Friday, October 08, 2010

ဂျီတော့ ဘိုင်းရက်မ (ဂျီတော့မှ ကြူတတ်သူများ မဖြစ်မနေ ဖတ်ပေးပါ)



ကျနော့သူငယ်ချင်းတစ်ယောက် .........တကယ်ဖြစ်ပျက် ၀မ်းနည်းပူဆွေးခဲ့ရတဲ့ကိစ္စ
မြို့ပြ  အင်ဂျင်နီယာ ၊ တအားဝင်ငွေကောင်းတယ် ။ အမေ့ကို လုပ်ကျွေးနေတာ ဆိုတော့ မိန်းမလဲမယူဘူး ။ အတွေ့ အကြုံလဲ  မရှိဘူးပေါ့ဗျာ ။အသက်က၃၅။ရုပ်ကတော့ ဆော်ကြည်ဘဲဗျ ။ ကရင် တရုတ်စပ် ဒေါင်ကောင်းကောင်း ရင်အုပ်ကျယ်ကျယ် ၊ မျက်နှာက အာနိုးလို ခပ်တည်တည် ဖြောင့်ဖြောင့်ပဲ ။
အွန်လိုင်းကနေ  အိမ်ပုံစံတွေ ရှာတယ် ။ ဒီဇိုင်းသစ်တွေ မှီငြမ်းတယ် ။ ကွန်ပျူတာဖွင့်တာနဲ့  ဂျီတော့ကို ဖွင့်ပြီးမှ တခြားအလုပ်လုပ်တယ် ။


တစ်နေ့တော့ နာမယ်လှလှလေးနဲ့ကောင်မလေးတစ်ယောက် အက်တယ် ။ လက်ခံလိုက်ပြီး စကားတွေအများကြီးပြောဖြစ်တယ် ။ တစ်ယောက်နဲ့တစ်ယောက် နားလယ်မှုတွေ  နှစ်သိမ့်မှုတွေ ရလာကြတယ် ။ တစ်ပတ်လောက်ကြာတော့ အပြင်မှာတွေ့မယ်လို့ချိန်းကြတယ် ။ ကောင်မလေးက တအားချောတာပဲ ၂၀တောင်မပြည့်သေးဘူး ။ မိဘတွေက အမေရီးကားသွားလို့ အဒေါ်တွေနဲ့နေရကြောင်း ၊တအားချုပ်ချယ်လို့ နှစ်သိမ့်ပေးမယ့် နားလယ်ပေးနိုင်မယ့် သူငယ်ချင်းတစ်ယောက် လိုကြောင်းပြောတော့ ဟိုကောင်ကလဲ  တအားသနားသွားတယ် ။ရုပ်ရှင်သွားကြည့်ကြတယ် ။ညနေမှ  လမ်းခွဲကြတယ် ။ဟိုကောင်ကတော့  အရူးအမဲသားစားမိသလို အချစ်ဆိပ်တက်ပြီး နေ့တိုင်း မတွေ့ရ  မနေနိုင် ဖြစ်လာရော ။ တစ်လလောက်ကြာတော့ ကောင်မလေးက  အဖြေပေးတယ် ။ ဟိုကောင်ကလဲ ရှောက်လည်ပြီး တည်းခိုခန်း သွားဖို့  သူ့ ပါဘလေကာ ကားလေးကို ဦးလှည့်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက ဘီယာဆိုင်ကိုမောင်းခိုင်းတယ် ။ ကောင်မလေးက ဘီယာအတော်သောက်လိုက်တယ် ။နောက်တော့ တည်းခိုခန်းကိုသွား .. မူးနေတော့ ဘာမှမငြင်းဘူး ။
ထုံးစံအတိုင်းပေါ့ .....................။ အခန်းတံခါးလာခေါက်တော့မှ ဖွင့်လိုက်တော့ အသားမည်းမည်း ဘဲတစ်ပွေရယ် ၊ ရပ်ကွက်လူကြီးလို့ပြောတဲ့ လူ ၃ယောက်ရယ် ။ တည်းခိုခန်းမန်နေဂျာရယ် ၀င်လာတယ် ။ ၂ယောက်သားကတော့ အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်ပိုင်း  သဘက်လေးပတ်လို့
အဲဒီတော့မှကောင်မလေးကလဲ  မျက်စိမျက်နှာတွေပျက်လို့ ။ ဟိုဘဲကြီးက x-=x-+x+- ဟေ့ကောင် ကြာကူလီ ငါ့မိန်းမကို မင်းကြာခိုတယ်ပေါ့ ။ပြောလဲပြော  လက်ကလဲ ၀ှီးခနဲဆို ၀ိုက်လက်သီးတစ်လုံး  ပါးရိုးပေါ် ရောက်လာလို့  ပစ်လဲကျသွားပါရော ။အဲ့ဒီတော့မှကောင်မလေးကလဲ
ဟိုဘဲကြီးနားကပ်ပြီး  မောင်ရယ်  နန္ဒာ တအားမူးသွားပြီး  ဘယ်တွေရောက်ကုန်မှန်းမသိတော့ဘူး ။ ဆိုပြီးချွဲတော့တာ ။


တကယ်တော့  နန္ဒာနဲ့  ဟိုဘဲကြီးနဲ့က လက်ထပ်စာချုပ်လုပ်ထားပြီးသား ။ ရပ်ကွက်လူကြီးဆိုတာကလဲ  ဟိုဘဲကြီးခေါ်လာတဲ့ တပည့်  လူမိုက်တွေ ။တည်းခိုခန်းရောက်တာနဲ့ ဖုန်းဆက်ထားပြီး  ဂွင်ရိုက်ကြတာ ။ နောက်ဆုံးတော့  မယားခိုးမှုနဲ့ စွဲရင်  အရှက်လဲကွဲ ထောင်လဲကျမယ် ။ မိခင်အိုကြီးလဲ
စိတ်မချမ်းမသာဖြစ်ရမယ် ဆိုတာတွေးကြည့်ပြီး ပိုက်ဆံပဲ  အရော်ပေးလိုက်တယ် ။ မနည်းဘူး သိန်း၈၀ ။ ချက်ချင်း သူငယ်ချင်းတစ်ယောက်ဆီမှာ ကားသွားပေါင် ၊ နောက် သူငယ်ချင်းတစ်ယောက်ဆီမှာ တိုက်ခန်းကန်ထ၇ိုက်စာချုပ်တွေသွားပေါင်ပြီး  ပေးလိုက်ရတာ ။


နောက် ၁ပတ်လောက်ပဲကြာတယ် ။ ကောင်မက အွန်လိုင်းကနေ  ပြန်ဆက်သွယ်တယ် ။ ဂျီတော့မှာ ......မောင်ရယ်  နန္ဒာက သူများချုပ်ချယ်မှုအောက်မှာ သူများခိုင်းသမျှလုပ်နေရတာပါ ။ မောင်ကုန်သွားတဲ့ သိန်း၈၀ကို  နန္ဒာ  ၁လအတွင်း ၂ဆပြန်ဆပ်ပါ့မယ် ။ ကျမကို  လက်ထပ်လိုက်ပါ ။ အဲ့ဒီလက်ထပ်စာချုပ်နဲ့ ကျမ ရုပ်ရည်နဲ့ဆို နောက် ၃/ ၄ ယောက်လောက် အသာလေး အချဉ်ဖောက်လို့ရသေးတယ် တဲ့လေ ......ရက်စက်လိုက်တာ ထင်ရက်စရာတောင်မရှိဘူး။


ရှေ့ဆက် ဖြစ်သွားတာတွေ 
ကျနော်  မပြောတော့ဘူး ။ သူငယ်ချင်းတို့ဆို ရင်လဲ ဘာဆက်လုပ်မလဲ .....
အဲလိုဖြစ်စဉ်တွေ  အများကြီး  ကျနော်နဲ့  နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ  တကယ်ဖြစ်ခဲ့တာပါ ။တချို့လဲ  အသက် ၇၀လောက်  အဘိုးကြီးတွေ (သားသမီးတွေတောင် တက္ကသိုလ်ရောက်နေပြီ ) အကြူလွန်လို့  ချူခံရတာ ။ ဘယ်သူမှလဲ  ထုတ်မပြောရဲ ။ အရော်အစားနဲ့  နှုတ်ပိတ်လိုက်ရတယ် ။အားလုံးက  အဲ့လို  ပုံစံ  အတိုင်းခံကြရတာ ။

ဒီတော့  ကျနော်မှာချင်တာက  ကြူလိုက်လို့  အပြင်မှာချိန်းတွေ့ကြတယ် ။ အလိုတွေလိုက်တယ် ဆိုတိုင်းလဲ သိပ်ပျော်မနေကြပါနဲ့လို့ ............



ပြောင်ကြီး zawwinchina@gmail.com

0 comments: