“ပြီးခဲ့တဲ့
စက်တင်ဘာလတုန်းက တစ်ခါလုပ်ခဲ့ပြီးပြီ။ အခုထပ်ပြီး ကြပ်မတ်စစ်ဆေးဖို့
ညွှန်ကြားထားတယ်။ လိုင်စင်နဲ့ လုပ်တာတွေက သီချင်းဆိုတဲ့ အခန်းတွေပဲရှိတာ။
အနှိပ်ခန်းတွေက ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်လိုတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ နာမည်ကြီးနေသည့် ကေတီဗီ၊ အနှိပ်ခန်းနှင့်
အလှပြုပြင်ရေး ခေါင်းစဉ်တပ်ကာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုအချို့ကို
တွေ့ရှိ လာရခြင်းကြောင့် ယင်းသို့ စီမံချက် ချရခြင်းဖြစ်ကြောင်း၊
ယင်းလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ
မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရဲစခန်း၊
စည်ပင်သာယာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးတို့မှ ဝိုင်းဝန်းဆောင်ရွက်
သွားကြမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် Popular News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
နောက်ဆက်တွဲ သတင်း
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော
အနှိပ်ခန်း အရေအတွက်မှာ ၃၀၀၀ မှ ၃၅၀၀ အကြား ရှိနေနိုင်ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (ရဲချုပ်ရုံး)မှ အကြီးတန်း ရဲအရာရှိတဦး
အဆိုအရ သိရသည်။
ဒုရဲမှူးအဆင့်ရှိ အမည်မဖော်လိုသူ အရာရှိက
လူစည်ကားရာမြို့နယ် ၁၀ မြို့နယ်ခန့်တွင်ပင် အနှိပ်ခန်း ၂၀၀၀ ကျော်
ရှိနေသဖြင့် ရန်ကုန်တိုင်း တတိုင်းလုံးဆိုလျှင် ၃၀၀၀ ထက်
လျှော့နည်းမည်မဟုတ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
"ရဲခန့်မှန်းချက်
စာရင်းမှာ ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းမှာ အနှိပ်ခန်း ၂၅၀၀ ဝန်းကျင်
ရှိနိုင်မယ်လို့ တွက်ထားတာ ရှိတယ်။ အခုလက်ရှိမှာတော့ အောက်ထစ် ၃၀၀၀ ထက်
မနည်းနိုင်ဘူး။ ၃၅၀၀ လောက်အထိ ရှိနိုင်တယ်။ DownTown (မြို့တွင်း) ၆
မြို့နယ်နဲ့ အလုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊
မင်္ဂလာတောင်ညွှန့်မြို့နယ်တွေက အများဆုံးပဲ။ အဲဒီမြို့နယ်တွေမှာတင်
အားလုံးပေါင်း ၂၀၀၀ လောက် ရှိနေတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။
ပုဇွန်တောင်၊
တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်များတွင် တရားမဝင်
အနှိပ်ခန်းများ အများဆုံးဖြစ်ပြီး တမြို့နယ်လျှင် ပျမ်းမျှ
အနှိပ်ခန်းပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း ရဲက ခန့်မှန်းထားသည်။
ရန်ကုန်မြို့အတွင်း
နေရာအနှံ့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လာခြင်းမှာ ဥပဒေပိုင်းအရ
ထိန်းချုပ်ရာတွင် အားနည်းမှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်
ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
"ပြည့်တန်ဆာ ဥပဒေပဲ
ရှိတယ်။ အနှိပ်ခန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ ဥပဒေမရှိဘူး။ ဒီတော့ ပုဒ်မ ၁၈၈
နဲ့ တရားရုံးတင်တယ်။ ပုဒ်မ ၁၈၈ ဆိုတာ အလွတ်သဘောပြောရရင်
အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသော အမိန့်ကို ဖောက်ဖျက်ခြင်းပေါ့။
လမ်းဘေးမှာ အပေါ့အလေးစွန့်တာလည်း ဒီဥပဒေနဲ့ စွဲလို့ရတယ်။ သူက အမြင့်ဆုံး
ထောင်ဒဏ် တလပဲ။ မိန်းကလေးတွေကို ထောင်ချလို့မရဘူး။ ပတ်သက်ဆက်နွယ်မှုနဲ့
အမြင့်ဆုံး ဒဏ်ငွေ ၁ဝဝဝ (ကျပ်) ပဲ" ဟု အဆိုပါ ရှေ့နေက မဇ္ဈိမကို ပြောသည်။
ပုဒ်မ
၁၈၈ ဖြင့် စွဲဆိုပါက တာဝန်ခံဖြစ်သူမှာ အမြင့်ဆုံး ထောင်ဒဏ် တလအထိ
ချမှတ်ခံရနိုင်ပြီး၊ ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်သည်။
ဥပဒေပိုင်းအရ
အားနည်းခြင်းအပြင် စီးပွားရေးအရ ဈေးကွက်ဝင် လုပ်ငန်းသဖွယ် ဖြစ်နေသဖြင့်
အနှိပ်ခန်းများ ပိုမိုတိုးပွားလာနေသည်ဟု ယူဆရကြောင်း အဆိုပါ ရှေ့နေကပင်
ပြောဆိုသည်။
"အန်ကယ် အနှိပ်ခန်းနဲ့ ပတ်သက်တဲ့အမှု လိုက်ဖူးတယ်။
အမှုရင်ဆိုင်နေတုန်းမှာပဲ အနှိပ်ခန်းက ပြန်ဖွင့်နေပြီ။ ပိုင်ရှင်က ပြောတယ်၊
အနှိပ်ခန်းလုပ်တာ ဘယ်လိုပဲ ရင်းနှီးရင်းနှီး ၆ လဆို အရင်းကြေတယ်တဲ့။
တာဝန်ခံလုပ်မယ့် မန်နေဂျာတွေကိုတော့ အဖမ်းခံရရင် နာမည်ခံလုပ်ဖို့
လစာကောင်းကောင်း ပေးထားကြတယ်။ ဥပဒေပိုင်း အားနည်းနေတော့
စီးပွားရေးသမားတွေက လုပ်မှာပဲလေ" ဟု သူက ဆိုသည်။
ကျန်းမာရေးအတွက်
ကုသမှုပေးရန် တရားဝင်လိုင်စင် ချပေးထားသော အကြောဖြေလုပ်ငန်း အချို့မှအပ
အနှိပ်ခန်း အားလုံးလိုလိုမှာ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဥပဒေရေးရာ
ကျွမ်းကျင်သူများက ပြောဆိုကြသည်။
ရန်ကုန်မြို့တွင်
အလှပြုပြင်ရေးအမည်ခံ အသေးစား အနှိပ်ခန်းများကို ရန်ကုန်တွင်
နေရာအနှံ့အပြားတွင် တွေ့နေရသကဲ့သို့ သိန်းရာနှင့်ချီ ရင်းနှီး၍ အထင်အရှား
ဖွင့်လှစ်ထားသော အနှိပ်ခန်းကြီးများလည်း အများအပြား တွေ့နေရပြီး
အမျိုးသမီး ဦးရေ ၅၀ မှ ၇၀ အပြင် အမျိုးသားဝန်ထမ်း ၂၀ မှ ၃၀ အကြားရှိသည့်
အဆိုပါ အနှိပ်ခန်းကြီးများသို့ လူတန်းစား အလွှာအသီးသီးမှ
လာရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
"တချို့က
အခန်းအပြင်အဆင်ရော၊ ဝန်ဆောင်မှုရော အားလုံး ကျေနပ်လောက်အောင် ပေးကြတယ်။
ကျနော်တို့နားက မာဆတ်ဆိုရင် နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အမြဲလာတယ်။
တခါတလေ တိုးရစ် (နိုင်ငံခြားသား ခရီးသွားဧည့်သည်) တွေတောင် အုပ်စုလိုက်
လာကြတယ်" ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
အနှိပ်ခန်းအကြီးအသေးနှင့်
အပြင်အဆင် အနေအထားအပေါ် မူတည်သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ရဲ၊ စရဖ
များသို့ လစဉ် ငွေကျပ် ၅ သိန်းခန့်မှ သိန်း ၃၀-၄၀ အထိ ပေးဆောင်ရခြင်းမျိုး
ရှိသည်။ အနှိပ်ခန်းများ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြခြင်းနှင့်အတူ
အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းများလည်း ပိုများလာကြောင်း တွေ့ရှိရသည်။
"အမှန်အကန်နှိပ်တဲ့
မာဆတ်ဟုတ်မဟုတ်ဆိုတာ သိသာတယ်။ ဒါက မာဆတ်၊ ဒါက မာစွတ်ဆိုပြီး လူငယ်တွေ
ခွဲပြောတဲ့ စကားတောင် ရှိတယ်။ အဲဒီလို အနှိပ်ခန်းနာမည် တပ်ရုံတပ်ထားတဲ့
ဆိုင်တွေကတော့ တနေရာထဲမှာ ကြာကြာမနေဘဲ နေရာပြောင်းပြီး ဖွင့်တယ်။
မြို့ထဲပိုင်းမှာ လမ်းလျှောက်ရင်း ကြည့်သွား။ ဗြူတီဆလွန်းလို့
နာမည်တပ်ထားတဲ့ ဆိုင်းဘုတ်သေးသေးလေးတွေ အများကြီးပဲ။ ၁ဝ ခုမှာ ၈ ခု၊ ၉ ခုက
အနှိပ်ခန်းပဲ" ဟု လသာမြို့နယ်မှ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန်တွင်
အနှိပ်ခန်းလုပ်ငန်းများ စတင်ခေတ်စားလာခြင်းမှာ ၂၀၀၀
ပြည့်နှစ်ကျော်ကတည်းကဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သော
စစ်ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲသွားပြီးနောက် ပိုများလာကြောင်း
ရဲချုပ်ရုံးမှ ဒုရဲမှူးက ဆိုသည်။
"မာဆတ်က ထောက်လှမ်းရေးက စတာပါပဲ။
နယ်မြေအပိုင်အလိုက် ထောက်လှမ်းရေးက လူတွေ ဖွင့်ကြတယ်။
ထောက်လှမ်းရေးမရှိတော့ ခဏပြန်ငြိမ်သွားသေးတယ်။ ၂၀၀၅၊ ၂၀၀၆ နောက်ပိုင်းကျမှ
တဖြည်းဖြည်း ပိုပိုများလာတယ်" ဟု သူက ပြောသည်။
အနှိပ်ခန်းလုပ်ငန်း
တွင်ကျယ်လာခြင်းနှင့် အနှိပ်ခန်း စီးပွားရေးအပေါ် ရန်ကုန်အခြေစိုက်
ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက "တကယ်ကောင်းကောင်းမွန်မွန် ဆားဗစ်ပေးတဲ့
နေရာတွေလည်း ရှိနေတယ်။ နောက် မျက်မမြင်တွေကို ဂျပန်အကြောပညာ သင်ပေးပြီး
တရားဝင်ဖွင့်ထားတဲ့ အကြောပြင်ခန်းတွေ ရှိနေတယ်။ အစိုးရက စည်းမျဉ်းဥပဒေ
အကန့်အသတ်တွေနဲ့ လိုင်စင်ထုတ်ပေးပြီး အခွန်တိတိကျကျ ကောက်လိုက်ရင်
တရားမဝင်၊ တရားဝင်တဲ့ ပြဿနာရှင်းသွားမယ်။ ရဲလာဘ်ထိုးရတဲ့ ငွေက အစိုးရဆီ
ရောက်သွားမယ်။ နောက် အလုပ်လုပ်တဲ့ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်တွေနဲ့
နစ်နာမှုတွေကိုလည်း ဥပဒေနဲ့ ကာကွယ်ပေးလို့ ရသွားနိုင်တယ်" ဟု သူက
သုံးသပ်ပြောဆိုသည်။ .
skip to main |
skip to sidebar
Thursday, December 16, 2010
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
၂ဝ၁၂ မှာ ကမ္ဘာပျက်ကိန်းကြုံမယ်လို့ ပညာရှင်တွေက ဟောကိန်းတွေ ထုတ်ကြ၊ ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း ထိတ်လန့် တုန်လှုပ်ဖွယ်ရုပ်ရှင် တွေကို ရိုက်ြ...
-
သွေးအုပ်စု - O၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။ ၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။ ၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပို...
-
ယနေ့ လူငယ်အများစု အင်တာနက် သုံးကြ၏..။ ၂၀၀၀ ခုနှစ်နောက်ပိုင်း လောက်ကစပြီး မြန်မာနိုင်ငံတွင် အင်တာနက်များအသုံးပြုလာကြပါတယ်. .။အရင်...
-
ဂျပန်နိုင်ငံတွင်ယနေ့ ပြုလုပ်သောJAC ပုံမှန်အစည်းအဝေးသို့ အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှုကင်းသော ရုန်းကန်လှုပ်ရှားရေးအဖွဲ့ (လ...
-
မိတ်ဆွေတို့ ... ကျွန်တော့် ဖခင် ကွယ်လွန်သူ သရုပ်ဆောင် ဒါရိုက်တာ ထွန်းထွန်းနိုင် (ခ) ဦး နောင်ထွန်းလွင် ဟာ ရခိုင် တစ်ဝက် စပ်ပါတယ်...
-
သတင်း - သျှမ်းသံတော်ဆင့်သတင်း သျှမ်းပြည်တပ်မတပ်မတော် တောင်ပိုင်...
-
မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွ...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
Shwe Pa Yit ဒီဝတ္တုတိုထဲကလို.. ပါဝါရိမ်းဂျားကြိုက်တဲ့ကောင်လေးရဲ့... ဖေဖေလို.မျိုး.. တာဝန်သိတဲ့ ဘဘတွေ..၊ တိုးတိုင်းပြည်မှာ များသည်ထက်များလာအေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment