Thursday, August 26, 2010

နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူ ညီအကိုမောင်နှမများအားလုံးသို့ ပန်ကြားချက်

နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူ ညီအကိုမောင်နှမများအားလုံးသို့ ပန်ကြားချက် Globa Action Campaign to BOYCOTT SPDC's Nov 7 Sham Elections 
  နအဖစစ်အုပ်စုရဲ့ ၂ဝဝ၈ ညောင်နှစ်ပင်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဆွေစဉ်မျိုးဆက်ဆက်ခံသွားနိုင်ဖို့ အကွက်ချထားတဲ့ ဥပဒေဖြစ်တယ်။ ပြည်သူလူထုကိုယ်စားလှယ်တွေက လူထုအကျိုးစီးပွားအတွက် ရေးသားထားတဲ့ဥပဒေ မဟုတ်ဘူး။ နအဖစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲတခုကို နိုင်ငံတကာစံချိန်၊ စံနှုန်းနဲ့အညီ တာဝန်ယူကျင်းပပြုလုပ်နိုင်လောက်အောင်ဂုဏ်သိက္ခာရှိ တဲ့သူတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူး။ နအဖခိုင်းသမျှ လုပ်ပေးနေရတဲ့ အရေခြုံကော်မရှင်ဘဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုရဲ့ ကြံ့ဖွတ်ပါတီဆိုတာဟာ ပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ဖို့ ပြည်သူလူထုက ယုံကြည်ကိုးစား တဲ့သူတွေပါဝင်ထားတဲ့ အဖွဲ့အစည်းတခုမဟုတ်ပါဘူး၊ စစ်ယူနီဖောင်းချွတ်ဟန်ပြထားတဲ့ အာဏာရူးစစ်အုပ်စုအသိုင်းအဝိုင်းက ဂုတ်ပေါ်ခွထိုင်ထားပြီး ရာသက်ပန်အတ္တကိုယ်ကျိုးစီးပွားတခုတည်း ဖော်ဆောင်ဖို့စိုင်းပြင်းနေတဲ့ လူလိမ်လူကောက် လူသတ်သမား၊ အကြမ်းဖက်သမားတွေရဲ့ ပါတီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့နအဖစစ်အုပ်စုရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲဆိုတာ အကြမ်းဖက်လူသတ်သမား စစ်အုပ်စုကို တရားမဝင် အာဏာသိမ်းစစိအစိုးရ အဖြစ်က ရွေးချယ် တင်မြှောက်ခံ တရားဝင်စစ်အစိုးရဖြစ်ဖို့ အကွက်ချထားတဲ့ အတုအယောင်ရွေးကောက်ပွဲပဲဖြစ်တယ်ဆိုတာ ဘာမှ သံသယဖြစ်စရာမလိုဘူး။ နအဖပေးမှ ဒီမိုကရေစီဆိုတာရနိုင်မှာမို့ နအဖပေးသလောက်နဲ့ ယူကြစို့ဆိုတဲ့ အယူအဆသမားတွေ ရွေးကောက်ပွဲနီးလာလေ အသက်ရှုကြပ်လေဖြစ်နေပြီဆိုတာ ကိုလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ ရွေးကောက်ပွဲမစခင်ကတည်းက နအဖထားရာနေ စေရာသွား ခိုင်းတာလုပ်နေရတဲ့ အတိုက်အခံပါတီကိုယ်စားလှယ်တွေဟာ ရွေး ကောက်ပွဲပြီးသွားတဲ့အချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်လို့ ဘုရားစူး သက်သေပြနိုင်ဖို့ ရုပ်ပြကောင်အဆင့်နဲ့ပဲ ဇာတ်သိမ်းသွားမှာပဲဆိုတာကိုလည်း မြင်နေရပါတယ်။ ဒါကြောင့်မို့ နအဖစစ်အုပ်စုရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး၊ ဘယ်လိုအကြောင်းနဲ့မှ အသိအမှတ်မပြုနိုင်ဘူး၊ ကြံ့ဖွတ်ပါတီ ကို ဘယ်လိုမှ မဲမပေးဘူး။ နအဖစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကမ္ဘာအနှံ့ ဆန့်ကျင်ကန့်ကွက်ပွဲတွေဖော်ထုတ်ကြပါစို့-။  
လျာထားသတ်မှတ်ရက်- ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။ (နအဖ အာဏာသိမ်းနှစ်ပါတ်လည်နေ့)  
ခေါင်းစီး- Boycott to Burma spdc's sham elections,  
လှုပ်ရှားမှုအသွင်သဏ္ဍန်- စီတန်းလှည့်လည်ဆန္ဒပြပွဲ၊ သရုပ်ပြပွဲ၊ ဆွေးနွေးပွဲ  

(မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် အဆင်ပြေနိုင်သည့် လှုပ်ရှားမှုမျိုးကို ပြုလုပ်ရန်ဖြစ်ပါသည်၊ ဥပမာ
ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဆောက်အဦးရှေ့နှင့် လူစည်ကားရာအရပ်များကို ဖြတ်သန်း၍ စီတန်းလှည့်လည်ခြင်း၊ ဂျပန်ပြည်သူလူထုမှ
ဂျပန်အစိုးရအား နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်လှုံ့ဆော်တောင်းဆိုသည် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဂျပန်နိုင်
ငံရောက်မြန်မာနိုင်ငံသားများမှ မိမိတို့၏ အမည်၊ ဓာတ်ပုံ၊ နေရပ်လိပ်စာ တို့ကို ဖော်ပြလက်မှတ်ထိုးထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို
အသိမပြုရန်တောင်းဆိုသည့်စာများကို ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ တရုပ်၊ရုရှား၊ အိန္ဒိယ၊
တောင်အာဖရိက သို့ ပေးပို့ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။)  
 

အမိမြန်မာနိုင်ငံ၏ အရေးကိစ္စနှင့်ပါတ်သက်၍ စုစည်းညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကြမည့်အဖွဲ့အစည်းများ အနေနဲ့ အမည်စာရင်းနဲ့ဆက်သွယ်ရန် မေးလ် တို့ကို ပေးပို့ကြပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါသည်။ ဆက်သွယ်ရန်- thanswe@gmail.com, lwinaungsoe@gmail.com သဘောတူညီချက်ရထားပြီးဖြစ်သည့် ဂျပန်နိုင်ငံရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်လိပ်စာတို့ကို စာမျက်နှာ (၂) တွင် ဖော်ပြထား ပါသည် ထပ်မံပါဝင်လာသည့် အဖွဲ့အစည်းများနှင့် နိုင်ငံများကို ချက်ခြင်း updateလုပ်၍ဖော်ပြမည်ဖြစ်ပါသည်။ (၁)ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
Participating Parties
1. Arakan League for Democracy (ALD Exile-JP)
2. Burma Democratic Action Group (BDA Group)
3. Chin National Community (CNC-Japan)
4. Democratic Federation of Burma (DFB)
5. Kachin National Organization, Japan (KNO-JP)
6. Kachin State National Congress for Democracy (Liberated Area-Japan)
(KNCD (LA-JP)
7. Karen National League (KNL-JP)
8. Karen National Union – Japan (KNU-JP)
9. Naga National Society (NNS)
10. National Democratic Front (Burma) (NDF (B) Representative for Japan
11. Palaun National Society (PNS)
12. Punnyagari Mon National Society (PMNS)
13. Shan Nationalities for Democracy - Japan (SND-JP)
14. Shan State Nationalities for Democracy - Japan (SSND-JP)
15. Confederation of National Youth for Burma (Japan Branch) (CNYB (JB)
16. Save Burma
17. Peaceful Burma

(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
(၃) မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်၊ ဂျပန်
(၄) မြန်မာနိုင်ငံသား အလုပ်သမားများသမဂ္ဂ၊ ( FWUBC)
(၅) မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဂျပန်၊ ( FTUB )
(၆) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဂျပန်ဌာနခွဲ။ ( DPNS Japan)
(၇) ဟော်တယ်နှင့်စားသောက်ဆိုင်လုပ်သားများ သမဂ္ဂ၊ ဂျပန်။
(၈) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၊ နိုင်ငံခြားရေးရာကော်မတီ။ ( ABFSU)
(၉) မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ၊ ဂျပန်။
(၁ဝ) အလင်းအိမ်မဂ္ဂဇင်း၊ ဂျပန်။
(၁၁) အဟာရ စာစောင်။ ဂျပန်။

0 comments: