Friday, October 08, 2010

ရွှေဝါရောင်တော်လှန်ရေး ဦးထာဝရ၏ နအဖ ၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်ရေး ဂျပန်နိုင်ငံရှိနိုင်ငံရေးအဖွဲ့ အစည်းများနှင့်တွေ့ ဆုံဆွေးနွေးပွဲ

လေးစားအပ်သော ဂျပန်နိုင်ငံရှိ အမိမြန်မာပြည် ဒီမိုကရေစီရရှိရေး အဖက်ဖက်မှကြိုးစားနေကြသော အဖွဲ့ အစည်း အသီးသီးများနှင့် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းသူပြည်သားများဘက်မှ ရဲရဲဝံ့ ဝံ့ ရှေ့ တန်းမှနေ၍ အသက်ကို ပဓါနမထားဘဲ သံဃာတော်များနှင့်ပြည်သူပြည်သား ကျောင်းသားများအား ဖိနှိပ်သတ်ဖြတ်ခဲ့သော နအဖ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဦးဆောင်ခဲ့သော အရှင်ထာဝရသည် ဂျပန်နိုင်ငံရှိ ဗုဒ္ဓြွဘာသာ အဖွဲ့ အစည်းများ၏ ဖိတ်ကြာချက်ဖြင့် ဂျပန်နိုင်ငံ တိုကျို၊ အိုဆာကာ၊ နာဂိုယာ၊ ခိယိုတို၊ ဂိဖု၊ မိအဲ အပါအဝင်မြို့ ကြီး၎မြို့ တွင် သံဃာတော်များ၏အခြေအနေနှင့် နအဖ၏ ပြည်သူပြည်သားများအပေါ် ဖိနှိပ်နေမှု၊ လွတ်လပ်၍တရားမျှတမှုမရှိသော ၂ဝ၁ဝ ရွေးကောက်ပွဲ အသိအမှတ်မပြု ရေး၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြို့ ကြီးများရှိ ဂျပန်ပြည်သူများ၊NGO၊ လူ့ အခွင့်အရေးအဖွဲ့ အစည်များအား လှည့်လည်စည်းရုံးရေးဆင်းကာ၊ ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီရေးဆောင်ရွက်နေကြသော အဖွဲ့ အစည်းအားလုံးနှင့်အတူ ၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့် ကျင်သပိတ်မှောက်ရေး တွေ့ ဆုံဆွေးနွေးရန် ဖိတ်ကြားအပ်ပါသည်၊၊ 
ကျင်းပမည့်နေ့ ရက်၊၊ ၊၊ ၁ဝ ရက်၊ အောက်တိုဘာ၊ ၂ဝ၁ဝ ခုနှစ် (တနင်္ဂနွေနေ့ ) 
ကျင်းပမည့်အချိန် ၊၊ ၊၊ ညနေ ၆းဝဝ နာရီမှ ည ၉းဝဝ နာရီအထိ
ကျင်းပမည့်နေရာ ၊၊ ၊၊ အိုဆုက ခန်းမ ((MINAMI OOTSUKA - DAI- 1 Hall ) 
ဆက်သွယ်ရန် ၊၊ ၊၊ ဝ၈ဝ-၃၁၅၅-၆၄၁၇ 
အရှင်ထာဝရ ( အတွင်းရေးမှူး ) မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ 

0 comments: