Saturday, October 30, 2010

မတရားသည့်၂၀၁၀ရွေးကောက်ပွဲဥပဒေကန့်ကွက်ခြင်းနှင့်၊မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား(ဂျပန်) ရုပ်သံမှတ်တမ်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ(၃၀)ရက်။

မတရားသည့် ၂၀၁၀ရွေးကောက်ပွဲ ဥပဒေကန့်ကွက်ခြင်းနှင့်၊ မေ(၃၀)ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး (၈၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင်  ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။    

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင်စစ်အစိုးရမှ စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လွတ်ခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန်နှင့် စစ်အဏာရှင် စနစ်ကို သက်ဆိုးရှည်စေမည့် တရားမျှတမှုမရှိသည့် ၂၀၁၀ရွေးကောက်ပွဲ ကိုပါ ဆန့်ကျင် ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။    

ယနေ့တိုက်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း  ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံ တိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။ကေသီသိန်း

0 comments: