Thursday, October 28, 2010

ရွေးကောက်ပွဲ ကန့်ကွက်သီချင်းခွေ ကချင်ကျောင်းသားများ သမဂ္ဂမှ ဖြန့်ဝေ

Tဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 27 ရက် 2010 ခုနှစ် 
ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန
ပြည်ပရောက် ကချင်လူငယ်များ သီဆိုထားသော ရွေးကောက်ပွဲ ဆန့်ကျင်သည့် တေးသီချင်းခွေကို ကချင်ပြည် မြစ်ကြီးနားမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂၇ရက်နေ့ ဖြန့်ချီနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ (AKSYU) အဖွဲ့ ဥက္ကဋ္ဌ မောင်လီယိုနာဒ် ပြောသည်။
anti-election-song2“RAWT” (ထကြပါစို့) ခေါင်းစဉ်ဖြင့် ပြည်သူလူထုအားလုံး စစ်အစိုးရမှ ရွှေခင်းလမ်းဖြင့် အမှောင်ကို ခေါ်သွင်းနေသည့် ရွေးကောက်ပွဲအား ဆန့်ကျင် ကြရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ နိုးကြားထကြပါစို့ဟု တိုက်တွန်းထားသည့် စာသားများဖြင့် သီဆိုထားသော တေးသီချင်းခွေ ဖြစ်သည်။

ကျွန်စနစ်၊ ထကြစို့၊ ကြက်ခြေခတ်အမှတ်အသား၊ ယနေ့သိရမည်၊ ပင်လုံကို မျှော်လင့်၊ သိသင့်သည် (ရှမ်းဘာသာ)၊ အခွင့်အရေးအနည်းငယ်ပေး မြူဆွယ်လိမ်ညာ (ရ၀မ် ဘာသာ) ခေါင်းစဉ် တေးများဖြင့် ပြည်ပရောက် ကချင်လူငယ်များ သီဆိုထားသည်။

“စစ်မှန်သော ကချင်ပြည်နယ်အား မျှော်လင့်လျက် ကချင်လူမျိုးများ နှစ်ပေါင်း အတန်ကြာ ငြိမ်းချမ်းရေး အဖြေရှာခဲ့၊ သို့သော် အခု စစ်အာဏာရှင် အုပ်စိုးနေ အခြေခံဥပဒေရေးကာ မြန်မာစစ်အစိုးရကို ပံ့ပိုးရန် ရွေးကောက်ပွဲ အခု ရောက်လာ မျိုးချစ်ပြည်ချစ်တွေ သင်စိတ်နိုးကြွသင့်ပြီ ကြက်ခြေခတ် အမှတ်သင် သင့်စိတ်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် အခွင့်အရေးပိုက် ရွေးကောက်ပွဲ အမြုတေသစ်တွင် ကျွန်ုပ်တို့ အားလုံးမှာ အခွင့်အရေးရှိ ခုကန့်ကွက်သွားရန်လို အားလုံးကန့်ကွက်သွားကြစို့” ဟု တေးသီချင်းဖြင့် သီဆိုထားကြသည်။

“၂၀၀၈ ခုနှစ် တရားမဝင် အတင်းအဓမ္မ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဥပဒေကို နိုင်ငံတော်မှာ အသုံးဝင်ဖို့ လုပ်လာတဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး၊ အဲတာကြောင့် ဒီရွေးကောက်ပွဲ ဆန့်ကျင်ရမယ် ဆိုတဲ့ သီတင်းစကားပြည်သူတွေကို ပေးချင်လို့ လုပ်ရတာပါ” ဟု မောင်လီယိုနာဒ်မှ ပြောသည်။

အခွေပါ ပင်လုံကို မျှော်လင့်လျက် သီချင်းနှင့် ပတ်သတ်၍ လီယိုနာဒ်က “ပင်လုံစာချုပ်ကို ကျွန်တော်တို့က စွဲကိုင်တယ် အမျိုးသား ကိုယ်ပိုင် ပြဌါန်းချက် တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖယ်ဒရယ်ပြည်ထောင်စုကို လိုလားတယ်” ဟု ပြောသည်။

ကချင်၊ ရှမ်းသံစဉ်ဖြင့် သီဆိုထားသော ယင်းခွေအား  အင်တာနက် အွန်လိုင်းပေါ်တွင် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ဖြန့်နေပြီး သီချင်းခွေအား ကချင်ပြည်တွင်းတွင် ယနေ့မှ စတင်ကာ အခွေ ၁၀၀၀ ခန့် အခမဲ့ ဖြန့်ဝေနေခြင်း ဖြစ်သည်။

AKSYU အဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကတည်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်း၊ လူထုအား ပညာပေးဟောပြောခြင်းများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။

“သီချင်းတွေနဲ့ဆို ပိုကျုယ်ကျယ်ပြန့်ပြန့် ဖြစ်တာပေါ့ ပိုပြီး ထိရောက်တာပေါ့ ကချင်လူထုက လူတော်တော်များများ သီချင်းဝါသနာ ပါတယ်” ဟု လီယိုနာဒ် ဆက်ပြောသည်။
.

0 comments: