Sunday, July 11, 2010

၆၃နှစ်ပြည့်အထိမ်းအမှတ် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးအလှူဒါန ပြုလုပ်မည်။

၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မြန်မာပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်ခဲ့သည့်..အစည်းအဝေးများ ကျင်းပရာ ၀န်ကြီးများရုံးတွင် မြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၀န်ကြီးများဖြစ်သောသခင်ြမ ၊ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင်၊ ဦးဘ၀င်း ၊မန်းဘခိုင် ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း ၊ဦးအုန်းမောင် ၊ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေး တို့ လုပ်ကြံခံခဲ့ရ ပါသည်။အာဇာနည် နေ့ထူးနေ့မြတ်ကို နောင်ခေတ်အဆက်ဆက် မမေ့ သင့်ကြပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲမှ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းခဲဘွယ်များဆက်ကပ်လှူဒါန်း မည်။အဖွဲ့ချုပ်အဖွဲ့ဝင်များ ကုသိုလ်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်စေရန် တဦးလျှင်ဆွမ်းတပွဲ ပါဝင် လှူဒါန်းနိုင်ပါကြောင်းနှင့် ဆွမ်းကျွေးတရားတော်ကြားနာ ကုသိုလ်ယူနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။  
ကျင်းပမည့်နေ့   ။ ။၁၉-ဇူလိုင်-၂၀၁၀  
ကျင်းပမည့်အချိန်။ ။ မနက် ၉း၃၀ မှ နေ့လည် ၂နာရီ အထိ  
ကျင်းပမည့်နေရာ။ ။ နာဂအိတဘရှိ မြန်မာဘုန်းကြီးကျောင်း
မြေပုံလမ်းညွှန်
 

0 comments: