ....မေးလ်တွေဖတ်ရ...၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့လေ...

HOW CAN I HANDLE MYANMAR alone?
ကဲ...ပြော..ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် မြန်မာနိုင်ငံကြီးကို ထိန်းမလဲ...
့

 
ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား။ Korea မှာ မင်းသား။ Myanmar နိုင်ငံမှာ လူကြီးသား ဖြစ်ရပါစေ၊ အရှင်ဘုရား။

ကိုးရီးယားတွင် ဂိုးလ်စတား ခေါင်းဆောင် ၊ မာဖီးယားတွင်လည်းခေါင်းဆောင် ၊ ဂျပန်တွင် ယာကူဇာဂိုဏ်းချူပ်

မြန်မာပြည်တွင် ဂေါပကလူကြီးဖြစ်ရပါစေ...လို၏


မေးလ်ကနေအမြဲပေးပိုနေတဲ့ သူငယ်ချင်း ငယ်လေးမအားကျေးဇူးတင်ပါတယ်။
.

ဦးဘိုဘိုကျော်ငြိမ်း သို့ တုန့်ပြန်ချက်

၂ဝ၁ဝ ဒီဇင်ဘာ ၁၁၊ စနေနေ့  “မဇ္ဈိမ” ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ “ဘာကြောင့် ဗိုလ်ချုပ် အောင်ဆန်း တို့ ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရ ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သောကြာနေ့၊ ဒီဇင်ဘာ (၁ဝ) ရက်နေ့ နေ့စွဲနဲ့ ရေးထား တာပါ။

“ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်းကိုးကွယ်ချင်စိတ် ရှိကြတယ်။ ဒါကြောင့် သူရဲကောင်းမျှော်တဲ့ (မင်း) လောင်းမျှော်တဲ့အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြ ပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ့်ကိုးချင် တဲ့စိတ်တွေ နည်းပါးလာကြပြီး၊ စကြာဝတေးမင်း မြင်းပျံစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ် ကူးယဉ်နေကြတယ်လို့ ခံစားရပါတယ်။
……………………………….

စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် (ငါ) တို့ ဘာလုပ်ရမယ်၊ ဘာတွေ လိုအပ် တယ်၊ ဘာတွေ ပြင်ဆင်ရမယ်၊ ဘယ်လို ရင်ဆိုင်ရမယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက် မယ် ဆိုတာတွေကို စိတ်မဝင်စားကြဘူး။” လို့ အစချီပြီး ရေးထားရင်း၊ ဗိုလ်ချုပ်တို့ခေတ် က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြ သလဲ ဆိုတာကို သုံးသပ်ပြရင်း “ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု” တို့ “ကျောင်းသားသမဂ္ဂ”၊ “စုပေါင်းခေါင်းဆောင်မှု” ၊ “မှတ်သားစရာနဲ့ သုံးသပ်မှု” - စတဲ့စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖေါ်ပြသွားရာမှာ၊ ဒီ ဆောင်းပါးထဲမှာ “ဦးကျော်ငြိမ်း” ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ်-စတဲ့ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း သင့်သလို တွဲဆက်ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။

“ဦးပေါ်ဦးလျှောက်ထုံး” တွေထဲက ဘိုးတော်ဘုရားနန်းတော်တည်ဖို့ မှာ “ကျွန်းသစ်”ကို ပါ စေချင်တဲ့ ဦးပေါ်ဦးက၊ ဘိုးတော် ဘုရားရဲ့  “ပိတောက်နဲ့ မကောင်းဘူးလား” “ပျဉ်းကတိုး နဲ့ မကောင်းဘူးလား” ဆိုတဲ့ အမေးတွေကို “ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်” “ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်” လို့ ၊ အမြဲလို လို သူပါစေချင်တဲ့ “ကျွန်း” ကို တွဲတွဲ ပြောသွားလေ့ရှိတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီး အမှတ်ရမိချင်စရာပါပဲ။ ဦးကျော်ငြိမ်းဟာလဲ ခေသူမဟုတ်ဆိုတာ၊ မူကိုအလေးထား တတ် မိမိကိုယ်ကို မိမိလေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဥာဏ်အား မြင့်မားသူတ ယောက်ဆိုတာကို ပေါ်လွင်အောင် ရေးသားပြသွားတာ လက်ကနဲလက်ကနဲ တွေ့လိုက် ရပါတယ်။

သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့လူလဲ ရှိမယ်။ မကြိုက်တဲ့သူ လက်မခံတဲ့ လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ် စွာ သဘောကွဲလွဲပိုင်ခွင့်အရ ၊ ဘာမှ မပြောလိုပါဘူး။ သူ့သဘော သူဆောင်လိမ့်မယ်လို့ ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကနေ့လိုအချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အ လှန်ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ “အဓိက ပျောက်” “ပစ်ကွင်းပျောက်” ပြီး “အမြှုပ် ထ ပလုံစီရမယ့်ကိစ္စမျိုးတွေ” မလုပ်ချင်ပါဘူး။ ဒါပေမဲ့ …

သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အချက်တွေ ပါဝင်နေလေတော့၊ ပြန်လည်ရှင်းလင်းပြမှုမလုပ်ရင် အဓိပ္ပါယ်တမျိုးပေါက်စေနိုင်တဲ့အတွက် လိုအပ်သ လောက်ပဲ ကျနော်ပြန်လည်ရှင်းလင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကိုပဲ ဖေါ်ပြရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့  ကြိုက်နှစ် သက်သလို လက်ခံသုံးသပ်သွားကြမှာပဲ ဖြစ်ပါတယ်။

ကျနော်နဲ့ ပတ်သက်နေတဲ့အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလို ဖေါ်ပြထားပါတယ်…
[ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဖက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက်ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်းရေးပြခဲ့တယ်။ (မူ) principle ကို အလေးထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေး စားတာကြောင့်လဲ ဖြစ်ပါတယ်။

သို့သော် အသိဥာဏ်စွမ်းအားနဲသော လက်ဝဲတယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်း တာနဲ့  ရာဇဝင်အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ ( သခင်တင်မြ ၏ ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ) တိုင်း - စာမျက်နှာ ၄၄ )

သို့သော် ဝင်းတင့်ထွန်းရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်း သည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်၊ (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေးရွှေရတုသ ဘင်) စာအုပ်မှာလည်း ဤနည်းတူ ရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ) “စစ်တိုင်းများ၏ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့လိုရာဆွဲကောက်ချက်ချ ပြန်တယ်။ ဒီတုန်းက သ ခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ် ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ရေးသားချက်သာ ဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက် ကွန်မြူနစ်အငြိုးနဲ့  ရာဇဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက် ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကို ဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့၊ ကွန်မြူနစ်ပါ တီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ကိုယ်စားလှယ်ခေါင်းဆောင် (၃) ဦးစီ၊ ပေါင်း (၉) ဦးပါပြီး ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့ စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ် ၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ ၊ ဗိုလ်နေဝင်း တို့ဖြစ်ကြပါ တယ်။ ( သခင်တင်မြ ရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ) တိုင်း-စာမျက် နှာ ၄ဝ)၊

ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်များစွာတွင်လည်း ဖေါ်ပြထားပြီးဖြစ်ပါသည်။ အရေးပါသော ရာဇဝင်အချက်တ ချက်ပင် ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်း ကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြ အစား သခင်ဗဟိန်းကို ကွန် မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကိုကြည့်ပါ) ဒီလို ရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုး လို့မရသလို၊ လိုရာကို ဖြစ်သလို မရေးကောင်းပါ။]

အထက်ပါ ကွင်းစကွင်းပိတ်ထဲကပါအတိုင်း ရေးသားထားပါတယ်။

အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော့်စာအုပ် “အမှောင်ကြားက ဗမာပြည်” စာအုပ်ကိုဖေါ်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်ဟာ အဓိကအားဖြင့် အချက် (၃) ချက် ရှိပါတယ်။

ပထမအချက်က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး နိုင်ငံ ရေးမှူးတွေခွဲဝေတာဝန်ချထားသတ်မှတ်ရာမှာ၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူး ဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ “ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ ဖေါ်ပြထားချက်။

ဒုတိယအချက်က - “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲကောက်ချက်ချထားချက်။

တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ (၉) ဦးဖွဲ့ရာမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ပြောင်းလဲထည့်သွင်းရေးသားထားချက်။

သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့် သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလိုရေးသားထားချက်။
တို့ပဲ ဖြစ်ပါတယ်။

ကျနော် ဘာလို့ ဒီလို ရေးသားထားခဲ့သလဲ။

ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အ ထားမဲ့ တာဝန်မဲ့ရေးသားထားတာလား။ တချက်ချင်း ကျနော် ပြန်လည်တုန့် ပြန်သွားပါ့ မယ်။ အဲဒီလို မတုန့်ပြန်ခင်မှာ “အမှောင်ကြားက ဗမာပြည်” စာအုပ်နဲ့ ပတ်သက်ပြီး အ နည်းငယ်ပြောမှ ဖြစ်မှာကတော့၊ “အမှောင်ကြားက ဗမာပြည်” စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေးကျေညာနိုင်တဲ့ ၁၉၄၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အ ကျဉ်းရုံးဖေါ်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့် “အမှောင်ကြားက ဗမာပြည်” ဆိုတဲ့ အမည်ကို ပေးထားရုံမက၊ (အနီးခေတ် ဗ မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း ၁၉၄၈ - ၂ဝဝဝ ) လို့လဲ ဖေါ်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ ပြည့်နှစ်အထိအတွင်း အနီးခေတ်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကိုပဲ အကျဉ်းရုံးဖေါ်ပြသွားနိုင်ဖို့ ဇောင်းပေးရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၈ ခုနှစ်ကို စပြီးဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်လိုဖြစ်ခဲ့ရ တဲ့ “ပြည်တွင်းစစ်” ကို ဖေါ်ကျူးရေးသားရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူစသ လဲ၊ ဘာ့ကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ-ဆိုတာတွေကို ဖေါ်ပြရာမှာ၊ အဖြစ်အပျက် တွေဟာ ရှောင်တခင်ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်၊ အဲဒီ အကြောင်းရင်းခံတွေကိုလဲ သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲ ဆက် စပ်ကြည့်ဖို့လိုတယ်-ဆိုပြီး၊ ၁၉၄၈ ခုနှစ်မတိုင်ခင် (၁ဝ) နှစ်တာလောက်အကြောင်းကို မလွှဲမရှောင်သာ နောက်ခံကားချပ်ကို ဖေါ်ပြခဲ့ရပါတယ်။

၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတခုလုံးကိုတောင် အကျဉ်းအဖြစ်ပဲ ရေးသားခဲ့ ရာမှာ၊ အဲဒီရဲ့ အဦးအစဖြစ်တဲ့ နောက်ခံကားချပ် (၁ဝ) နှစ်တာဟာ အကျဉ်းရဲ့အကျဉ်း သဖွယ်ပဲ ချုပ်ပြီးရေးသားခဲ့ရတာ ဖြစ်ပါတယ်။ အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ပတ် သက်ပြီး ရေးသားထားချက်များဟာ အဲဒီအကျဉ်းထဲကမှ “ဖက်ဆစ်တော်လှန်ရေး” နဲ့ ပတ်သက်တဲ့အခန်းကဏ္ဍထဲက အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲ ကမှ တခန်းတဏ္ဍပါ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖေါ်ပြထားချက်တွေထဲက အတိုချုပ်ပြီးရေးထားတာဖြစ်ပေမဲ့၊ တချက်ချင်း ကျနော် ပြန် လည်ရှင်းလင်းသွားပါ့မယ်။

ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း(၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း-လို့ သခင်တင်မြရဲ့  ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း(၁ဝ)တိုင်းမှာ ဖေါ်ပြထားပါလျက်နဲ့  ကျနော်က “ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန် တာဝန်ခံဖြစ်ပါတယ်” လို့ ဘာ့ကြောင့် ရေးသားဖေါ်ပြခဲ့တာလဲ။

ကျနော်က အမှန်ကိုပဲ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး၊ အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ သွားရောက်ခဲ့ခြင်းမရှိလို့ပါ ပဲ။ ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ထဲကကို ကိုးကားပြခဲ့ပြီး၊ ကျနော်က သခင်တင်မြစာအုပ်ကို ကိုးကားခဲ့ခြင်းမရှိပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ရေးသားဖေါ်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက …
“ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာ ဝန်မယူခဲ့၊ ပထမတိုင်း (၄) နိုင်ငံရေးမှူးတာဝန်လျာထားရာကိုလဲ မသွား၊ နောက် တိုင်း (၆) နိုင်ငံရေးမှူးတာဝန်ကိုလဲ သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေ ပြီး၊ ရန်ကုန်မှ ဂျပန်တပ်များဆုတ်ခွါပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်း နေခဲ့သည်။” လို့ ဖေါ်ပြခဲ့တာ ရှိပါတယ်။

မှတ်ချက် (၂) ဆိုပြီးဖေါ်ပြရာမှာ၊ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) မပို့တော့ပဲ၊ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ လို့လဲ ရေးသားထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်ရှု့နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က “ဦးဗဆွေနဲ့ ဦး ကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်လို့ ရေးသားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖေါ်ပြထားချက်၊ မှတ်ချက် (၄) ဆိုတာမှာဆိုလျှင်- ၁၉၅၂ ခုနှစ် က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေးအဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း (၄) ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူးတာဝန် ကျတာကို ဘာ့ကြောင့်မလာသလဲလို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့ မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ်ဆိုတာတောင် ရေးသားထား ပါတယ်။

“အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလို သော နိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။” လို့တောင် ရှင်းရှင်း လင်းလင်းဖေါ်ပြထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ကိုယ်တိုင်ရေး
အတ္တုပ္ပတ္တိ-စာမျက်နှာ-၈၁) ထဲမှာပဲ တဆက်တစပ်တည်းဖတ်ရှု့ကြည့်နိုင်ပါတယ်။ အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင်-အဲဒီလိုအချက်အလက်တွေကိုပါ ကျနော် ရှာဖွေ ရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော်အတိုချုပ်ပဲ ရေးပြခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်၊ “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်းဖြစ်သည်” လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက်ဆိုတာနဲ့ပတ်သက်ပြီးလဲ ကျနော် ရှင်း ပြနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ အတို ချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ (၃၅) မှာ …

“စစ်တိုင်းများရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး၊ စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်းဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေးခေါင်းဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့် တို့ဖြစ်ကြပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်
အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင် ထွန်း။ ဗိုလ်ရဲထွတ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့ဖြစ်ပြီး တိုင်း(၂) တိုင်း (၄) ဆက်သွယ်ရေးတာဝန်ခံက ဗိုလ်လက်ျာဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။ အဲဒီတော့ …

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်း က ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး၊ မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အ ဖြစ် အတိအလင်းပြောင်းလဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင် ချစ် ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ်တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ်တိတိလင်းလင်းခံယူလိုက်တော့)၊ ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ (၉) ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်၊ ဝင်းတင့်ထွန်းဟာ သခင် တင်မြကို ကြည့်မရ၍သော်၎င်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်၎င်း၊ သခင် တင်မြအစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ်ဆိုတဲ့ကိစ္စ အပေါ်မှာလဲ ကျနော် ရှင်းလင်းပြနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနော်မတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ “တိုင်းကြီး (၁ဝ) တိုင်း” ကိုပဲ ကိုင်ပြီး တဖက်သတ်ပြောဆိုနေတာ ဖြစ် တယ်။

ဟုတ်ပါတယ် … ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့် မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါ ပဲ။ ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကိုကိုင်စွဲပြီး ရေးခဲ့တာမဟုတ်ဘူး။ သခင်တင် မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော့်ရဲ့ ရေးသားချက်အတွက် ကျနော်ကိုး ကားခဲ့တဲ့ “ကျမ်းကိုးစာရင်း”ကိုလဲ စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားရာမှာ၊ သခင်တင်
မြရဲ့ အဲဒီတိုင်းကြီး (၁ဝ) တိုင်း မပါပါဘူး။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ကျနော်ကိုးကား ခဲ့တာက သခင်ကြီးတွေစုစုပေါင်း ရာဂဏန်းလောက်ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီ တီတွေဖွဲ့ပြီး အထပ်ထပ်ရေးသားခဲ့ကြတဲ့ “တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့” က ပြုစုထုတ်ဝေခဲ့တဲ့ “တို့ဗမာအစည်းအရုံးသမိုင်း” ပါ အချက်အလက်အရ ရေးခဲ့တာပါ။

အဲဒီ တို့ဗမာအစည်းအရုံးသမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးဘူးလို့ ထင်ပါ တယ်။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီသမိုင်း ပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါ ဝင်နေပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းဖေ၊ သခင် သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ “ဒို့ဗမာအစည်းအရုံးသမိုင်း” ဒုတိယတွဲ စာမျက်နှာ (၅၈ဝ) မှာ “မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီးဖွဲ့စည်းခြင်း” ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ …

“ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ခေါင်းဆောင်များမှာ -
၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်-တို့ ဖြစ်ကြသည်။”
တဲ့။

အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်း ရပြီး အပြင်မှာ ရှိနေသေးတဲ့အချိန်လို့ပြောရမှာပါ။ ၁၉၇၆ ခုနှစ် ပထမအကြိမ် သောင်းနဲ့ ချီထုတ်ဝေထွက်ပေါ်လာခဲ့ရာမှာ အချက်အလက်မှားနေတယ်လို့လဲ ပြောသံထွက်လာ တာ မကြားခဲ့ရဖူးပါဘူး။ ဒါကြောင့် သခင်တင်မြတယောက်တည်း ရေးတာထက်၊ သခင် တွေ ရာနဲ့ချီရေးထားတဲ့ အဲဒီစာအုပ်ပါအချက်အလက်ကို ကျနော်ကိုးကားရေးသားခဲ့တာ ဖြစ်သလို၊ အဲဒီအချက်နဲ့ပတ်သက်ပြီး နောက်ထပ်ကိုးကားမိခဲ့တဲ့ အထောက်အထား စာ အုပ်တအုပ်လဲ ရှိပါသေးတယ်။

တက္ကသိုလ်များသမိုင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓါန်” စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့အမှာ ရေးသား ထားကြတဲ့ စာအုပ်ပါ။ အဲဒီ “မြဟန်” ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန်” ထဲမှာလဲ စာမျက်နှာ(၁ဝ၄) မှာ၊ “ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့် ဖေါ်ပြထားရာမှာ ဟောဒီလို ရေးသားထားပါတယ်။

ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် (၉) ဦး
၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။ ကိုဗဆွေ၊၉။ ကိုကျော်ငြိမ်း -
ဆိုပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီစာအုပ် နှစ်အုပ်ပါ အချက်အလက်ကို အထောက်အထားပြုပြီး၊ ကျနော့်ရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ အဲဒီအချက်အလက်ကို ရေးသားခဲ့ခြင်း ဖြစ်ပါ တယ်။ ဘိုဘိုကျော်ငြိမ်းထင်သလို သခင်တင်မြကို ကြည့်မရလို့  မလိုတမာပြောင်းလဲ
ရေးသားခဲ့ခြင်းမဟုတ်ပါ။ အဲဒီစာအုပ် (၂) အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှု့ကြည့်ဖို့ လိုပါလိမ့်မယ်။

သမိုင်းကိုရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အရာကိစ္စတွေဟာ များသောအား ဖြင့် ကျနော်တို့ မမီ မတွေ့လိုက်ရဖူးတဲ့ကိစ္စတွေက အများစုကြီးဖြစ်တဲ့အတွက်၊ အကိုးအ ကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော် မှီငြမ်းကိုးကားခဲ့တဲ့ “ကျမ်းကိုး” စာရင်းကိုလဲ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ အမှာစာမှာလဲ “ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန်အကြံပေးကြမှုမှန်သမျှ
လေးစားစွာကြိုဆိုရင်း၊ နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်၊” လို့ ရိုး ရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့မရ သလို၊ ညှာလို့လဲ မရပါဘူး။
ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။
ဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။

(ဝင်းတင့်ထွန်း)
၁၂- ၁၂- ၂ဝ၁ဝ
(သားသားစူပါမန်းအားကျေးဇူးတင်ပါတယ်။)
.

Internet ကို ဆိုင်မှာ သုံးရင် သတိထားပါ

အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။


ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။


အင်တာနက် မှာ သတိထား နိုင်ပါစေနော်
ကြိုးစားပါဦးမည်။
မျှဝေပေးတဲ့ MC WAI YANကိုကျေးဇူးတင်ပါတယ်။.

Wednesday, December 15, 2010

လက်နက်ချ ဒီကေဘီအေ တပ်မှူးအချို့ စစ်အစိုးရ အရေးယူ ခံရနိုင်သည်ဟု သတင်းထွက်ပေါ်

သတင်း - BNI
ယခု ရက်ပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် ဒီကေဘီအေ တပ်မှူးအချို့ အရေးယူ ခံရနိုင်သည်ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သည့် ကရင် အမျိုးသားတစ်ဦးက ပြောသည်။

စာလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး
စာလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး
“လက်နက်ချ တပ်မှူးတချို့ကို အရှေ့တောင်တိုင်းက ခေါ်ထားတယ်၊ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောနေကြတယ်” ဟု အဆိုပါ ကရင်အမျိုးသားက ပြောသည်။

၎င်းအပြောအရ မြိုင်ကြီးငူဆရာတော်၏ လက်ထောက် ဆရာတော်တပါးက ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူး နော်တရာ အပါအဝင် တပ်မှူး ၄ ဦးတို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ယခုရက်ပိုင်းတွင် လိုက်လံ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

ယနေ့ စစ်အစိုးရထုတ် သတင်းစာများ ရေးသားချက်၌ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊  ချင်းလုံ၊ စောစိန်သန်းနှင့် စိုးမိုးတို့အပါအဝင် စုစုပေါင်း ၅၁ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်ဟု ဖေါ်ပြပါရှိသည်။

အဆိုပါ သတင်းစာ၌ KNU အကြမ်းဖက် သောင်းကျန်းသူ စောလားဘွယ်အဖွဲ့မှ အဖွဲ့ဝင် ၅၁ ဦး အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေ၌ ဝင်ရောက်ခဲ့သည်ဟု ရေးသားဖေါ်ပြခဲ့သည်။

သို့သော် စောလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေးသည် KNU အဖွဲ့ဝင်မဟုတ်ကြောင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ လက်မခံသည့် ဒီကေဘီအေမှ ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာန အသီးသီးတွင် အမြဲမပြတ် ရေးသားဖေါ်ပြနေသည်ကို တွေ့ရှိရသည်။

၁၅ နှစ်ကျော်ခန့် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲ ကျင်းပပြီး နောက်တစ်နေ့၌ မြဝတီနှင့် ဘုရားသုံးဆူမြို့များကို သိမ်းပိုက်ခဲ့သည့်အတွက် စစ်အစိုးရ တပ်ဖွဲ့များနှင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျှက် ရှိနေကြောင်း သတင်းများတွင် ဖေါ်ပြနေသည်။

ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရ သတင်းရေးသားချက်များမှာ လက်နက်ချသည်ဟု အဓိပ္ပါယ်ရှိပြီး လက်နက် အရေအတွက် ဖေါ်ပြထားခြင်း မရှိသဖြင့် စစ်အစိုးရ သတင်းစာဖေါ်ပြသည့် ၅၁ ဦးမှာ လက်နက်မဲ့ လက်နက်ချခဲ့သည်ဟု ယူဆရကြောင်း နယ်စပ် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“ဘုရားသုံးဆူမှာစတင်ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တာ နော်တရာပဲ၊ ဒါကြောင့်သူ့ကို နအဖကနိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲမယ်လို့ပြောဆိုသံတွေထွက်ပေါ်နေတယ်” ဟု ကေအဲန်ယူတပ်မဟာ ၆ မှအမည်မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောသည်။

အလားတူ ယခုလ ၄ ရက်နေ့ထုတ် သတင်းစာများတွင်လည်း ကရင်တောတွင်းလက်နက်ကိုင်အဖွဲ့ ၃၄ ဦး လက်နက်ချခဲ့သည်သတင်း၌ လက်နက်စာရင်းများနှင့်တကွ အသေးစိတ်ဖေါ်ပြထားသည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရသတင်းစာရေးသားချက်တွင် လက်နက်ချသည့် နေရာဒေသများအား အတိအကျ ရေးသားဖေါ်ပြခဲ့ခြင်း မရှိပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေဟုသာ ယေဘူယျသဘောသာ ဖေါ်ပြခဲ့သည်။

လက်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဟု သိရသည်။
.

Tuesday, December 14, 2010

စစ်အစိုးရတပ်များခြေကုပ်ယူထားရာ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို DKBA က သိမ်းပိုက်

သတင်း - ကောင်းဝါ သတင်းဌာန
စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူး စောဆန်းအောင်မှ ပြောပါသည်။


ဒီကေဘီအေ (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောချမုစေး
ဒီကေဘီအေ (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောချမုစေး
“နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။ (၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊ ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့ ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့ ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

ဒီဇင်ဘာလ(၆)ရက်နေ့ ညနေကတည်းကစပြီး ဒီကေဘီအေဘက်မှစတင်ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။

ယခုဆုတ်ခွာသွားသည့် စစ်အစိုးရတပ်ရင်းစစ်ကြောင်းများသည် မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့်ပေါင်းပြီး ဒီကေဘီအေတပ်များကို ပြန်လာ တိုက်ဖို့ရှိကြောင်း ဒီကေဘီအေဘက်မှဆိုပါသည်။

ဒီဇင်ဘာ(၈)ရက်နေ့တွင်လည်း မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာ အနားတွင်ရှိသော စစ်အစိုးရတပ်ခြေကုပ် ယူထားရာ ဗျူဟာကုန်း၊ သံမဏိကုန်း နှင့် ကွန်မန်ဒိုကုန်းကို ဒီကေဘီအေတပ်ရင်း (၉၀၉)  ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ဦးဆောင်သောအဖွဲ့က ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီအထိ မိနစ် (၄၀) ကြာ (၃) နေရာစလုံး တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါတိုက်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးချမုစေးက ပြောပါသည်။

“တပ်ခွဲမှူး စောသန်းထွန်း အဖွဲ့က သံမဏိကုန်းက နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်း (၄၀၄)ကိုသွားဝင်ပစ်တယ်၊ တပ်ခွဲမှူး တာအိုမူး ဦးဆောင်တဲ့အဖွဲ့က ကွန်မန်ဒိုကုန်း နအဖတပ်ရင်း (၄၀၄) ၊ ဒုတပ်ခွဲမှူး ဖားဒိ အဖွဲ့က ဗျူဟာကုန်းက နအဖတပ်ရင်း (၄၀၁) ကို တချိန်တည်းမှာ သူတို့သွားပစ်တယ်”

သို့သော် ၄င်းဝေါ်လေစခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပေ၊၊ နအဖတပ်များသည်၊ နိုဝင်ဘာ (၉)ရက် နေ့ ကတည်းကသိမ်းပိုက်ထားသည့် ဝေါ်လေစခန်းရောက်တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါး များကိုလည်း ကနေ့အထိ မပို့ပေးနိုင်သေးကြောင်းဒေသခံများမှပြောပါသည်။ အကြောင်းမှာ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် အထိအခိုက်အကျအဆုံးများနေသောကြောင့် သွားရောက် မပို့ပေးနိုင်တာဖြစ်သည်ဟု ဒီကေဘီအေဖက်ကပြောပါသည်။
.

Sunday, December 12, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများအရေးနှင့်စပ်လျှင်း၍ ထားရှိသော သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများအရေးနှင့်စပ်လျှင်း၍ ထားရှိသော သဘောထား BDCအားကျေးဇူးတင်ပါတယ်။။

တိုင်းရင်းသားများအရေးနှင့်စပ်လျှင်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ကြေငြာချက်များ၊စာတမ်းများမှ ကောက်နှုတ်ချက်များ

တိုင်းရင်းသားများအရေးနှင့်စပ်လျှင်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ကြေငြာချက်များ BDCအားကျေးဇူးတင်ပါတယ်။။