Wednesday, October 06, 2010

ဒို့ခေတ်ရောက်မှ အပျိုစင်ရှားသွားပြီလား????

ချမ်းမြေ့ အခုစာကိုရေးဘို့အတွက် အချိန်အတော့်ကိုစဉ်းစားရပါတယ်။

ဒါပေမယ့် ရေးသင့်တယ်ထင်လို့ရေးလိုက်တာပါ။ ချမ်းမြေ့တို့ နိုင်ငံက
ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံပါ ။ ဒါမှမဟုတ်ရင်
တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးနေတဲ့ ၊ ကျင့်သုံးဆဲဖြစ်တဲ့
နိုင်ငံတစ်နိုင်ငံဆိုလည်းမမှားပါဘူး .......။

ချမ်းမြေ့ဆိုလိုချင်တာက အရွယ်ရောက်ပြီးတဲ့ ညီငယ် ၊ ညီမငယ်တွေ ဟာ
ကိုယ့်ဘ၀လက်တွဲဖော်ကိုရွေးချယ် ရှာဖွေ
လာတာ ဓမ္မတာလို့ဆိုလည်းရပါတယ် ။ တစ်ယောက်မကောင်းလို့တစ်ယောက်ပြောင်းချစ်တာလည်း
မဆန်းပါဘူး ။
ဒီခေတ်ရော ဟိုး........ချမ်းမြေ့တို့ဘိုးဘွားဘီဘင်ခေတ်ကရော ရွေးချယ်လာကြတာဘဲလေ


မြန်မာမိန်းမလေးနဲ့ယောက်ျားလေးမှာဆိုရင် ပိုအရေးကြီးတာက မြန်မာမိန်းကလေးတွေပါဘဲ
။ ဟိုးအစဉ်အဆက်ကတည်းကမိန်းကလေးတွေဟာ အိမ်ထောင်မကျခင်မှာ သူတို့ရဲ့ အပျိုစင်
တန်ဖိုး မပျက်စီးအောင် ဂရုစိုက်ပြီး ထိန်းသိမ်းကြတယ်။တန်ဖိုးထားကြတယ် ။
အဲဒီအချက်က မြန်မာတင်မက ကမ္ဘာမှာပါ မြန်မာမိန်းကလေး တွေရဲ့ ကိုယ့်ကျင့်တရားနဲ့
တန်ဖိုးကိုအသိအမှတ်ပြုတာခံခဲ့ရတယ်လေ ။ ချမ်းမြေ့တို့ မေမေတို့ခေတ်တွေ ၊ မမတို့
ခေတ်တွေမှာ မိန်းကလေးတစ်ယောက်ကကိုယ့်ရည်းစားထားတာတောင် သုံးနှစ်သုံးမိုး
လေ့လာပြီးမှ အဖြေပေးပြီး လက်ခံခဲ့ရတာ။ စကားပြောရင်လည်း လူကြီးကြောက်ရ
သူများမသိအောင်ခိုးတွေ့ရနဲ့ သည်းထိပ်ရင်ဖို ဘဲလို့မေမေက ခဏခဏ ပြောတာ
ကြားခဲ့ဖူးတယ် ။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ တိုးတက်လာတဲ့ခေတ်ထဲမှာ ကိုယ်ကျင့်တရားတွေ ၊
တန်ဖိုးတွေ ၊ထိုးကျကုန်တာကို ချမ်းမြေိ့စိတ်မကောင်းစွာတွေ့နေရတယ်။
အွန်လိုင်းမှာစကားပြော ၊ အပြင်မှာတွေ့ ၊ နောက်နေ့ချစ်သူဖြစ် ဆိုသလို
ဖြစ်နေကြတယ်။အမှန်အကန်ချစ်သူဖြစ်ပြီး ညားသွားတဲ့သူတွေရှိသလို ၊
အကြံအဖန်နဲ့တွေ့ပြီး အပျိုရည်ပျက်ခဲ့တဲ့ သူတွေလည်း တွေ့ခဲ့ ရတယ်လေ ။ ဒါတွေက
အင်တာနက်ကနေချစ်သူဖြစ်ကြတဲ့သူတွေရော ၊ အပြင်ဘက်မှာရင်းနှီး မှုကနေပြီး
ချစ်သူဖြစ်သွားတဲ့သူတွေလည်းပါတယ်လေ။

ချမ်းမြေ့ပြောချင်တာက ဘယ်မှာတွေ့တွေ့ ၊ ဘယ်လိုဘဲ ချစ်မိချစ်မိ ၊
မြန်မာမိန်းမကလေးတွေ ရော ၊မြန်မာယောက်ျား လေးတွေ
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကြစေချင်ပါတယ် ။
ဘာဖြစ်လို့လည်းဆိုတော့ခေတ်တင်တိုးတက်တာမဟုတ်ဘူး ရောဂါဆန်းတွေလည်း
တိုးတက်နေကြတယ်လေ။ အမှတ်မထင် တဒင်္ဂသာယာမှုနောက်ကနေပြီး မဆုံးတော့တဲ့အမိုက်
မှောင်ထဲကို တိုးဝင်မိကြမှာစိုးလို့ သတိပေးတာပါ။

ချစ်သူများနေ့မှာဆိုရင်လည်း အမှန်တစ်ကယ် ချစ်သူချင်း တစ်ယောက်နဲ့တစ်ယောက်
မထင်မှတ်တဲ့လက်ဆောင်လေးတွေ ပေးကြ ၊ ချစ်စကားတွေ တွတ်ထိုးကြနဲ့ ဆိုရင်
ဘယ်လောက်ကြည်နူးဘို့ကောင်းမလဲ ၊ ဒါပေမယ့် ခုခေတ်မှာ ဒီတင်မရပ်တော့ဘဲနဲ့
အဲဒီနေ့မှာကောင်လေးအချို့ကကောင်မလေးအချို့ကို ဘယ်တော့မှမမေ့အောင် တန်ဘိုးထားတဲ့
လူပျို ၊ အပျိုဘ၀တွေ ပေးဆပ်ဘို့ စကားတွေဆိုကြတယ် ၊
ကောင်မလေးတွေကလည်းလိုက်လျောတယ် ၊ မယုံမရှိနဲ့
.........မြို့ရဲ့တည်းခိုခန်းတော်တော်များများမှာဆို အဲဒီနေ့တွေ့မှာ
အခန်းလွတ်မရှိဘူးလို့တောင် ချမ်းမြေ့သူငယ်ချင်း
ဟိုတယ်က ၀န်ထမ်းတစ်ယောက်ကပြောဘူးတယ်လေ။ ဒါတွေက ယာယီတော့ တစ်ယောက်နဲ့တစ်ယောက်
ချစ်လို့ ၊ လိုက်လျောတယ်ဆိုပေမယ့် အဲဒိလိုဖြစ်သွားကြတဲ့ အတွဲတွေထဲမှာ
အမှန်တစ်ကယ်ပေါင်းဖက်နိုင်ကြတဲ့အတွဲတွေက လက်ချိုးရေလို့တောင် ရတယ်လေ။
နောက်ပိုင်းဖြစ်လာတဲ့ပြသနာအများအပြားကိုရင်ဆိုင်ရတာက ကာယကံရှင်တွေပေါ့။

အဆိုးဝါးဆုံးက မိန်းမလေးတွေလေ ။ သူတို့ပေးအပ်လိုက်တဲ့သူက
သူတို့ကိုလက်မခံတဲ့အချိန်ကျတော့ နောင်တရလည်း
ပြန်ပြီးနဂိုအနေကိုပြန်မရောက်တော့ဘူးလေ။ စဉ်းစားစေချင်ပါတယ် ။
ယောကျာ်းလေးတွေကလည်း သူတို့ဘယ်လောက် ဘဲ ရှုပ်ခဲ့ရှုပ်ခဲ့
သူတို့လက်ထပ်မဲ့သူတို့သမီးလောင်းကိုကျတော့ အပြစ်ကင်းစေချင်တဲ့သူတွေကများတယ်လေ။
နောက်ပြီး
ကမ္ဘာမှာနာမည်ရခဲ့တဲ့ မြန်မာမိန်းကလေးတွေရဲ့ကိုယ်ကျင့်တရားနဲ့ သိက္ခာတန်ဖိုးကို
ပျိုမေ တို့အလှည့်ရောက်မှ ငါတို့တိုင်းပြည်နဲ့ ဘာမှမထူးပါဘူးကွာ ၊
မြန်မာမိန်းမကလေးတွေလည်း ဆယ်ယောက်တစ်ယောက် အပျိုစစ်ရဘို့ခဲယဉ်းပါ တယ်လို့
ပြောတာခံ၇ဘို့ နီးစပ်နေပါပြီ ။

အ၀တ်အစားနဲ့ကြည့်ကြည့် နေတာထိုင်တာနဲ့ကြည့်ကြည့် တစ်ချိန်က
မြန်မာဟာအမျိုးသမီးကို ဂုဏ်ပြုတဲ့ အမိ နိုင်ငံတော်လို့တင်စားခံခဲ့ရပါတယ် ။
ပုခတ်လွဲတဲ့လက်တွေ ကမ္ဘာကိုကိုင်လှုပ်မယ်ဆိုတဲ့စကားတွေကလည်း အလကား မဟုတ်ပါဘူး
။မြန်မာမိန်းကလေးတွေရဲ့ ကိုယ်ကျင့်တရားနဲ့သိက္ခာကိုစန်းတင်ပြီးပြောခဲ့တာပါ။
အနေအထိုင် ၊ အပြော အဆို ၊ယဉ်ကျေးမှုကအစ ထင်ရှားခဲ့တဲ့မြန်မာဟာ
ယနေ့ခေတ်ရောက်မှကိုယ်တွေခေတ်ရောက်မှ သူများလက်ညှိုး ထိုး
ခံရမယ့်အဖြစ်ကိုမရောက်စေချင်ဘူးလေ။ မြန်မာမိန်းကလေးတွေ တိုးတက်ကြစေချင်ပါတယ်။
ခေတ်မီကြစေချင်ပါတယ် ။ ကမ္ဘာတစ်ဝန်းက လူတွေနဲ့ရင်ဘောင်တန်းပြီး
ယှဉ်ပြိုင်စေချင်ပါတယ် ။ ဒါပေမယ့် ဒါတွေကသိက္ခာရှိရှိနဲ့ ကိုယ့်ကိုယ်
ကိုယ်တန်ဖိုးထားပြီး ယှဉ်ပြိုင်စေချင်တာပါ။ နိုင်ငံတစ်ကာယဉ်ကျေးမှုအတုခိုးပြီး
ပေါင်အထက်နဲ့ ရင်တစ်ဝက် ၀တ်စား ခြင်းနဲ့ living together
စနစ်ကခေတ်မီတာမဟုတ်ဘူး၊ ထင်ပေါ်အုန်းတော့ စင်တော်ကကောက်မှာ မဟုတ်ဘူးဆိုတာကိုတော့
ပျိုမေတို့ သတိချပ်ဘို့အချိန်ကိုရောက်နေပြီ တင်ပါတယ်နော် ။

ချမ်းမြေ့ရေးတဲ့စာနဲ့ပတ်သက်ပြီး ပြောချင်တာများရှိရင်
ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ် ။ စိတ်ထဲ၌ဖြစ်ပေါ်သော
ခံစားချက်များကိုရေးသားခြင်းဖြစ်၍ တစ်စုံတစ်ခုသောအကြောင်းအရာနှင့်
ပတ်သက်ဆက်နွယ်မှုမရှိပါ ။ အကယ်၍ ဤစာနှင့်ပတ်သက်ပြီး မကျေနပ်တာများရှိရင်လည်း
ချမ်းမြေ့ကြောင့်သာဖြစ်ပါသည် ။

ကျေးဇူးတင်ပါတယ်နော်။

ချမ်းမြေ့

မြန်မာချစ်သူများဆိုဒ်မှာ ချမ်းမြေ့သာတင်ထားတဲ့ ပို့စ်လေးကို သဘောကျလို့
အားလုံးကိုဝေမျှပေးလိုက်ပါတယ်။ 
.

0 comments: